#World_News
Published 03 December 2024


▪️ အီရန်ကျောထောက်နောက်ခံပြု အီရန်တိုက်ခိုက်ရေးသမား ရာနဲ့ချီဟာ တနင်္လာနေ့က ဆီးရီးယားကို ဖြတ်ကျော်လာပြီး အလက်ပိုကို သိမ်းပိုက်ထားတဲ့ သူပုန်တွေနဲ့ တိုက်ခိုက်နေတဲ့ အစိုးရကို ကူညီသွားမှာဖြစ်ပါတယ်။

▪️ ဒါပေမဲ့ လက်ဘနွန်မှ ဟက်ဇ်ဘိုလာတို့ကတော့ အခုအချိန်မှာ ပူးပေါင်းပါဝင်ဖို့ အစီအစဉ်မရှိသေးဘူးလို့ သတင်းရင်းမြစ်များက ဆိုပါတယ်။

▪️ ရုရှားလေကြောင်း အကူအညီ အပါအဝင် ဒေသတွင်း အီရန်ရဲ့ မဟာမိတ်တပ်ဖွဲ့များ စုစည်းထားခြင်းက အစိုးရလိုလားတဲ့ တပ်ဖွဲ့များ အောင်နိုင်ရေးအတွက် အဓိကကျနေပြီး ၂၀၁၁ သမ္မတဘာရှာအယ်အက်ဆက်ဒ်ကို ပုန်ကန်ခဲ့ကြတဲ့ ဆီးရီးယားမှ သူပုန်တွေကို နှိမ်နင်းခဲ့ကြပါတယ်။

▪️ ဒါပေမဲ့ ရုရှားတို့က ယူကရိန်းစစ်ပွဲကို အာရုံစိုက်နေပြီး ဟက်ဇ်ဘိုလာတို့က အစ္စရေးလ်နဲ့ ပဋိပက္ခဖြစ်နေချိန်မှာ ဆီးရီးယားအနောက်မြောက်မှ သူပုန်များ အလျင်အမြန် ချီတက်လာကြပါတယ်။

▪️ အလက်ပိုမြို့ကို ဝင်ရောက်သောင်းကျန်းနိုင်ခဲ့တာဟာ အက်ဆက်ဒ်ဆန့်ကျင်ရေးသမားများ အတွက်တော့ အကြီးမားဆုံး အောင်မြင်မှု ဖြစ်နေပါတယ်။

▪️ သူပုန်တွေက မြို့ကို အလျင်အမြန်ပဲ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အတိုက်အခံအဖွဲ့ ခေါင်းဆောင် ဟေဒီအယ်ဘာရာက ပြောပါတယ်။

▪️ အလက်ပိုကို တိုက်ခိုက်ဖို့က မနှစ်တည်းက ပြင်ဆင်နေခဲ့ပေမယ့် ဂါဇာစစ်ပွဲကြောင့် ရပ်တန့်ထားရတယ်လို့ ဆိုပါတယ်။

▪️ ဆီးရီးယားပြည်တွင်းစစ်ဟာ ၂၀၂၀ နောက်ပိုင်း ရပ်ဆိုင်းနေခဲ့ပြီး အက်ဆက်ဒ်အစိုးရ နယ်မြေအများစုနဲ့ အဓိကမြို့ကြီးအားလုံးကို ထိန်းချုပ်ထားခဲ့ပါတယ်။

▪️ အီရတ်မှ တိုက်ခိုက်ရေးသမား အနည်းဆုံး ၃၀၀ လောက်ဟာ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ မြေလမ်းတစ်ခုကို ဖြတ်သန်းလာခဲ့တယ်လို့ သိရပါတယ်။

▪️ အက်ဆက်ဒ်တို့သာ အီရန်အပေါ် မှီခိုမှုလျှော့ချလာပါက ယူအေအီးနဲ့ အမေရိကန်တို့က ယင်းအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများကို လျှော့ချဖို့အရေး ဆွေးနွေးထားပါတယ်။

#Source: Reuters