#World_Health
Published 15 March 2024


အမျိုးသမီးများ အသက် ၅၀ ဝန်းကျင်မှာ ဓမ္မတာဆုံးခြင်း ဖြစ်ပွားလေ့ရှိပါတယ်။

 

ထိုအချိန်မှာ တစ်ဦးနဲ့တစ်ဦး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ခံစားရတာ မတူညီကြပါဘူး။

 

ပုံမှန်မဟုတ် ဓမ္မတာလာခြင်း၊ မိန်းမကိုယ် ခြောက်သွေ့ခြင်း၊ စိတ်အပြောင်းအလဲဖြစ်ခြင်း၊ အသားအရေ ပူစပ်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ဇီဝကမ္မဖြစ်စဥ် မကောင်းခြင်း၊ အိပ်ပျော်ရန် ခက်ခဲခြင်းတို့က အဖြစ်များတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

 

အချို့သော အာဟာရဓာတ်များ ဖြည့်စွက်ပေးခြင်းဖြင့် ထိုလက္ခဏာများ သက်သာစေရန် အကူအညီဖြစ်စေပါတယ်။


 
(၁) ဖောလိတ်

 

ဓမ္မတာဆုံးတဲ့ ကာလအတွင်း ပြောင်းလဲမှုများကို ဖောလိတ်က သက်သာစေရန် အကူအညီဖြစ်စေပြီး ပူစပ်ခြင်းနဲ့ စိတ်အပြောင်းအလဲ ဖြစ်ခြင်းတို့ကို သက်သာစေပါတယ်။


 
(၂) ဗိုက်တာမင်-ဘီ၁၂

 

ဘီ၁၂ က အားအင်ထုတ်လုပ်ခြင်းနဲ့ အာရုံကြောလုပ်ဆောင်ချက်တို့ကို ထောက်ပံ့ပေးရာမှာ အရေးပါပြီး ဓမ္မတာဆုံးခြင်းကာလမှာ အလွန်ပင်ပန်းနွမ်းနယ်နေရင် ဘီ၁၂ ထည့်သွင်းစားသုံးသင့်ပါတယ်။


 
(၃) မဂ္ဂနီဆီယမ်

 

မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေက အိပ်စက်ခြင်းကို ထောက်ပံ့ပေးပြီး စိတ်ကျခြင်း၊ စိတ်အပြောင်းအလဲ ဖြစ်ခြင်းတို့ကို သက်သာစေကာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။


 
(၄) ကယ်လ်စီယမ်

 

ဓမ္မတာဆုံးပြီးနောက် အမျိုးသမီးတွေဟာ အရိုးပွရောဂါ ခံစားရနိုင်ဖွယ်ရှိတာကြောင့် ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေကို လုံလောက်စွာ စားသုံးသင့်ပြီး အရိုးကျန်းမာရေး ကောင်းမွန်အောင် ထိန်းသိမ်းသင့်ပါတယ်။


 
(၅) ဗိုက်တာမင်-ဒီ

 

ဗိုက်တာမင်-ဒီက ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်စုပ်ယူမှုကို အားကောင်းစေပြီး စိတ်ကျခြင်းတို့ကို သက်သာစေပါတယ်။

 

#World_Health #အမျိုးသမီးဓမ္မတာဆုံးခြင်း #သက်သာစေမည့်အာဟာရဓာတ်(၅)မျိုး #Source: DoctorNDTV