#World_Health
Published 02 July 2025

▪️ ခြေသည်းတွေကိုကြည့်ပြီး ကိုယ့်ရဲ့ကျန်းမာရေးအကြောင်း သိရှိနိုင်ပါတယ်။

▪️ ဆေးပေးဆေးညွှန်းပညာရှင် ရှီနာဘက်ဂါက ခြေသည်းနဲ့ လက်သည်းကျန်းမာရေးအကြောင်း သိစရာများနဲ့ လက္ခဏာများအကြောင်း ဖော်ပြသွားပါတယ်။

(၁) ခြေသည်းအဝါရောင်ပေါ်ခြင်း
▪️ ဒါဟာ ရောဂါပိုးကူးစက်တဲ့လက္ခဏာဖြစ်ပြီး ခြေသည်းခွံအရင်းကနေ ကြွတက်လာနိုင်ကာ ခြေသည်းကို သန့်ရှင်းအောင်ထားပြီး ကာကွယ်နိုင်ပါတယ်။

(၂) ခြေသည်းအစင်းကြောင်းပေါ်ခြင်း
▪️ ခြေသည်းမှာ အမည်းရောင်အစင်းကြောင်းများပေါ်ပြီး များသောအားဖြင့် အရောင်ပြောင်းလဲတဲ့သဘောဖြစ်ကာ ခြေသည်းသန့်ရှင်းရေးကို ဂရုစိုက်သင့်ပါတယ်။

(၃) ခြေချောင်းဖောခြင်း
▪️ တစ်ရှူးတွေ၊ သွေးစီးဆင်းမှုမကောင်းတာတွေ၊ လေးဖက်နာရောဂါတို့ကြောင့် ဖြစ်တတ်ပြီး အဆစ်အမြစ်တွေမှာ ယူရစ်အက်ဆစ် စုပြုံလာတဲ့သဘော ဖြစ်ပါတယ်။

(၄) ခြေသည်းဖြူခြင်း
▪️ ခြေသည်းပေါ်မှာ အဖြူစင်းတွေ၊ အစက်အပျောက်တွေပေါ်တာက ပရိုတိန်း၊ ဇင့်၊ သံဓာတ်တို့ ချို့တဲ့တဲ့လက္ခဏာဖြစ်ကာ ခန္ဓာကိုယ်အခြားနေရာတွေမှာ ပြဿနာဖြစ်တာလည်း ဖြစ်ပါတယ်။

(၅) အပြာရောင်သမ်းခြင်း
▪️ ခြေသည်းတွေ အပြာရောင်ဖြစ်နေပြီး အေးနေတယ်ဆိုရင် သွေးလည်ပတ်မှုမကောင်းတဲ့ လက္ခဏာဖြစ်ကာ ခြေဖျားလက်ဖျားတွေဆီ သွေးအလုံအလောက် မရောက်တဲ့အခြေအနေ ဖြစ်ပါတယ်။

(၆) ခြေမယားယံခြင်း
▪️ အားကစားသမားခြေထောက်မျိုးက မှိုရောဂါကူးစက်မှုဖြစ်ပြီး ခြေချောင်းတွေကြား ယားယံကာ အကွက်တွေဖြစ်နေတတ်ကာ ခြေထောက်ဆေးပြီးရင် ခြောက်သွေ့အောင်ထားသင့်ပါတယ်။

(၇) အနာဖြစ်ခြင်း
▪️ အရေပြားမှာ အနာဖြစ်ပြီး ရောဂါပိုးမွှားများ ဝင်ရောက်နိုင်တာကြောင့် သေချာဂရုစိုက်သင့်ပါတယ်။

(၈) ဇွန်းပုံစံခြေသည်း
▪️ ဇွန်းလိုမျိုး ခုံးခွက်နေတဲ့ပုံသဏ္ဍာန် ပြောင်းသွားတာက သံဓာတ်ချို့တဲ့လက္ခဏာဖြစ်ပြီး သံဓာတ်ဖြည့်တင်းရမှာ ဖြစ်ပါတယ်။

#Source: DailyMail