#World_Health
Published 05 June 2025
▪️ ဝါရှင်တန်ကျန်းမာရေးဌာနက ကိုဗစ်-၁၉ မျိုးဗီဇကွဲအသစ် တွေ့ရှိထားကြောင်း တနင်္လာနေ့က ပြောပါတယ်။
▪️ ဝါရှင်တန်မှာ NB.1.8.1 မျိုးဗီဇကွဲကို ၁၄ ယောက်မှာ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။
▪️ အစောဆုံးအနေနဲ့ ဧပြီ ၇ ရက်နေ့ဖြစ်ပြီး ယခုနောက်ဆုံးတစ်ယောက်က မေလ ၂၀ ရက်နေ့က တွေ့ခဲ့တာဖြစ်ပါတယ်။
▪️ CDC ရဲ့ ဧည့်ခရီးသွားမျိုးဗီဇစစ်ဆေးရေး ပရိုဂရမ်အရ SEA လေဆိပ်မှ နမူနာများ စစ်ဆေးရာမှာ ၁၃ ဦးမှာ တွေ့ရှိခဲ့ပါတယ်။
▪️ နောက်တစ်ဦးကတော့ အမေရိကန် လေကြောင်းဆေးပညာမှ တင်ပြထားတာ ဖြစ်ပါတယ်။
▪️ ဝါရှင်တန်မှာ တွေ့ရှိတာဖြစ်ပေမယ့် သူတို့တွေက ဝါရှင်တန်မှာ နေထိုင်သူတွေလား ဒါမှမဟုတ် နမူနာရယူပြီးမှ ဝါရှင်တန်မှာ နေနေကြတာလားဆိုတာ မသိရသေးဘူးလို့ ကျန်းမာရေးအာဏာပိုင်များက ပြောပါတယ်။
▪️ NB.1.8.1 တွေ့ရှိရာနေရာမှာ အဖြစ်များလာတာကြောင့် WHO က မျိုးဗီဇကွဲအဖြစ် သတ်မှတ်ထားပေမယ့် ကျန်းမာရေးအန္တရာယ်ကတော့ နည်းပါးတယ်လို့ဆိုပါတယ်။
▪️ အချက်အလက်များအရ ယခုမျိုးဗီဇကွဲဟာ ယခင်ဟာတွေလောက် ရောဂါပြင်းထန်တဲ့သဘော မရှိပါဘူး။
▪️ လက်ရှိကာကွယ်ဆေး အမျိုးအစားတွေက NB.1.8.1 ကြောင့် ရောဂါလက္ခဏာပေါ်ခြင်းနဲ့ ရောဂါပြင်းထန်ခြင်းတို့မှ ကာကွယ်ပေးနိုင်မယ်လို့ ယူဆထားပါတယ်။
▪️ ဝါရှင်တန်ကျန်းမာရေးဌာနကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး နောက်ဆုံးထုတ်ပြန် သတင်းများအတိုင်း နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
#Source: King5