#World_Science
Published 16 July 2025
▪️ ဆဲလ်တွေနဲ့ဖွဲ့စည်းထားတဲ့ သတ္တဝါတိုင်းဟာ အသက်ရှင်ဖို့ အောက်ဆီဂျင်လိုအပ်ပြီး အောက်ဆီဂျင်မရှိရင် အသက်မရှင်နိုင်ဘူးလို့ သိထားပါတယ်။
▪️ အခုဆိုရင် သိပ္ပံပညာရှင်တွေက အောက်ဆီဂျင်မရှိဘဲ အသက်ရှင်နိုင်တဲ့ တိရိစ္ဆာန်တစ်မျိုးကို အံ့အားသင့်ဖွယ် တွေ့ရှိလာပါတယ်။
▪️ ဒါကတော့ Henneguya salminicola လို့ခေါ်တဲ့ အလွန်သေးငယ်သော ကပ်ပါးကောင်ဖြစ်ပြီး အချို့သောငါးတွေထဲမှာ မှီခိုရှင်သန်ကြပါတယ်။
▪️ သူ့ဘာသာ မလှုပ်ရှားနိုင်ဘဲ အသက်ရှင်သန်ဖို့အတွက် အခြားသက်ရှိအတွင်းထဲမှာ နေထိုင်ရပါတယ်။
▪️ သူ့မှာ ထူးခြားတာက အခြားသတ္တဝါတွေလို မိုင်တိုခွန်ဒရီယယ်မျိုးဗီဇပစ္စည်း မရှိပါဘူး။
▪️ သတ္တဝါတိုင်းက မိုင်တိုခွန်ဒရီယာဖြင့် အောက်ဆီဂျင်တွေ အာဟာရဓာတ်တွေကို အသုံးပြုပြီး စွမ်းအင်ထုတ်လုပ်ပေမယ့် Henneguya salminicola ကတော့ ဒီလိုမဟုတ်ပါဘူး။
▪️ သူတို့က ပင်လယ်နေငါးတွေရဲ့ ကြွက်သားတွေထဲမှာ နေထိုင်ကာ ပြင်ပပတ်ဝန်းကျင်ကိုလိုက်ပြီး ပြောင်းလဲဆင့်ကဲနိုင်ပါတယ်။
▪️ ကပ်ပါးမျိုးဖြစ်တာကြောင့် သက်ရှိတွေဆီကနေ အာဟာရဓာတ်တွေ စွမ်းအင်တွေကို တိုက်ရိုက်စုပ်ယူပါတယ်။
▪️ သက်ရှိတွေဟာ အသက်ရှင်ဖို့ အောက်ဆီဂျင်လိုအပ်တယ်ဆိုတဲ့ သတ်မှတ်ချက်ကြီးကို Henneguya salminicola က ချိုးဖျက်လိုက်တာပါ။
▪️ ဒီအရာကနေ ကွဲပြားခြားနားတဲ့ ပတ်ဝန်းကျင်တွေမှာ ပြောင်းလဲရှင်သန်နိုင်မလားဆိုတာ စဉ်းစားစရာဖြစ်လာသလို အောက်ဆီဂျင်မလိုဘဲ အသက်ရှင်နိုင်တဲ့ အခြားသတ္တဝါတွေလည်း ရှိဦးမလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
#Source: UNION RAYO