#World_News

Published 18 February 2025


▪️ Delta Airlines လေယာဉ်တစ်စီးဟာ တနင်္လာနေ့က တိုရွန်တိုရှိ ပီယာဆန်လေဆိပ်သို့ ဆင်းသက်စဉ် ချိန်မှာ လေယာဉ်မှောက်သွားခဲ့ပြီး လူ ၁၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

▪️ ပက်လက်လန်တိမ်းမှောက်သွားတဲ့လေယာဉ်ဟာ မင်နီယာပိုလစ်မှလာတဲ့ Delta လေကြောင်းခရီးစဉ်ဖြစ်ပြီး ခရီးသည် ၇၆ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၄ ဦးပါဝင်တယ်လို့ လေဆိပ်က အတည်ပြုထားပါတယ်။

▪️ နေ့လယ် ၂ နာရီ ၁၅ မိနစ်ခန့်မှာ ဖြစ်ပျက်ခဲ့ပြီး လေဆိပ်မှာရှိတဲ့ ခရီးစဉ်တွေ အချိန် ၂ နာရီခွဲလောက် ရပ်ဆိုင်းခဲ့ရကာ ပြေးလမ်းကြောင်းနှစ်ခုကို စုံစမ်းစစ်ဆေးချိန်အတွင်း ပိတ်ထားမှာဖြစ်ပါတယ်။

▪️ အသက်ဆုံးရှုံးသူမရှိဘဲ ဒဏ်ရာအနည်းငယ်သာရတဲ့အတွက် အလွန်စိတ်သက်သာမိတယ်လို့ ဂရိတ်တာတိုရွန်တို လေဆိပ်အာဏာပိုင်မှ စီအီးအို ဒီဘိုရာဖလင့်က သတင်းထောက်တွေကို ပြောပါတယ်။

▪️ ဗီဒီယိုရိုက်ကူးပြချက်တွေထဲမှာ Mitsubishi CRJ-900LR လေယာဉ်က ပြေးလမ်းပေါ်မှာ မှောက်လျက်ဖြစ်နေပြီး အရေးပေါ်တွေက မီးငြှိမ်းသတ်နေကြပါတယ်။

▪️ အရေးပေါ်အဖွဲ့အားလုံး လုပ်ဆောင်နေကြတယ်လို့ လေဆိပ်က Xဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။

▪️ လေယာဉ်မှောက်ရတဲ့ အကြောင်းအရင်းကို ပြောဖို့စောသေးပေမယ့် ရာသီဥတုကြောင့် ဖြစ်နိုင်ပါတယ်။

▪️ ကနေဒါမိုးလေဝသဌာနရဲ့ ပြောကြားချက်အရ လေဆိပ်မှာ နှင်းနဲ့လေတိုက်နှုန်းက တစ်နာရီကို ၃၂ မိုင်နှုန်းရှိကာ အပူချိန် အနုတ် ၈.၆ ဒီဂရီဆဲလ်စီးယပ်စ် ရှိနေခဲ့ပါတယ်။

▪️ ဒီလိုဖြစ်ရပ်မျိုးက အလွန်ရှားပါးဖြစ်ခဲလှတယ်လို့ ဖလော်ရီဒါ စိန့်ပီတာဘာ့ဂ် လေကြောင်းဘေးကင်းရေး အကြံပေးအဖွဲ့အစည်းမှ စီအီးအို ဂျွန်ကောက်စ်က ပြောပါတယ်။

▪️ တိုရွန်တိုပီယာဆန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ မျှော်စင်မှ အသံမှတ်တမ်းအရ နေ့လယ် ၂ နာရီ ၁၀ မိနစ်အချိန်မှာ လေယာဉ်ဆင်းသက်ခွင့် ရရှိခဲ့ပြီး ပြေးလမ်းကြောင်းမှာ လေအတိုးအခတ် ရှိနိုင်တယ်လို့ လေယာဉ်မှူးတွေကို သတိပေးခဲ့ပါတယ်။

▪️ အမေရိကန်လေကြောင်းမှာ ၂၅ နှစ်တာ ပျံသန်းခဲ့ဖူးတဲ့ ကောက်စ်က NTSBစုံစမ်းစစ်ဆေးရေးမှာ လုပ်ဆောင်နေပါတယ်။

▪️ CRJ-900 လေယာဉ်က ဆယ်စုနှစ်တွေကြာအောင် ပျံသန်းထားပြီး ရာသီဥတုဆိုးရွားမှုကို ကောင်းစွာထိန်းချုပ်နိုင်ကြောင်း သက်သေပြထားပြီး ဖြစ်ပါတယ်။

▪️ Delta စီအီးအို အက်ဒ်ဘက်ရှန်က ယခုဖြစ်ရပ်မှာ ထိခိုက်ခဲ့သူတွေအတွက် Deltaတစ်ဖွဲ့လုံး စိတ်မကောင်းဖြစ်မိတယ်လို့ ဖော်ပြထားပါတယ်။

#Source: AP News