#World_News
Published 04 June 2024
▪️ အသက် ၇၄ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ နာတာရှည်ဆေးရုံမှာ စောင့်ရှောက်မှု ခံယူနေစဥ် ကွယ်လွန်ခဲ့ပြီလို့ ယူဆကာ ဈာပနပြင်ဆင်ခန်းသို့ ပို့ဆောင်ပြီးနောက် အသက်ရှူနေတာကို တွေ့ရှိခဲ့တယ်လို့ နက်ဘ်ရက်စ်ကာမှ အာဏာပိုင်များက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
▪️ ထိုအမျိုးသမီးကြီးဟာ ဘိုးဘွားရိပ်သာတစ်ခုမှာ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၄ မိနစ်က ကွယ်လွန်ပြီလို့ သတ်မှတ်ခံခဲ့ရပြီးနောက် တနင်္လာနေ့နံနက်မှာ လင်ကွန်းရှိ ဘတ်သရပ်စ်မေဆာအင်န်လပ်ဗ် အသုဘခန်းမသို့ ပို့ဆောင်ခဲ့တာဖြစ်ကြောင်း လန်ကက်စတာကောင်တီ ရှာရစ်ဖ်ရုံးက ဆိုပါတယ်။
▪️ ဝန်ထမ်းတစ်ဦးက ထိုအမျိုးသမီးကြီး အသက်ရှူနေတာကို သတိထားမိပြီး ၉၁၁ ကို ဆက်တိုက်ခေါ်ဆိုခဲ့ရာမှာ အာဏာပိုင်များ အသုဘခန်းမသို့ ရောက်လာကြတယ်လို့ လန်ကက်စတာကောင်တီ လက်ထောက်ရဲမှူး ဘင်ဟူချင်က ဆိုပါတယ်။
▪️ အသုဘခန်းမမှ ဝန်ထမ်းက အမျိုးသမီးကြီးကို အရေးပေါ်အသက်ရှူ ကယ်ဆယ်ရေးပြုလုပ်ခဲ့ပြီး ဒေသတွင်းဆေးရုံတစ်ခုသို့ ပို့ဆောင်ခဲ့ရာ အသက်ဆက်ရှင်လျက်ရှိပြီး မိသားစုကို အသိပေးထားတယ်လို့ ဟူချင်က ပြောပါတယ်။
▪️ ဒါဟာ အလွန်ထူးဆန်းတဲ့ ဖြစ်ရပ်ဖြစ်ပြီး အလုပ်လုပ်လာတဲ့ ၃၁ နှစ်အတွင်း တစ်ခါမှ မကြုံဖူးဘူးလို့ တနင်္လာနေ့ မီဒီယာရှင်းလင်းပွဲမှာ ဆိုပါတယ်။
▪️ လူနာက သေဆုံးတော့မယ်ဆိုတာ သိထားသလို သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘာမှသံသယဖြစ်စရာ မလိုတဲ့အခြေအနေမှာ ကွယ်လွန်ကြောင်း ကြေညာပြီးနောက် ဘိုးဘွားရိပ်သာအနေနဲ့ သက်ဆိုင်ရာကို ဆက်သွယ်စရာအကြောင်း မရှိဘူးလို့ ဟူချင်က ပြောပါတယ်။
▪️ ဘိုးဘွားရိပ်သာက တစ်ခုခုကျူးလွန်တာမျိုး မတွေ့ထားပေမယ့် ဆက်လက်စုံစမ်းသွားမယ်လို့ ပြောသွားပါတယ်။
#Source: Ground News