#World_News
Published 18 October 2024


▪️ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီဟာ ယူကရိန်းကို ရုရှားနဲ့ စစ်ဖြစ်စေတယ်ဆိုပြီး ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ အပြစ်တင်လိုက်ပါတယ်။

 

▪️ ဒီမှတ်ချက်ကြောင့် ထရမ့်သာ နိုဝင်ဘာ ၅ ရက်နေ့ရွေးကောက်ပွဲမှာ အနိုင်ရပါက ယူကရိန်းအပေါ်ထားတဲ့ အမေရိကန်မူဝါဒကို ပြောင်းလဲနိုင်မယ့်သဘော မြင်နေရပါတယ်။

 

▪️ ဒါ့အပြင် အမေရိကန်သမ္မတဟောင်းဖြစ်တဲ့ ထရမ့်က ၂၀၂၂ စစ်ပွဲဖြစ်ပွားကတည်းက ဇယ်လန်စကီဟာ အမေရိကန် စစ်ရေးကူညီမှုတွေကနေ ဒေါ်လာဘီလီယံနဲ့ချီ ရရှိထားတယ်လို့ စည်းရုံးရေးပွဲတွေမှာ အကြိမ်ကြိမ်ဝေဖန်ထားပါတယ်။



▪️ ရုရှားနဲ့ ငြိမ်းချမ်းရေးမယူနိုင်တဲ့အတွက်လည်း ယူကရိန်းသမ္မတကို အပြစ်တင်လိုက်ကာ ယူကရိန်းနယ်မြေအချို့ကို ရုရှားထံပေးလိုက်ပြီး ငြိမ်းချမ်းရေး ရယူနိုင်ဖွယ်ရှိတယ်လို့ အကြံပြုထားပေမယ့် ယူကရိန်းကတော့ ဒါကို လက်သင့်မခံနိုင်ပါဘူး။

 

▪️ စစ်ပွဲအဆုံးမသတ်နိုင်တဲ့အပြင် ယူကရိန်းကို ရုရှားက စတင်ကျူးကျော်တာဖြစ်ပေမယ့် ထရမ့်ကတော့ ဇယ်လန်စကီကိုသာ အပြစ်တင်လိုက်ပါတယ်။

 

▪️ သူ့ကို မကူညီချင်တဲ့သဘော မဟုတ်ပေမယ့် ဒီလူတွေအတွက် အလွန်စိတ်မကောင်းဖြစ်မိကာ ဇယ်လန်စကီအနေနဲ့ စစ်ပွဲအစမပြုသင့်ဘူးလို့ ပြောသွားပါတယ်။

 

▪️ စက်တင်ဘာလတုန်းက နယူးယော့ခ်မှာ ထရမ့်နဲ့ တွေ့ဆုံစဉ် ဇယ်လန်စကီ စစ်ပွဲအောင်နိုင်ရေး အစီအစဉ်ကို ချပြခဲ့ပါတယ်။

 

▪️ ဒါပေမဲ့ ထရမ့်ပြောဆိုတဲ့ စကားတွေအရဆိုရင် ရွေးကောက်ပွဲမှာ ဒုသမ္မတ ကာမယ်လာဟားရစ်ကို အနိုင်ရပါက ယူကရိန်းကို ထောက်ပံ့ကူညီနေတာတွေ ရပ်တန့်သွားနိုင်ပါတယ်။

 

▪️ ဇန်နဝါရီလ သမ္မတရာထူး မယူခင်မှာပင် စစ်ပွဲပဋိပက္ခကို ရပ်တန့်လို့ရတယ်လို့ အကြိမ်ကြိမ်ဆိုနေပေမယ့် ဘယ်လိုအဆုံးသတ်မလဲဆိုတာကိုတော့ မပြောသွားပါဘူး။

 

▪️ ဟားရစ်ကတော့ ယူကရိန်းကို ဆက်လက်ထောက်ပံ့သွားမယ်လို့ ကတိပြုထားကာ အမေရိကန် လုံခြုံရေးအကျိုးစီးပွားအဖြစ် သတ်မှတ်ထားတဲ့ ယူကရိန်းအတွက် အောင်ပွဲတစ်ခုကို ပုံဖော်ပြထားပါတယ်။

 

▪️ ဒါ့အပြင် ဟားရစ်ဟာ ရုရှားသမ္မတပူတင်ကို ဆန့်ကျင်ပြီး မရပ်တည်ရဲတဲ့ ထရမ့်ကို မကြာခဏ အပြစ်တင်ပြောဆိုနေပါတယ်။

 

#Source: Reuters