#World_Health
Published 25 June 2023


ရောဂါတစ်ခုစတင်ပျံ့ပွားရာမှာ ကပ်ရောဂါအဆင့်ဖြစ်မလာခင် ထိန်းချုပ်နိုင်ဖို့ရာ စောစီးစွာရှာဖွေတွေ့ရှိဖို့က အရေးကြီးပါတယ်။

 

NYU အဘူဒါဘီရှိ သုတေသီများထုတ်လုပ်လိုက်တဲ့ ကပ်ခွာအသစ်က လူတစ်ယောက် ရောဂါလက္ခဏာမပြခင်မှာပင် ရောဂါပဋိဇီဝပစ္စည်းတွေကို မိနစ်ပိုင်းအတွင်း တွေ့ရှိနိုင်မှာဖြစ်ပါတယ်။

 

အဆိုပါကပ်ခွာအသစ်က ကိုဗစ်-၁၉ရောဂါနဲ့ အခြားဗိုင်းရပ်စ်ရောဂါများကိုထိန်းချုပ်ရာမှာ အရေးပါတဲ့ ကိရိယာဖြစ်လာနိုင်ပါတယ်။

 

တစ်ခါသုံးကပ်ခွာတွေက သာမန်ကပ်ခွာပလာစတာလို ပုံစံမျိုးဖြစ်ပြီး ရွှေရောင်နာနိုအမှုန်လေးများပါဝင်ကာ သွေးထဲက ပဋိပစ္စည်းတွေကို တွေ့ရှိဖို့အတွက် အသုံးပြုရပါတယ်။

 

ရောဂါကိုစောစီးစွာရှာဖွေတွေ့ရှိခြင်းဖြင့် အနာဂတ်မှာ ရောဂါပျံ့ပွားခြင်းကိုကာကွယ်တဲ့နေရာမှာ ကပ်ခွာအသစ်က အရေးပါတဲ့ကဏ္ဍက ပါဝင်လာနိုင်ပါတယ်လို့ NYU အဘူဒါဘီရှိ တွဲဖက်ပရော်ဖက်ဆာ'မိုဟာမက်ကာဆာမက်'က ပြောပြသွားပါတယ်။

 

အသုံးပြုပုံကတော့ လက်ထိပ်ကိုသွေးဖောက်ပြီး ကပ်ခွာ ကပ်လိုက်ရတာဖြစ်ပါတယ်။

 

ကိုဗစ်လိုဗိုင်းရပ်စ်တွေရှိ/မရှိကို IgM ၊ IgG ပဋိပစ္စည်းများ တွေ့ရှိပါက ကပ်ခွာက ရောဂါရှိကြောင်း သိရှိမှာဖြစ်ပါတယ်။

 

ပဋိပစ္စည်းတွေ့ရှိပါက မိနစ်ပိုင်းအတွင်းမှာပဲ ကပ်ခွာပေါ်ကအစက်လေးက အနီရောင်ပြောင်းသွားမှာဖြစ်ပါတယ်။

 

အစက်ပုံစံအမျိုးမျိုးကလည်း ကိုဗစ်ကူးစက်မှု ဘယ်လောက်ဖြစ်ပွားနေလဲဆိုတာကို ပြသနေမှာဖြစ်ပါတယ်။

 

အခြားကူးစက်ရောဂါတွေကိုလည်း တွေ့ရှိနိုင်အောင် ဒီနည်းပညာကို အလွယ်တကူပြောင်းလဲနိုင်မယ်လို့ ကပ်ခွာတီထွင်တဲ့သုတေသီများ ယုံကြည်ထားပါတယ်။

 

အလွန်သေးတဲ့အပ်ငယ်များဖြင့် အလွယ်တကူလက်ထိပ်ဖောက်နိုင်အောင်လည်း ဆောင်ရွက်သွားနိုင်ဖွယ်ရှိကြောင်း စာတမ်းပြုစုသူ'မူဟာမက်ဒင်ဒီလီယာမန်'က ဆိုပါတယ်။

 

ကုန်ကျစရိတ်လည်း နည်းပါးတာကြောင့် နည်းပညာမြင့်ပစ္စည်းများ ရရှိရန်ခက်ခဲတဲ့ ကျေးလက်နေရာများမှာ အသုံးဝင်နိုင်ပါတယ်။

 

အနာဂတ်မှာ ဒီလိုကပ်ခွာစမ်းသပ်နည်းတွေကို စမတ်ဖုန်းတွေဖြင့် ပေါင်းစပ်အသုံးပြုနိုင်အောင် ဖန်တီးနိုင်ချေရှိနေပါသေးတယ်လို့ ကာဆာမက်က ဆိုပါတယ်။

 

Source: NY Post #World_Health #အခြားဗိုင်းရပ်စ်များအား မိနစ်ပိုင်းအတွင်းရှာဖွေတွေ့ရှိနိုင်မည့်ကပ်ခွာအသစ်
#Yangon_Times