#World_Health
Published 11 June 2023


ကိုဗစ်နောက်ဆက်တွဲလက္ခဏာခံစားရသူအများစုဟာ အချို့သောအဆင့်မြင့်ကင်ဆာဝေဒနာရှင်တွေထက်ပင် ဘဝကျန်းမာရေးနိမ့်ပါးနိုင်ကြောင်း သုတေသနတွေ့ရှိထားပါတယ်။

 

ကိုဗစ်နောက်ဆက်တွဲခံစားရသူတွေရဲ့ နေ့စဉ်ဘဝမှာ ပင်ပန်းနွမ်းနယ်ခြင်းက အထိခိုက်ဆုံးလက္ခဏာဖြစ်နေကြောင်း လန်ဒန်တက္ကသိုလ်ကောလိပ်နဲ့ အိတ်စ်တာတက္ကသိုလ်တို့မှ သုတေသီတို့က လေ့လာတွေ့ရှိထားပါတယ်။

 

ကင်ဆာနဲ့ဆိုင်တဲ့ သွေးအားနည်းရောဂါသည်များ၊ ကျောက်ကပ်ပြင်းထန်ရောဂါသည်များထက်ပင် ပိုမိုဆိုးရွားနေကြောင်း တွေ့ရှိခဲ့ကြပါတယ်။

 

ကိုဗစ်နောက်ဆက်တွဲလက္ခဏာဟာ မမြင်ရဘဲ လူအများစုဟာ သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်း ဘယ်လောက်ပြောင်းလဲသွားလဲဆိုတာကို သတိထားနေရတယ်လို့ ပရော်ဖက်ဆာ'ဝီလီယံဟန်လေ'က ပြောပြသွားပါတယ်။

 

ဒီအခြေအနေခံစားနေရသူတွေကို ထောက်ပံ့ပေးနိုင်ဖို့ အထောက်အထားခိုင်လုံတဲ့ ကူညီမှုတွေရရှိအောင် အရေးတကြီးသုတေသနပြုလုပ်ဖို့ လိုအပ်နေကြောင်း ဆိုပါတယ်။

 

ကိုဗစ်ကူးစက်ဖူးတဲ့လူတွေကို စစ်တမ်းကောက်ယူကြည့်ရာမှာ လူနာ ၉၀ ရာခိုင်နှုန်းကျော်လောက်က အသက် ၁၈ နှစ်မှ ၆၅ နှစ်ကြားဖြစ်ပြီး အရင်လအတွင်း အနည်းဆုံးတစ်ရက်ကြာအောင် အလုပ်မလုပ်နိုင်ကာ ၂၀ ရာခိုင်နှုန်းကတော့ လုံးဝအလုပ်မလုပ်နိုင်ခဲ့ကြောင်းသိရပါတယ်။

 

ထိုထဲက ၇၁ ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေဖြစ်ပါတယ်။


ကပ်ရောဂါဆိုင်ရာကျန်းမာရေး UCLတက္ကသိုလ်မှသုတေသီ ဒေါက်တာ'ဟင်နရီဂွတ်ဖဲလိုး'က ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေဟာ လူတွေရဲ့ဘဝကို ဆိုးရွားစွာသက်ရောက်စေပြီး ပင်ပန်းနွမ်းနယ်ခြင်းက အကြီးမားဆုံးပြဿနာဖြစ်နေကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

အဆိုပါလက္ခဏာများကို နားလည်သိရှိခြင်းဖြင့် ဆေးဘက်ဆိုင်ရာနေရာတွေမှာ ရွေးချယ်ကုသစရာများရှိလာစေမှာဖြစ်ပါတယ်။

 

Source: The Guardian #World_Health #ကိုဗစ်နောက်ဆက်တွဲလက္ခဏာများ
#YMG #Yangon_Media_Group