#World_Health
Published 03 May 2025
▪️ တစ်ပတ်ကို အရက် ၈ ခွက်လောက်သောက်ရင်ပဲ ဦးနှောက်ကို စွဲမြဲထိခိုက်စေနိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
▪️ ဒီထိခိုက်မှုကနေ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ ဦးနှောက်အသိဉာဏ်ကျဆင်းခြင်း၊ အယ်လ်ဇိုင်းမားရောဂါတို့ ဖြစ်နိုင်ခြေများစေနိုင်ပါတယ်။
▪️ Neurologyဂျာနယ်မှာ ဖော်ပြချက်အရ တစ်ပတ်ကို အရက် ၈ ခွက်နဲ့အထက် သောက်သုံးသူတွေဟာ ဦးနှောက်ဒဏ်ရာရခြင်းနဲ့ အာရုံကြောဆုတ်ယုတ်ပြောင်းလဲမှုများ ပိုမိုဖြစ်နိုင်ခြေများကာ ဒီလက္ခဏာတွေဟာ ဒီမန်ရှာရောဂါနဲ့ အတော်လေးဆက်စပ်နေပါတယ်။
▪️ ဦးနှောက်ထိခိုက်မှုလက္ခဏာများ ရှာဖွေစစ်ဆေးဖို့အတွက် သေဆုံးပြီးသားလူ ၁,၇၀၀ ကျော်ရဲ့ ဦးနှောက်တစ်ရှူးတွေကို သုတေသီများ လေ့လာခဲ့ကြပါတယ်။
▪️ hyaline arteriolosclerosisလို့ခေါ်တဲ့ ထိခိုက်မှုတွေနဲ့ tauလို့ခေါ်တဲ့ ပရိုတိန်းအရစ်အနှောင်တို့ကို ထည့်သွင်းလေ့လာတာဖြစ်ပါတယ်။
▪️ စမ်းသပ်ပါဝင်သူတွေရဲ့ အယ်ကိုဟောသောက်သုံးမှုအကြောင်းကိုတော့ မိသားစုဝင်များထံကနေ ရယူပါတယ်။
▪️ အရက်အလွန်အကျွံသောက်သူတွေက မသောက်တဲ့သူတွေထက်စာရင် ဦးနှောက်ထိခိုက်မှု ၁၃၃ ရာခိုင်နှုန်းဖြစ်နိုင်ခြေ ပိုများကြောင်းတွေ့ရှိရပါတယ်။
▪️ ဒါ့အပြင် အလွန်အကျွံသောက်သူတွေဟာ လုံးဝမသောက်သူတွေထက် ဦးနှောက်ပြောင်းလဲမှု ပိုဖြစ်နိုင်သလို သက်တမ်း ၁၃နှစ်လောက်စောပြီး သေဆုံးနိုင်ခြေများနေပါတယ်။
▪️ ဒါတွေကို နားလည်သဘောပေါက်စေပြီး အလွန်အကျွံသောက်သုံးခြင်းမှ ကာကွယ်နိုင်ဖို့ အများသိရှိရန်အရေးကြီးကြောင်း သုတေသနပြုစုသူ အယ်ဘာတိုဖာနန်ဒိုအီလီဗီရာဂျက်စတိုက ပြောပါတယ်။
▪️ အယ်ကိုဟောက ဘယ်လောက်ပမာဏပဲဖြစ်ဖြစ် ဘေးကင်းစိတ်ချရခြင်းမရှိဘူးလို့ WHOကပြောထားပါတယ်။
#Source: India Today