#World_Science
Published 15 December 2024
▪️ တစ်နေကုန် ပင်ပန်းခဲ့ရလို့ အေးအေးဆေးဆေးလေး ရေချိုးပြီး အနားယူချင်ပေမယ့် အချိန်မရှိသူများအတွက် ဂျပန်အင်ဂျင်နီယာတွေက စက်ပစ္စည်းတစ်ခု ဖန်တီးလိုက်ပါတယ်။
▪️ Mirai Ningen Sentakuki လို့ခေါ်တဲ့ လူသားဆေးကြောသန့်စင်စက်ကို အိုဆာကာအခြေစိုက် Science Co., ကုမ္ပဏီက ဖန်တီးထားတာဖြစ်ပြီး AIနည်းပညာများဖြင့် ဆန်းစစ်ကာ ခန္ဓာကိုယ်ကို ဆေးကြောအခြောက်ခံပေးမှာ ဖြစ်ပါတယ်။
▪️ ဒီစက်ပစ္စည်းဟာ အဝတ်လျှောက်စက်နဲ့ အလုပ်လုပ်ပုံဆင်တူပြီး လူ့ခန္ဓာကိုယ် ဆေးကြောခြင်းကို ၁၅ မိနစ်ခန့်ဖြင့် ပြီးဆုံးအောင် လုပ်ပေးမှာဖြစ်ပါတယ်။
▪️ ထိုစက်ဟာ တိုက်လေယာဉ်မှ လေယာဉ်မှူးအခန်းနဲ့ ဆင်တူပြီး ဂျပန်နိုင်ငံ အိုဆာကာခန်ဆိုင်းပြပွဲမှာ ပြသသွားမှာဖြစ်ကာ လူအယောက် ၁ ထောင်ခန့် စမ်းကြည့်နိုင်ဖွယ် ရှိပါတယ်။
▪️ ပလတ်စတစ်အခန်းထဲ ဝင်လိုက်တာနဲ့ တဝက်လောက်ကို ရေနွေးတွေဖြည့်မှာဖြစ်ပါတယ်။
▪️ လေပူဖောင်းငယ်များ ပါဝင်တဲ့ ရေပန်းများထုတ်လွှတ်ကာ ပူစီဖောင်းများ ပေါက်ထွက်ရာကနေ အရေပြားပေါ်မှ အညစ်အကြေးများကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။
▪️ လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းတွေကိုလည်း အဆိုပါနည်းလမ်းအတိုင်း သန့်စင်သွားနိုင်ပါတယ်။
▪️ အဆိုပါ လူသားဆေးကြောသန့်စင်စက်ဟာ ခန္ဓာကိုယ်သာမက စိတ်ကိုလည်း သန့်ရှင်းစေမှာဖြစ်တယ်လို့ Science Co.က ပြောပါတယ်။
▪️ ဆေးကြောသန့်စင်ရာမှာ ထိုင်ခုံမှာရှိတဲ့ လျှပ်တိုင်တွေက ရေချိုးသူရဲ့ ဇီဝအချက်အလက်များကို ရယူကာ ရေအပူချိန်ကို ထိန်းညှိပေးတဲ့အပြင် စိတ်တည်ငြိမ်မှုရှိစေရန် ဗီဒီယိုတွေ ပြသပေးပါတယ်။
▪️ ထိုစက်က လျင်မြန်စွာ ဆေးကြောသန့်စင်ပေးပြီး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လန်းဆန်းစေမှာဖြစ်ကြောင်း ကုမ္ပဏီက ပြောပါတယ်။
▪️ ၁၉၇၀ လောက်က Sanyo Electric Co.ကနေ စတင် ဖန်တီးခဲ့ပေမယ့် ဈေးကွက်သို့ မရောက်ရှိခဲ့ပါဘူး။
#Source: WION