#World_Health
Published 1 February 2025
▪️ လူငယ်တွေမှာပါ အဖြစ်များလာတဲ့ အူမကြီးကင်ဆာကြောင့် ဆရာဝန်များနဲ့ ပညာရှင်များ အဖြေရှာစရာ ဖြစ်လာပါတယ်။
▪️ အခုဆိုရင် နိုင်ငံတကာ သုတေသီများအဖွဲ့တစ်ဖွဲ့က သုံးသပ်ဖော်ပြထားရာမှာ အသက် ၃၅ နှစ်မတိုင်မီ အူမကြီးရောဂါ စောစီးစွာတွေ့ရှိမှုတွေနဲ့ ရောဂါဖြစ်စေတဲ့ အဓိကအကြောင်းအရင်း ၃ ခု တွေ့ရှိခဲ့ကြပါတယ်။
▪️ ကယ်လ်စီယံဓာတ် ချို့တဲ့ခြင်းက အဓိကအကြောင်းအရင်း ဖြစ်နေပြီး ငယ်ရွယ်သူတွေ အူမကြီးကင်ဆာဖြစ်ခြင်းရဲ့ ၅ ပုံ ၁ ပုံလောက်နဲ့ ဆက်စပ်နေပါတယ်။
▪️ အယ်လ်ကိုဟော သောက်သုံးခြင်းက ဒုတိယအန္တရာယ် အများဆုံးဖြစ်ပြီး အဝလွန်ခြင်းက တတိယမြောက်ဖြစ်နေပါတယ်။
▪️ ယခုလအစောပိုင်း လေ့လာချက်မှာတော့ တစ်နေ့ကို နို့တစ်ခွက် သောက်သုံးခြင်းနဲ့ အမျိုးသမီးတွေမှာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေနည်းပါးခြင်းတို့ကြား ဆက်စပ်နေတယ်လို့ ယူဆနေကြပါတယ်။
▪️ ၁၉၉၀ မှ ၂၀၁၉ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးရှိ အသက် ၃၅ နှစ်အောက် လူတွေရဲ့ အူမကြီးကင်ဆာ ဖြစ်ပွားမှုတွေကို လေ့လာကြရာမှာ အသက်ဆုံးပါးမှု ပိုမိုများပြားလာပြီး အဓိကဆက်နွယ်ချက်က နို့နဲ့ ကယ်လ်စီယံနည်းပါးခြင်း၊ အယ်လ်ကိုဟောသောက်ခြင်း၊ ခန္ဓာကိုယ်ယိုင်ညွှန်းကိန်း များပြားခြင်းတို့ ဖြစ်နေပါတယ်။
▪️ သို့ပေမဲ့ လေ့ကျင့်လှုပ်ရှားမှု မရှိခြင်း၊ ဆေးလိပ်သောက်ခြင်းတို့နဲ့တော့ သိပ်ပြီးမသက်ဆိုင်ပါဘူး။
▪️ အဆင့်ဆင့်ထုပ်ပိုးထုတ်လုပ်ထားတဲ့ အစားအစာတွေက အူမကြီးကင်ဆာ ဖြစ်ရတဲ့အကြောင်းအရင်းထဲ ပါဝင်နေတာလည်း တွေ့ရပါတယ်။
▪️ သာမန်အားဖြင့်ဆိုရင် အသက်အရွယ် အားလုံးမှာ တွေ့ရတတ်ပြီး အူမကြီးကင်ဆာကြောင့် စအိုသွေးယိုခြင်း၊ ဝမ်းဗိုက်နာခြင်း၊ အလေးသွားပုံ ပြောင်းလဲခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးအားနည်းခြင်း၊ နွမ်းနယ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
▪️ အရင်က သက်ကြီးသူတွေမှာသာ ကင်ဆာဖြစ်တယ် ထင်ခဲ့ကြပေမယ့် လတ်တလောနှစ်တွေမှာတော့ အသက်အရွယ် စောစီးစွာမှာပဲ ကင်ဆာဖြစ်လာကြတာ တွေ့နေရကြောင်း မိုင်ယာမီဆီလ်ဗက်စတာတက္ကသိုလ်မှ ကင်ဆာအထူးကု ဒေါက်တာ ကိုရယ်အိုလာဇာဂတ်စတီက ပြောသွားပါတယ်။
#Source: New York Post