#World_Health
Published 10 October 2024


▪️ အစားစားပြီးနောက် အချဉ်တက်၊ ရင်ပူခြင်းမျိုး ခံစားရတာဟာ အစာအိမ်ထဲက အက်ဆစ်များ လျှံတက်လာတာဖြစ်ပြီး နေရထိုင်ရ ခက်ခဲစေပါတယ်။

 

▪️ လျှံတက်လာတဲ့ အက်ဆစ်တွေက အစာရေမျိုထဲသို့ ပြန်စီးသွားတဲ့အခါ ရင်ပူခြင်း၊ မအီမသာဖြစ်ခြင်းတို့ ခံစားရစေပါတယ်။

 

▪️ အာဟာရပညာရှင် ပါလက်ခ်နက်ဂ်ပဲလ်က အက်ဆစ်လျှံတက်ရတဲ့ အဓိကအကြောင်းအရင်းတွေကို ဖော်ပြသွားပါတယ်။

 

▪️ (၁) အစားလွန်ခြင်း - အစာအိမ်က လက်ခံနိုင်တာထက် ပိုစားမိတဲ့အခါ အစာရေမျို အောက်ပိုင်းကြွက်သားကို ဖိအားများစေပြီး အပေါက်ဝ မပိတ်နိုင်ဘဲ လျှံတက်လာနိုင်ပါတယ်။

 

▪️ (၂) အပူအစပ်စားခြင်း - အစာအိမ်နံရံများကို လှုံ့ဆော်သဖြင့် အက်ဆစ်ထုတ်လုပ်မှု များစေပြီး အစာရေမျိုထဲသို့ အက်ဆစ်လျှံတက်စေပါတယ်။

 

▪️ (၃) အရက်သောက်သုံးခြင်း - အစာခြေခြင်းကို နှောင့်နှေးစေကာ အစာအိမ်ထဲမှာ အစာပိုကြာရှည်ရှိနေသဖြင့် အက်ဆစ်ပိုမိုထုတ်လုပ်ပါတယ်။

 

▪️ (၄) ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်း - ကြာရှည်စွာ ရောင်ရမ်းခြင်းဖြင့် အစာအိမ်အက်ဆစ် ပိုမိုထုတ်လုပ်စေကာ နံရံများကို ထိခိုက်စေကာ အက်ဆစ်လျှံတက်နိုင်ပါတယ်။

 

▪️ (၅) ညနောက်ကျမှစားခြင်း - သဘာဝ အစာခြေဟန်ချက်စနစ်ကို နှောင့်ယှက်စေသဖြင့် အက်ဆစ်ပိုထုတ်လုပ်ပြီး တံတွေးထုတ်လုပ်မှု လျော့နည်းသွားကာ အက်ဆစ်ကို မချေဖျက်နိုင်တော့ပါဘူး။

 

▪️ (၆) ဖိစီးမှု - ကော်တီဆောလ်လိုမျိုး ဖိစီးမှုဟော်မုန်းများ လှုံ့ဆော်ပေးသဖြင့် အက်ဆစ်ပိုမို ထွက်ရှိစေပြီး အစာချေစနစ်ကို ပျက်စီးစေပါတယ်။

 

▪️ (၇) စားသောက်ပြီးနောက် လဲလျောင်းခြင်း - ကမ္ဘာမြေဆွဲအားကြောင့် အက်ဆစ်များ အစာရေမျိုထဲသို့ ရောက်လာစေပါတယ်။

 

#Source: DoctorNDTV