#World_Health
Published 11 July 2025
▪️ နေ့လယ်နေ့ခင်း တရေးအိပ်တာဟာ အသက်ကြီးလာတဲ့အရွယ်မှာ ဦးနှောက်နဲ့ စိတ်ကျန်းမာရေးကို ထိန်းသိမ်းစေနိုင်တယ်လို့ ယူဆထားကြပေမယ့် ကျွမ်းကျင်သူတွေကတော့ ဒီအလေ့အကျင့်ဟာ အသက်ဆုံးပါးနိုင်ခြေ များနိုင်တယ်လို့ ပြောလာကြပါတယ်။
▪️ ဟားဗတ်ဆေးတက္ကသိုလ်နဲ့ မာဆာချူဆက်စ် အထွေထွေဆေးရုံတို့မှ သုတေသီများက လူပေါငါး ၈၆,၀၀၀ ရဲ့ အချက်အလက်များကို ဆန်းစစ်ခဲ့ကြရာ တရေးအိပ်ခြင်းနဲ့ အသက်အန္တရာယ်တို့ကြား ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
▪️ တရေးအိပ်စက်ချိန်နဲ့ အိပ်ချိန်ပုံမှန်မရှိခြင်းတို့က အသက်ဘေးအန္တရာယ် ဆက်စပ်နေတာ ဖြစ်ပါတယ်။
▪️ အချိန်ကြာမြင့်စွာ တရေးအိပ်သူတွေက BMI ၊ ခါးအရွယ်အစား၊ သွေးပေါင်ချိန်တို့ တိုးများလာကာ အဝလွန်ခြင်း၊ ဆီးချို၊ နှလုံးရောဂါတို့ ဖြစ်နိုင်ခြေများလာစေတယ်လို့ ဖော်ပြထားပါတယ်။
▪️ မိနစ် ၃၀ အောက်သာ တရေးအိပ်ခြင်းကတော့ ဒီလိုအန္တရာယ်တွေ ဖြစ်နိုင်ခြေမများပါဘူး။
▪️ နေ့လယ်နေ့ခင်း ၁၅-၃၀ မိနစ်ခန့် တရေးအိပ်ခြင်းက အားအင်ပြန်ပြည့်စေပေမယ့် ညအိပ်ရေးပျက်တာကိုတော့ အစားမထိုးနိုင်ပါဘူး။
▪️ ၂၀၂၂ လေ့လာချက်မှာလည်း တရေးပိုအိပ်တတ်သူတွေဟာ သွေးပေါင်ချိန်တိုးခြင်းနဲ့ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ ပိုများစေကြောင်း တွေ့ရှိထားပါတယ်။
▪️ အိပ်ချိန်ပုံစံမမှန်ပါက နေ့စဉ်အိပ်ချိန်လုံလောက်စွာ အိပ်ရင်တောင် နှလုံးသွေးကြောပြဿနာတွေ ဖြစ်နိုင်ခြေ များစေပါတယ်။
#Source: New York Post