#World_Health
Published 26 May 2024


▪️ တက်စ်တိုစတီရုန်းဟော်မုန်းက အမျိုးသားတစ်ဦးရဲ့ ယောက်ျားပီသမှုပိုင်းကို ပြသသလို ကြွက်သား၊ အရိုးကြီးထွားမှုတို့နဲ့လည်း သက်ဆိုင်နေပါတယ်။

 

▪️ နောက်ထပ်အရေးကြီးတဲ့ တွေ့ရှိချက်ကတော့ အမျိုးသားတွေမှာ တက်စ်တိုစတီရုန်းဟော်မုန်း နည်းပါးခြင်းက နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေနဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ဖွယ်ရှိတယ် ဆိုတာပါပဲ။

 

▪️ ဩစတြေးလျ အနောက်ပိုင်းတက္ကသိုလ်မှ သုတေသီများက လူပေါင်း ၂၄၀၀၀ ကို လေ့လာခဲ့ကြပါတယ်။

 

▪️ တက်စ်တိုစတီရုန်းအပါအဝင် အခြားဟော်မုန်းများကိုလည်း အနည်းဆုံး အချိန် ၅ နှစ်ကြာတဲ့အထိ စောင့်ကြည့်တိုင်းတာခဲ့ကြပါတယ်။

 

▪️ ထိုအခါမှာ တက်စ်တိုစတီရုန်းပမာဏ ၇.၄ နာနိုမိုးလ်ပါလီတာအောက် နည်းတဲ့သူတွေဟာ အသက်သေဆုံးနိုင်ခြေ ပိုများနေတာကို တွေ့ရှိခဲ့ကြပါတယ်။

 

▪️ ဒီလိုဆက်စပ်ရတဲ့ အကြောင်းအရင်းကို သေချာမသိကြပေမယ့် တက်စ်တိုစတီရုန်း နည်းပါးခြင်းဟာ ကြွက်သားထုထည် လျော့နည်းလာပြီး အဆီစုပြုံလာစေကာ နှလုံးသွေးကြောရောဂါများ ဖြစ်လာရတယ်လို့ ယူဆရပါတယ်။

 

▪️ တက်စ်တိုစတီရုန်း နည်းတဲ့အခါ လိင်စိတ်ဆန္ဒလျော့ပါးခြင်း၊ ထောင်မတ်ရန် ခက်ခဲခြင်းတို့ ဖြစ်နိုင်တဲ့အပြင် ကြွက်သားထုလျော့ပါးခြင်း၊ နွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ပါ ဖြစ်လာနိုင်ကာ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ အသက်ဆုံးပါးခြင်းတို့အထိ ဖြစ်လာတတ်ပါတယ်။

 

▪️ တက်စ်တိုစတီရုန်း လျော့နည်းနေကြောင်း သိရှိပြီးနောက် ပြန်လည်မြင့်တက်လာစေဖို့ ကိုယ်အလေးချိန်လျှော့ချခြင်း၊ ကောင်းစွာအိပ်စက်ခြင်း၊ ဆေးလိပ် အရက်သေစာရှောင်ရှားခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာသောက်ခြင်း၊ တစ်ပတ်ကို ကြက်ဥ ၂ - ၄ လုံးစားခြင်း၊ ပဲပိစပ်များ ရှောင်ရှားခြင်းတို့ ပြုလုပ်သင့်ပါတယ်။

 

▪️ သဘာဝနည်းလမ်းများအတိုင်း လုပ်ဆောင်လို့ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။

 

#Source: Healthline