#World_Science
Published 09 October 2024


▪️ 2024 TW2 လို့အမည်ပေးထားတဲ့ ဘတ်စ်ကားတစ်စီးအရွယ် ဂြိုဟ်မွှားတစ်ခုဟာ ကမ္ဘာဂြိုဟ်နဲ့ နီးကပ်တဲ့အနေအထား ရောက်လာမယ်လို့ နာဆာ(NASA)က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

 

▪️ ၂၁ ပေနီးပါးရှိတဲ့ အာကာသကျောက်တုံးဟာ တစ်နာရီကို ၆၀၉၆၈ ကီလိုမီတာနှုန်း ကြောက်မက်ဖွယ် အရှိန်ဖြင့် ရွေ့လျားနေပါတယ်။

 

▪️ ထိုဂြိုဟ်မွှားနဲ့ ကမ္ဘာမြေကြား အကွာအဝေးက စိုးရိမ်စရာရှိပေမယ့် ဘေးအန္တရာယ် ဖြစ်စေမှာမဟုတ်ဘူးလို့တော့ နာဆာက ဆိုပါတယ်။

 

▪️ 2024 TW2 ဟာ ကမ္ဘာမြေနဲ့ ၂၈၈၀၀၀ ကီလိုမီတာ အကွာအဝေးကနေ ဖြတ်သန်းသွားမှာဖြစ်ပြီး ဒါဟာ လနဲ့ ကမ္ဘာမြေကြား ပျမ်းမျှအကွာအဝေးထက် အနည်းငယ်သာ ပိုနည်းပါတယ်။

 

▪️ ဒီလောက်အထိ နီးကပ်စွာ ဖြတ်သန်းမှာဖြစ်ပေမယ့် ဘေးအန္တရာယ်ဖြစ်နိုင်မယ့် ဂြိုဟ်မွှားအမျိုးအစားထဲ မပါဝင်ပါဘူး။

 

▪️ အဆိုပါဂြိုဟ်မွှားမျိုးဟာ နာဆာကနေ ပုံမှန်စောင့်ကြည့်နေတဲ့ ကမ္ဘာဂြိုဟ်အနီး အရာဝတ္ထုများ အဖွဲ့ထဲမှာ ပါဝင်ပါတယ်။

 

▪️ ဂြိုဟ်မွှားရဲ့ အရှိန်နှုန်းနဲ့ အကွာအဝေးနီးစပ်မှုက ထင်ရှားပေမယ့် အရွယ်အစားသေးငယ်တာကြောင့် ကမ္ဘာ့လေထုထဲ ဝင်ရောက်ခဲ့ရင်တောင် ထိခိုက်မှုကြီးကြီးမားမား ဖြစ်နိုင်ခြေ အလွန်နည်းပါးပါတယ်။

 

▪️ ထိုကဲ့သို့ အရာဝတ္ထုတွေက ကမ္ဘာဂြိုဟ်နား အလွန်နီးနီးကပ်ကပ် မလာတတ်ပေမယ့် အချို့ကတော့ ကြောက်စရာ အရှိန်နှုန်းနဲ့ ရွေ့လျားနေကြတာကြောင့် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

 

#Source: WION