#World_News
Published 24 March 2025
▪️ ယူကရိန်းနဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွေဟာ စွမ်းအင်နဲ့ အရေးကြီး အခြေခံအဆောက်အအုံများ ကာကွယ်ရေး အဆိုပြုချက်များအကြောင်း တနင်္ဂနွေနေ့က ဆွေးနွေးခဲ့တယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
▪️ ဒါဟာ ၃ နှစ်ကြာလာတဲ့ စစ်ပွဲကြီးကို ဒေါ်နယ်ထရမ့် အဆုံးသတ်ဖို့ သံတမန်ရေးရာ အားထုတ်မှုတွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
▪️ ဒီဆွေးနွေးမှုက ဆော်ဒီအာရေဗျမှာ ပြုလုပ်တာဖြစ်ပြီး အမေရိကန် အထူးသံတမန် စတိဗ်ဝစ်ကော့ဗ်က စစ်ပွဲကြီးအဆုံးသတ်ရေးနဲ့ ပတ်သက်လို့ အကောင်းမြင်တဲ့အကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
▪️ "ရုရှားသမ္မတ ဗလာဒီမာပူတင်လည်း ငြိမ်းချမ်းရေး လိုချင်မယ်လို့ ခံစားမိပါတယ်။ တနင်္လာနေ့ ရုရှားနဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးရာမှာ တကယ့်တိုးတက်မှုတွေ မြင်လာရနိုင်တယ်လို့ ထင်မိပါတယ်။ ပင်လယ်နက်မှာ အပစ်အခတ်ရပ်စဲလာနိုင်ပြီး ထိုကနေ လုံးဝရပ်စဲခြင်း ဖြစ်လာလိမ့်မယ်" လို့ ဝစ်ကော့ဗ်က Fox Newsကို ပြောသွားပါတယ်။
▪️ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီက သူ့ကိုယ်စားလှယ်အဖွဲ့ဟာ လုံးဝအပြုသဘောဆောင်တဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
▪️ ဘယ်လိုတွေပဲဆွေးနွေးသည်ဖြစ်စေ ပူတင်ကို တိုက်ခိုက်မှုတွေ ရပ်တန့်အောင် လုပ်ဖို့လိုတယ်လို့ ပြောသွားပါတယ်။
▪️ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့ ကာကွယ်ရေးဝန်ကြီး ရပ်စ်တမ်အူမရော့ဗ်က ဒီလိုမျိုး ဆွေးနွေးရခြင်းဟာ ငြိမ်းချမ်းရေး နီးစပ်လာဖို့နဲ့ လုံခြုံရေးအားကောင်းလာဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
▪️ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ရုရှားနဲ့ ယူကရိန်းတို့ ရက် ၃၀ ကြာအောင် စွမ်းအင်အခြေခံ အဆောက်အအုံများကို အပြန်အလှန် မပစ်ခတ်ရေးဆိုတဲ့ ထရမ့်ရဲ့အဆိုပြုချက်ကို ပူတင်သဘောတူခဲ့ပေမယ့် မကြာခင်မှာပဲ နှစ်ဖက်စလုံးက ဆက်လက်တိုက်ခိုက်နေခဲ့ပါတယ်။
▪️ ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားတပ်တွေ ဆက်လက်ချီတက်လာတာ ခံနေရတဲ့ ဇယ်လန်စကီက ရက် ၃၀ အပစ်အခတ်ရပ်စဲရေးကို ထောက်ခံထားပါတယ်။
#Source: Reuters