#World_Military
Published 26 September 2023


အမေရိကန်အစိုးရအဖွဲ့က ယင်းရဲ့မဟာမိတ် ပိုလန်နိုင်ငံရဲ့ စစ်ကာကွယ်ရေး ခေတ်မီလာစေရန် ကူညီထောက်ပံ့တဲ့အနေနဲ့ အမေရိကန်ဒေါ်လာ ၂ ဘီလီယံချေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။


ပိုလန်နိုင်ငံဟာ ယူကရိန်းကို ပေးပို့မယ့်လက်နက်များ ထားရှိရာ အချက်အခြာနေရာလည်း ဖြစ်နေပါတယ်။

 

နေတိုး(NATO)အဖွဲ့အစည်း အရှေ့ဘက်ခြမ်းရှိ စုပေါင်းကာကွယ်ရေးမှာ မဟာမိတ်ပိုလန်ရဲ့ လုံခြုံရေးကလည်း အရေးပါပြီး ဒီလိုငွေမျိုးက အမေရိကန်ရဲ့ အရေးအကြီးဆုံး မဟာမိတ်တွေရဲ့ လုံခြုံရေးအတွက် ရည်ရွယ်ထားရှိတာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ကြေညာခဲ့ပါတယ်။


အမေရိကန်မှ ကာကွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ အရေးပေါ် ဝယ်ယူမှုကို အထောက်အကူ ဖြစ်စေမယ့် နိုင်ငံခြားစစ်ရေး ချေးငွေကုန်ကျစရိတ်အတွက်လည်း အမေရိကန်က ပိုလန်ကို ဒေါ်လာသန်း  ၆၀ ထောက်ပံ့နေပါတယ်။

 

ပိုလန်ဟာ ယူကရိန်းကို အခိုင်အမာ ထောက်ခံနေသူဖြစ်ပြီး ရုရှားကျူးကျော်စစ်ကာလအတွင်း တင့်ကားများ၊ တိုက်လေယာဥ်များ၊ အခြားပစ္စည်းကိရိယာများ ထောက်ပံ့ပေးထားပါတယ်။

 

ယူကရိန်းကို ပေးပို့မယ့် အနောက်တိုင်းလက်နက်များကိုလည်း ပိုလန်မှာ စုဝေးထားရှိပါတယ်။

 

ဆိုဗီယက်နည်းပညာကို အခြေခံခဲ့တဲ့ လက်နက်ပစ္စည်းတွေနေရာမှာ ခေတ်မီနည်းပညာများဖြင့် အစားထိုးနိုင်ရန် အမေရိကန်၊ တောင်ကိုရီးယား ကာကွယ်ရေးတို့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

 

လက်ရှိမှာတော့ ယူကရိန်းကောက်ပဲသီးနှံနဲ့ ပတ်သက်ပြီး ကုန်သွယ်ရေး အငြင်းပွားမှုများကြောင့် ပိုလန်နဲ့ ယူကရိန်းတို့ကြား ဆက်ဆံရေး တင်းမာနေပါတယ်။

 

ပိုလန်ဝန်ကြီးချုပ် မာတူဇ်မိုရာဝီယက်ကီက ပိုလန်ဟာ ယူကရိန်းထံသို့ နောက်ထပ်လက်နက်များ ပေးပို့မနေတော့ဘူးလို့ ပြေကြားထားပါတယ်။

 

ဒါကြောင့် ယူကရိန်းအတွက် အနောက်နိုင်ငံမှ ထောက်ပံ့မှုတွေ အားလျော့နိုင်တာတယ်လို့ စိုးရိမ်းနေရပါတယ်။

 

ယူကရိန်းကို ကူညီရာမှာ ပိုလန်ရဲ့ကဏ္ဍကို အမေရိကန်အရာရှိများက ချီးကျူးလိုက်ပြီး ရုရှားရန်ကာကွယ်ဖို့က ပိုလန်ရဲ့ ဗျူဟာမြောက် အကျိုးစီးပွားနဲ့ သက်ဆိုင်နေတယ်လို့ ဆိုကြပါတယ်။



#World_Military #ပိုလန်ကာကွယ်ရေးစနစ် #ဒေါ်လာ(၂)ဘီလီယံချေးငွေထုတ်ပေး
Source: AP News