#World_Health
Published 26 June 2023


ပုံမှန်အားဖြင့် တစ်ရေးတမောအိပ်ခြင်းဟာ ဦးနှောက်ကိုနုပျိုစေပြီး မှတ်ဉာဏ်လုပ်ငန်းဆောင်တာများ တိုးတက်စေသလို ဒီမန်ရှာနဲ့အခြားရောဂါ ဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ကြောင်း အမေရိကန်၊ ဗြိတိန်၊ ဥရုဂွေးတို့မှ သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြပါတယ်။

 

အသက် ၄၀ မှ ၆၉ နှစ်ကြားလူပေါင်း ၃၈၀,၀၀၀ နီးပါးမှာ အချက်အလက်များခွဲခြမ်းစိတ်ဖြာခဲ့ပြီး ပုံမှန်တစ်ရေးတမောအိပ်တတ်သူတွေနဲ့ မအိပ်သူတို့ကြား မှတ်ဉာဏ်ပိုင်းဆိုင်ရာကွာခြားချက်တွေကို သုတေသနလုပ်ခဲ့ကြပါတယ်။

 

တစ်ရေးအိပ်သူတွေနဲ့ မအိပ်သူတို့ကြား ၂.၆ နှစ်မှ ၆.၅ နှစ်အထိ ပိုမိုနုပျိုတာကို တွေ့ရှိခဲ့ကြပါတယ်။

 

မိနစ် ၃၀ ထက်မကြာအောင် တစ်ရေးအိပ်ခြင်းက အကောင်းဆုံးဖြစ်ပြီး စောစောအိပ်ပါက ညဘက်အိပ်ချိန်ကိုလည်း အနှောင့်အယှက်မဖြစ်စေဘူးလို့ အရင်ကတွေ့ရှိဖူးပါတယ်။

 

တစ်ရေးအိပ်စက်ခြင်းအကြောင်း ကောင်းကျိုးရော ဆိုးကျိုးရော တွေ့ရှိထားကာ မှတ်ဉာဏ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ပတ်သက်ပြီး မသေမချာတွေဖြစ်နေပါတယ်။

 

တစ်ရေးအိပ်စက်ခြင်းအပေါ် သက်ရောက်နေတဲ့ မျိုးဗီဇကွဲတွေအကြောင်း သုတေသီတစ်ဦးက လေ့လာခဲ့ပါတယ်။


အိပ်စက်ခြင်းအလေ့အထများနဲ့ ဆက်စပ်နေတဲ့ ဦးနှောက်ထုလည်နဲ့ သီးခြားဒီအင်န်အေအပိုင်းများကို စစ်ဆေးခြင်းဖြင့် သုတေသီများဟာ ကျန်းမာရေးသက်ရောက်မှုများ သိထားပြီးဖြစ်ပါတယ်။

 

ဒီနည်းလမ်းက တစ်ရေးတမောအိပ်ခြင်းနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကြား ဆက်စပ်မှုတွေ ဘက်မလိုက်နိုင်အောင် ဖော်ထုတ်ပေးမှာဖြစ်ပါတယ်။

 

လေ့လာချက်များအရ စမ်းသပ်ခံသူ ၅၇ ရာခိုင်နှုန်းက ဘယ်တော့မှ တစ်ရေးမအိပ်သလို ၃၈ ရာခိုင်နှုန်းက ရံဖန်ရံခါအိပ်တတ်ပြီး ၅ ရာခိုင်နှုန်းကတော့ အမြဲတမ်းအိပ်လေ့ရှိပါတယ်။

 

ဒါ့အပြင် အသက်အရွယ်ကြီးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါတို့ကလည်း ကျန်းမာရေးအခြေအနေအပေါ် သက်ရောက်မှုရှိနေနိုင်ပါတယ်။

 

Source: WION #World_Health #မှတ်ဉာဏ်ချို့ယွင်းချက်ကိုလျှော့ချနိုင်ဖွယ်ရှိ
#Yangon_Times