#World_Health
Published 03 December 2024


▪️ ဦးနှောက်ကျန်းမာရေး မြှင့်တင်ချင်သူတွေအတွက် စတိုးဆိုင်တွေမှာရောင်းချတဲ့ ဖြည့်စွက်အားဆေးတစ်မျိုးဟာ ဒီမန်ရှာနဲ့ အယ်လ်ဇိုင်းမားရောဂါ လက္ခဏာများကို တိုက်ဖျက်နိုင်ပါတယ်။

▪️ ဦးနှောက်ဆေးပင်လို့ခေါ်တဲ့ ဂင်ဂိုဘီလိုဘာအရည်ကို အဆိုပါအပင်ရဲ့ အရွက်ခြောက်တွေကနေ ညှစ်ယူရရှိပြီး အရှေ့အာရှမှာ ဦးစွာပေါက်ရောက်ကာ သက်တမ်းအရင့်ဆုံး သစ်ပင်မျိုးစိတ်တွေထဲက တစ်ခုဖြစ်ပါတယ်။

▪️ တရုတ်ရိုးရာဆေးပညာတွေမှာ အသုံးပြုကြသလို ဦးနှောက်လုပ်ဆောင်ချက်နဲ့ မှတ်ဉာဏ်ကို အားကောင်းစေကာ ဒီမန်ရှာလက္ခဏာများကို သက်သာစေပါတယ်။

▪️ ဂင်ဂိုဘီလိုဘာအပင်မှ ရရှိတဲ့ပစ္စည်းက ဦးနှောက်သို့ သွေးစီးဆင်းမှု ကောင်းစေပြီး အသက်ကြီးသူတွေမှာ အာရုံစူးစိုက်ခြင်းနဲ့ မှတ်ဉာဏ်တို့ကို တိုးတက်စေတယ်လို့ အာဟာရနဲ့ အစားအစာပညာရှင် ခရူတီကာနာနာဗာတီက ပြောသွားပါတယ်။
သူ့မှာ တာပီနွိုက်၊ ပိုလီဖီနောလ်၊ အော်ဂဲနစ်အက်ဆစ်၊ ဖလေဗိုနွိုက်တို့ ပါဝင်ပြီး ရောင်ရမ်းဆန့်ကျင်ခြင်း၊ ဓာတ်တိုးဆန့်ကျင်ခြင်း၊ အာရုံကြောကာကွယ်သည့် အစွမ်းသတ္တိများကို တိုးမြှင့်ပေးပါတယ်။

▪️ ဂင်ဂိုကို သွေးလည်ပတ်မှု အားနည်းခြင်း၊ ရင်ကြပ်ခြင်း၊ အသက်ရှူပြွန်ရောင်ရမ်းခြင်း၊ ဆီးအိတ်ပြဿနာများအတွက် အသုံးပြုပါတယ်။

▪️ ဂင်ဂိုကနေ ရရှိတဲ့ EGb 761 မှာ ဖလေဗိုနွိုက်ဂလိုင်ကိုဆိုက် ၂၄ ရာခိုင်နှုန်း၊ တာပင်းလက်တုန်း ၆ ရာခိုင်နှုန်း ပါဝင်ပြီး ဒီမန်ရှာကို ကုသနိုင်စွမ်း တွေ့ရှိထားပါတယ်။

▪️ ဒီဒြပ်ပေါင်းတွေက ဓာတ်တိုးရောင်ရမ်းခြင်းကို လျော့ကျစေပြီး သွေးခဲစေတဲ့ ပလိတ်လတ်တွေ အလွန်အကျူး စုပြုံကပ်ခြင်းမှ ကာကွယ်ပေးပါတယ်။

▪️ လေ့လာချက် ၁၁ မျိုးထဲမှာ ဂင်ဂိုမှရရှိတဲ့ ပစ္စည်းက ဒီမန်ရှာလူနာတွေမှာ ဦးနှောက်လုပ်ဆောင်ချက်တွေကို တိုးတက်စေတာ တွေ့ထားပါတယ်။

▪️ ဒီမန်ရှာအတွက် ဂင်ဂိုကို တစ်နေ့ ၁၂၀ မှ ၂၄၀ မီလီဂရမ်ဖြင့် ကုသဖို့ အကြံပြုထားပါတယ်။

▪️ ဂင်ဂိုဟာ လူတိုင်းနဲ့တည့်တာတော့ မဟုတ်ဘဲ အချို့လူတွေမှာ အစာအိမ်မသက်သာခြင်း၊ ခေါင်းကိုက်မူးဝေခြင်း၊ နှလုံးတုန်ခြင်းနဲ့ ဓာတ်မတည့်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

▪️ ဖြည့်စွက်ဆေးအနေဖြင့် အရည်၊ ဆေးတောင့်၊ ဆေးပြား၊ အရွက်ခြောက်များအဖြစ် ရောင်းချနေကြပါတယ်။

#Source: New York Post