#World_Health
Published 19 June 2025

▪️ ဆံပင်ဖြီးခြင်းက နေ့စဉ်တစ်ကိုယ်ရည်ထိန်းသိမ်းမှုမှာ မရှိမဖြစ်ဆိုပေမယ့် ဆံပင်စိုစွတ်နေတုန်း ခေါင်းဖြီးတာကတော့ ဆိုးကျိုးဖြစ်စေပါတယ်။

▪️ ဒါဟာ ဆံကေသာကို မော်လီကျူးအဆင့်မှာပင် အားနည်းစေနိုင်တယ်လို့ အစ္စတန်ဘူလ်စမိုင်းဟဲဆေးခန်း ပူးတွဲတည်ထောင်သူ ဒေါက်တာ မာမက်အာဒိုဂန်က ပြောပါတယ်။

▪️ ဒီလိုဖြီးခြင်းက အချိန်ကြာလာတာနဲ့အမျှ ဆံပင်ကျိုးကြေပါးလွှာစေနိုင်တယ်လို့ ဆိုပါတယ်။

▪️ ဆံပင်က စိုနေတဲ့အခါ အပြင်ပိုင်းမှာ ပြောင်းလဲမှုတွေဖြစ်သွားတယ်လို့ ဆိုပါတယ်။

▪️ ရေကြောင့် ဆံခြည်မျှင်အရင်းက ဖောင်းတင်းလာပြီး မွေးညင်းပေါက် ဆွဲဆန့်သလိုဖြစ်ကာ ကျိုးကြေလွယ်လာပါတယ်။

▪️ ဒါကြောင့် အတွင်းပရိုတိန်းတည်ဆောက်ပုံ ပျက်စီးစေကာ ကြာလာရင် ဆံကေသာအားနည်းလာစေတယ်လို့ သတိပေးလိုက်ပါတယ်။

▪️ ခြောက်သွေ့တဲ့အခါကျရင် မူလအခြေအနေ ပြန်မရောက်တော့ဘဲ ပျက်စီးနေခဲ့ပြီ ဖြစ်ပါတယ်။

▪️ ဆံပင်စိုက ကြွပ်ဆတ်တဲ့အပြင် ကြမ်းကြမ်းတမ်းတမ်း ဖြီးလိုက်ရင် ကျိုးပျက်တတ်ပြီး ဖိစီးမှု၊ ဟော်မုန်းပြဿနာ၊ ဆံပင်အလှပြင်ခြင်း၊ ဓာတုပစ္စည်းများကြောင့်လည်း ထိခိုက်ပျက်စီးတတ်ပါတယ်။

▪️ ဆံပင်အရောင်စိုးသူတွေ၊ ကောက်ဖြောင့်သူတွေဟာ ဆံပင်စိုကို ဖြီးမိလို့ ပိုမိုပျက်စီးနိုင်ပါတယ်။

▪️ ဆံကေသာထိခိုက်ခြင်းမှ လျှော့ချနိုင်ဖို့ အသွားကျဲတဲ့ ဘီးများအသုံးပြုသင့်တယ်လို့ အကြံပြုထားကြပါတယ်။

▪️ ဆံပင်အလှပြင်တဲ့အခါ အပူပေးခြင်းကိုလည်း လျှော့ချသင့်သလို အရောင်ချွတ်ဆေးတွေ ထပ်ခါထပ်ခါ သုံးခြင်းကိုလည်း ရှောင်ရှားသင့်ပါတယ်။

▪️ ဆံပင်ကို ပုံမှန်ဖြီးတဲ့အခါ ဖြည်းဖြည်းနဲ့ ညင်သာစွာ ပြုလုပ်ပေးသင့်ပါတယ်။

#Source: New York Post