#World_Science
Published 22 June 2025
▪️ အမျိုးသမီး ၅ သောင်းနီးပါးရဲ့ စားသောက်ပုံစံကို နှစ်ပေါင်း ၃၀ ကြာအောင် ဆန်းစစ်ခဲ့ပြီးနောက်မှာတော့ မနက်ခင်း ကော်ဖီတစ်ခွက်သောက်တာဟာ စွမ်းအင်ပိုပေးနိုင်ပြီး အသက်ကြီးလာတာနဲ့အမျှ ထက်မြက်သန်မာစေကာ စိတ်ကျန်းမာရေး ကောင်းမွန်စေနိုင်တယ်လို့ သုတေသီများ ဆုံးဖြတ်ခဲ့ကြပါတယ်။
▪️ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာတို့လို ကဖင်းဓာတ်ပါတဲ့ သောက်စရာတွေနဲ့ ပတ်သက်ပြီး အကဲဖြတ်ကြတာ ဖြစ်ပါတယ်။
▪️ အသက် ၇၀ အထိ အဓိကရောဂါကြီးတွေ မဖြစ်ဘဲ ရုပ်ပိုင်းဆိုင်ရာ ထိန်းသိမ်းနိုင်ခြင်း၊ စိတ်ကျန်းမာရေး ကောင်းမွန်ခြင်း၊ မှတ်ဉာဏ်ပြဿနာမရှိခြင်းတို့က ကျန်းမာရေးနဲ့ညီညွတ်စွာ အိုမင်းလာတယ်လို့ သတ်မှတ်နိုင်ပါတယ်။
▪️ ကျန်းမာစွာ အိုမင်းလာသူတွေဟာ တစ်နေ့ကို ကဖင်းဓာတ် ၃၁၅ မီလီဂရမ်မျှ သောက်သုံးကြပြီး ဒါဟာ ကော်ဖီခွက်အသေး ၃ ခွက်နဲ့ ညီမျှပါတယ်။
▪️ စားသောက်မှုပုံစံ၊ လှုပ်ရှားနေထိုင်မှုပုံစံ၊ ဆေးလိပ်စတဲ့အချက်တွေ ထည့်တွက်ရင်တောင် ဒီလိုမျိုးဆက်စပ်နေတာ တွေ့ရပါတယ်။
▪️ ကဖင်းဓာတ်ဆိုတာထက် ကော်ဖီမှာပါတဲ့ ဇီဝသတ္တိကြွဒြပ်ပေါင်းများ ပေါင်းစပ်ခြင်းက အဓိကပတ်သက်နေမယ်လို့ ယူဆကြပါတယ်။
▪️ ပါဝင်စမ်းသပ်ခံသူတွေက လူဖြူလူမျိုး၊ ပညာတတ်၊ အမျိုးသမီး၊ ကျန်းမာရေးအသိရှိသူ အများစုဖြစ်ပြီးတော့ ဒီထက်ကျယ်ပြန့်တဲ့လူတွေမှာ အတည်ပြုဖို့ လိုအပ်ပါသေးတယ်။
▪️ ကော်ဖီကို သင့်တင့်ရုံသောက်သုံးပြီး ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်စွာစားခြင်း၊ ဆေးလိပ်ရှောင်ခြင်းတို့ပါ ပေါင်းစပ်ပြုလုပ်မယ်ဆိုရင် အကျိုးကျေးဇူးများပေးနိုင်မှာပါ။
▪️ သင့်တင့်ရုံပမာဏဆိုတာက တစ်နေ့ကို ကော်ဖီ ၂ ခွက်မှ ၄ ခွက်အထိ ရှိနိုင်ပါတယ်။
#Source: People