#World_News
Published 13 January 2025


▪️ ကလေးသရုပ်ဆောင်ဟောင်း ရိုရီကယ်လမ်ဆိုက်ခ်စ်ဟာ လော့စ်အိန်ဂျလိစ် တောမီးလောင်ကျွမ်းခဲ့စဉ် ဆုံးပါးသွားခဲ့ပါတယ်။

▪️ အမြင်အာရုံကွယ်နေပြီး ဦးနှောက်ကြွက်သားအားနည်း ရောဂါရှိတဲ့ ဗြိတိန်ဖွား ကလေးသရုပ်ဆောင်ဟောင်းဟာ အသက် ၃၂ နှစ်အရွယ်မှာ ဇန်နဝါရီ ၈ ရက်နေ့က မာလီဘူရှိနေအိမ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

▪️ ဆိုက်ခ်စ်ဟာ ၁၉၉၀ ဝန်းကျင်က Kiddy Kapers တီဗီအစီအစဉ်မှာ ပါဝင်ခဲ့ဖူးပါတယ်။

▪️ သူ့ရဲ့အမေဖြစ်သူက သားဖြစ်သူကို မီးထဲကနေ မကယ်နိုင်ခဲ့ပုံကို ရှင်းပြခဲ့ပြီး ကွယ်လွန်သွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

▪️ အမေဖြစ်သူ ရှယ်လီဆိုက်ခ်စ်က သားဖြစ်သူ ဘဝမှာ ကြုံတွေ့ခဲ့တာတွေကို ဘယ်လိုအံတုကျော်ဖြတ်ခဲ့လဲဆိုတဲ့အကြောင်း Xမှာ ဖော်ပြသွားပါတယ်။

▪️ "ကျွန်မရဲ့ သားလှရတနာလေး ရိုရီဆိုက်ခ်စ်ဟာ မာလီဘူက တောမီးကြောင့် ဆုံးပါးသွားပြီလို့ ဝမ်းနည်းစွာဖြင့် အသိပေးလိုပါတယ်။ အလွန်ကို ကြေကွဲရပါတယ်" လို့ ရှယ်လီက ကြာသပတေးနေ့မှာ ရေးသားခဲ့ပါတယ်။

▪️ "အမြင်အာရုံပြန်ရပြီး လမ်းလျှောက်သင်ယူနိုင်ဖို့ ခွဲစိတ်မှုတွေ ကုထုံးတွေ ပြုလုပ်ခဲ့ရပါတယ်။ အာဖရိကကနေ အန္တာတိကအထိ ကျွန်မနဲ့အတူ ကမ္ဘာပတ်ခရီးသွားချင်စိတ် ရှိနေခဲ့ပါတယ်။ သူ့ကို အရမ်းသတိရနေမှာပါ" လို့ ဆိုပါတယ်။

▪️ မီးစွဲတဲ့အထိ ပါဝင်ခဲ့တဲ့ ၁၇ ဧကရှိ ယင်းတို့ရဲ့ မာလီဘူတောင် တီဗီစတူဒီယိုနေရာကြီးက အိမ်မှာ သားဖြစ်သူ ဆုံးပါးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

▪️ "လတ်စ်ဗာဂျင်းစ် မြူနီစီပယ်ရေပေးဌာနက ရေပိတ်သွားတဲ့အတွက် အိမ်ခေါင်မိုးပေါ်က မီးစွဲအစအနတွေကို မီးသတ်ပိုက်ခေါင်းနဲ့ မငြိမ်းသတ်နိုင်ခဲ့ဘူး။ ရဲရင့်တဲ့ မီးသတ်သမား ၅၀ လောက်ဟာ တစ်နေ့လုံး ရေမရခဲ့ပါဘူး"လို့ ရေးထားပါတယ်။

▪️ Australian outlet 10 Newsနဲ့ ပြောကြားရာမှာ ရိုရီက ရှယ်လီကို ထားခဲ့ဖို့ပြောခဲ့ပေမယ့် ဘယ်မိခင်မှ ကိုယ့်သားသမီးကို မထားခဲ့နိုင်ကြောင်း၊ ရှယ်လီက လက်ကျိုးထားတာကြောင့် သူ့ကိုမခေါ်နိုင်ဖြစ်ခဲ့ကြောင်း၊ ဒီအတွက် မီးသတ်ဌာနဆီ သွားအကူအညီတောင်းခဲ့ပေမယ့် ရောက်လာချိန်မှာ အိမ်ကပြာကျသွားပြီဖြစ်ကြောင်း ပြောပြပါတယ်။

▪️ လော့စ်အိန်ဂျလိစ် နေရာအများအပြားမှာ တောမီးလောင်ကျွမ်းနေတာ ရက်သတ္တပတ်နီးပါး ရှိနေပြီး အခုအချိန်ထိ ၁၆ ဦးသေဆုံးထားပါတယ်။

#Source: WION