#World_News
Published 24 September 2024


▪️ အမေရိကန်မှ ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ဆောင်မယ်ဆိုပါက လာမယ့်နှစ်မှာ ရုရှားနဲ့ ယူကရိန်းစစ်ပွဲ မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်လိမ့်မယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

 

▪️ ယခုနှစ်ကုန်ပိုင်းမှာ အမေရိကန်နဲ့ ယူကရိန်းတို့ကြား ပူးပေါင်းဆောင်ရွက်ရေး အားကောင်းလာစေမယ့် အခွင့်အရေး ရှိနေပြီလို့ ဇယ်လန်စကီက အမေရိကန် ကွန်ဂရက်မှ နှစ်ဖက်ပါတီထောက်ခံသူ ကိုယ်စားလှယ်နဲ့ တွေ့ဆုံအပြီး တယ်လီဂရမ်မှာ ဖော်ပြခဲ့ပါတယ်။

 

▪️ ဇယ်လန်စကီက ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် အမေရိကန်သို့ ရောက်ရှိနေတာဖြစ်ပါတယ်။

 

▪️ ဒီနောက်မှာ ဝါရှင်တန်သို့သွားပြီး သူ့ရဲ့ စစ်ပွဲအောင်နိုင်ရေး အစီအစဉ်ကို ချပြမှာဖြစ်ကာ နိုဝင်ဘာ ၅ ရက်နေ့ အမေရိကန် ရွေးကောက်ပွဲမှာ မည်သူအနိုင်ရသည်ဖြစ်စေ အိမ်ဖြူတော်ရဲ့ စစ်ပွဲအပေါ်မူဝါဒနဲ့ ပတ်သက်ပြီး ဆက်လက်တောင်းဆိုသွားမှာ ဖြစ်ပါတယ်။

 

▪️ ရီပတ်ဘလစ်ကန် သမ္မတရွေးကောက်ခံ ကိုယ်စားလှယ် ဒေါ်နယ်ထရမ့်က ယင်းသာ ရွေးချယ်ခံရပါက စစ်ပွဲကို ရက်ပိုင်းအတွင်း အဆုံးသတ်ပေးမယ်လို့ ပြောထားပေမယ့် ယူကရိန်းသမ္မတဟာ ဒီမိုကရက်တွေကို အနိုင်ရစေချင်တယ်လို့ သက်သေမရှိဘဲ ဆိုထားပါတယ်။

 

▪️ ဇယ်လန်စကီကတော့ အိမ်ဖြူတော်မှာ ဘယ်သူပဲတာဝန်ယူသည်ဖြစ်စေ ပူးပေါင်းလုပ်ဆောင်သွားရန် ဆန္ဒရှိတယ်လို့ ပြောထားပါတယ်။

 

▪️ ABC News နဲ့ အင်တာဗျူးရာမှာ ဇယ်လန်စကီက ယူကရိန်းကို ဆက်လက်ထောက်ပံ့ဖို့ အမေရိကန်နဲ့ မဟာမိတ်များကို တိုက်တွန်းလိုက်ပါတယ်။

 

▪️ အမေရိကန်နဲ့ မဟာမိတ်တွေက ယူကရိန်းကို ဒေါ်လာဘီလီယံချီ ထောက်ပံ့ထားကာ ရုရှားကိုတော့ ဒဏ်ခတ်ပိတ်ဆို့မှု အများအပြား ချမှတ်နေပါတယ်။

 

▪️ တကယ်တော့ ငြိမ်းချမ်းရေးရဖို့က ထင်ထားတာထက် ပိုနီးစပ်နေပြီလို့ ဇယ်လန်စကီက မှတ်ချက်ပြုပါတယ်။

 

▪️ အရေးသာနေတဲ့ အနေအထားကနေပဲ ရုရှားသမ္မတပူတင်ကို စစ်ပွဲရပ်တန့်စေလိမ့်မယ်လို့ ပြောသွားပါတယ်။

 

#Source: Reuters