#World_News
Published 07 June 2024


▪️ တစ်နိုင်ငံတည်းသားကို သတ်ဖြတ်ပြီး အလောင်းဖြတ်တောက်ခဲ့တဲ့အမှုရဲ့ အဓိကတရားခံတွေဖြစ်သလို ယာကူဇာတွေနဲ့ ဆက်စပ်နေနိုင်တဲ့ ဂျပန်လူမျိုး ၂ ယောက်ကို လာအိုနိုင်ငံမှာ မနေ့က ဖမ်းမိခဲ့ပါတယ်။

 

▪️ အသက် ၅၀ အရွယ် ကာတိုတာကူယာနဲ့ အသက် ၃၃ နှစ်အရွယ် ဆူဇူကီဟီရိုတိုတို့ကို လာအိုမြို့တော် ဗီယန်ကျင်းမှာ ဒေသတွင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး စီရင်စုနယ်ရဲဌာနဗျူရို(၁) ထံသို့ လွှဲပြောင်းပေးခဲ့ပါတယ်။

 

▪️ တရားခံတွေကို လာမယ့်အပတ်မှာ ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန် စီစဥ်ထားပါတယ်။

 

▪️ ထို ၂ ယောက်ဟာ ဧပြီလက ထိုင်းနိုင်ငံ နွန်ထဘူရီမှာ အသက် ၄၇ နှစ်အရွယ် ကာဘာရှီမာရိုဆာကဲကို သတ်ဖြတ်ပြီး ခန္ဓာကိုယ်ဖြတ်တောက်ခဲ့တယ်လို့ သံသယဝင်ခံနေရပါတယ်။

 

▪️ အမှိုက်အိတ်အနက်တွေနဲ့ ထုပ်ပိုးထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဘန်ဘွေထောင်ခရိုင် တမ်ဘွန်ဖီမိုရက်မှ နေရာအနှံ့မှာ တွေ့ရှိခဲ့ပါတယ်။

 

▪️ ပထမဆုံးအိတ်ကို ဧပြီ ၁၉ ရက်နေ့မှာ တွေ့ရှိခဲ့ပြီး နောက် ၄ ရက်အကြာမှာတော့ ဦးခေါင်းပိုင်းကို အခြားတစ်နေရာမှာ တွေ့ရှိခဲ့ပါတယ်။

 

▪️ အသက် ၃၀ အရွယ် ထိုင်းလူမျိုး ခရစ်ဆာကွန်ကျိုင်ဖီတက်ကတော့ သတ်ဖြတ်မှုဖြစ်တဲ့အချိန်မှာ ဂျပန်လူမျိုး ၃ ဦးကနေ ခန့်အပ်တဲ့ ယာဥ်မောင်းဖြစ်နေတာကြောင့် အစောပိုင်းတည်းက အဖမ်းခံခဲ့ရပါတယ်။

 

▪️ မစ္စတာ ခရစ်ဆာတွန်က ရဲတွေကို ပြောပြရာမှာ ရိုဆာကဲက ကားရှေ့ထိုင်ခုံမှာ ထိုင်ခဲ့ပြီး မစ္စတာ ဟီရိုတိုနဲ့ တာကူယာတို့က အနောက်ခုံမှာ ထိုင်ခဲ့ပါတယ်။

 

▪️ ကားမောင်းနေစဥ် သူတို့ပြောနေတာတွေကို နားမလည်ပေမယ့် သုံးယောက်သား ငြင်းခုံနေကြတယ်လို့တော့ ယာဥ်မောင်းက သိရှိနေပါတယ်။

 

▪️ နွန်ထဘူရီ ဘန်ဘွေထောင်ရှိ ဂိုဒေါင်တစ်ခုသို့သွားရန် ပြောခဲ့ကြပါတယ်။

 

▪️ ထိုနေရာသို့ရောက်ပြီးနောက် လူ ၂ ဦးက သူ့ကိုကားထဲကထွက်ခိုင်းခဲ့ရာ ဆေးလိပ်ထွက်သောက်နေခဲ့ပါတယ်။

 

▪️ ကားထဲမှာ ငြင်းခုံနေကြပြီးနောက် သေနတ်သံကြားလိုက်ရတယ်လို့ ရဲတွေကို ပြောပြခဲ့ပါတယ်။

 

▪️ ထိုနေရာသို့ ပြေးကြည့်ရာမှာ ရိုဆာကဲက မြေပြင်ပေါ်လဲကျနေပြီး ဦးခေါင်းကနေ သွေးတွေထွက်နေတာကို တွေ့ခဲ့ပါတယ်။

 

▪️ ဒီနောက် ခန္ဓာကိုယ်ကို ဖြတ်တောက်ရန် စက်ရုံထဲယူဆောင်သွားပြီး ပလတ်စတစ်အိတ် အနက်တွေနဲ့ ကားထဲကို ပြန်ယူလာခဲ့ပါတယ်။

 

▪️ ထို့နောက် ထိုအိတ်တွေကို ဘန်ဘွေထောင်ရှိ နေရာအနှံ့မှာ စွန့်ပစ်ဖို့ မှာကြားခဲ့တယ်လို့ ဆိုပါတယ်။

 

▪️ မစ္စတာ ခရစ်ဆာတွန်က အလောင်းဖျောက်ရန် ပူးပေါင်းကြံစည်မှုဖြင့် ရင်ဆိုင်နေရကာ သေဆုံးသူရဲ့ လက်ပေါ်က တက်တူးကိုကြည့်ပြီး တရားခံ ၂ ဦးက ယာကူဇာတွေ ဖြစ်နေနိုင်တယ်လို့ စစ်ဆေးတွေ့ရှိထားပါတယ်။

 

#Source: Bangkok Post