#World_News
Published 10 June 2023


မကြာမီကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲများမတိုင်မီ အံ့အားသင့်ဖွယ်သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။

 

မီဒီယာတစ်ခုရဲ့ဖော်ပြချက်အရ သမ္မတ'ဂျိုးဘိုင်ဒင်'ဟာ ယူကရိန်းဓာတ်ငွေ့ကုမ္ပဏီ'ဘာရစ္စမာဟိုးလ်ဒင်းစ်'ရဲ့ အမှုဆောင်တစ်ဦးထံမှ ဒေါ်လာ ၅ သန်းလက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဂျိုးဘိုင်ဒင်ရဲ့သား'ဟန်တာဘိုင်ဒင်'ဟာ ထိုကုမ္ပဏီရဲ့ဘုတ်အဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

 

ယူကရိန်းအစိုးရရှေ့နေ'ဗစ်ခ်တာရှိုကင်'မှ အကျင့်ပျက်ခြစားမှုစုံစမ်းစစ်ဆေးမှုကြောင့် အမေရိကန်ရေနံဈေးကွက်သို့ ဝင်ရောက်ရန်စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရတဲ့ ဓာတ်ငွေ့ကုမ္ပဏီရဲ့အမှုဆောင်အရာရှိနဲ့ ဆက်စပ်နေတာဖြစ်ပြီး ဘိုင်ဒင်ထံမှ မျက်နှာသာပေးမှုကို လိုချင်နေခဲ့တာဖြစ်ပါတယ်။

 

FBI က ၂၀၂၀ တုန်းက ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တစ်ခုနဲ့ ထိုကိစ္စအကြောင်းအင်တာဗျူးစဉ် သတင်းပေးခံခဲ့ရကာ ထိုစဉ်က ဒုသမ္မတဖြစ်ခဲ့တဲ့ဘိုင်ဒင်နဲ့ နိုင်ငံခြားသားတစ်ဦးတို့ဟာ လာဘ်ပေးလာဘ်ယူအမှုတစ်ခုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး အမေရိကန်မူဝါဒရေးရာ ဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှုရှိတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

 

အင်တာဗျူးပြောကြားသူဖော်ပြတဲ့ ၂၀၂၀ ဇွန်လ ၃၀ ရက်နေ့က တင်ပြချက်ဟာ အလွန်မှန်ကန်စိတ်ချရတယ်လို့ ဆိုပါတယ်။

 

ထိုသူဟာ ၂၀၁၅ ခုနှစ်ကစလို့ ဘာရစ္စမာမှအကြီးတန်းအမှုဆောင်များနဲ့ အစည်းအဝေးအများအပြား တက်ရောက်ဆွေးနွေးခဲ့ရတယ်လို့ ဆိုပါတယ်။

 

ထိုအစည်းအဝေးပွဲတွေမှာ ဘာရစ္စမာအမှုဆောင်က အမေရိကန်ရှိ ရေနံရပိုင်ခွင့်များရယူရန်နဲ့ အမေရိကန်ရေနံကုမ္ပဏီတစ်ခုနဲ့ ဆက်သွယ်ချိတ်ဆက်ရန်ကိစ္စများနဲ့ ပတ်သက်ပြီး သတင်းပေးသူထံကနေ အကြံဉာဏ်များရယူခဲ့ပါတယ်။

 

ယူကရိန်းအစိုးရရှေ့နေ'ဗစ်ခ်တာရှိုကင်'မှ ဆက်လက်စုံစမ်းစစ်ဆေးမှုများကြောင့် ဘာရစ္စမာက ဘိုင်ဒင်ကို ငွေပေးချေရမယ်လို့ အမှုဆောင်က ရှင်းပြခဲ့ပါတယ်။

 

ထိုစုံစမ်းစစ်ဆေးမှုအတွင်း ဘာရစ္စမာအနေနဲ့ အမေရိကန်ဈေးကွက်ထဲ ဝင်ရောက်ရာမှာ ရင်ဆိုင်ရမယ့်အခက်အခဲတွေကို အမှုဆောင်က အလေးထားဖော်ပြခဲ့ပါတယ်။

 

လျှို့ဝှက်သတင်းပေးက ဘာရစ္စမာအမှုဆောင်အနေနဲ့ ဘိုင်ဒင်နှစ်ယောက်အတွက် ဒေါ်လာ ၅ သောင်းစီပေးဖို့ အကြံပြုခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဘိုင်ဒင်တစ်ယောက်စီအတွက် ဒေါ်လာ ၅ သန်းပေးရတာဖြစ်တယ်လို့ ပြန်ပြင်ပြောခဲ့ပါတယ်။

 

ဒီလိုပေးချေဖြစ်သွားတာက ဘိုင်ဒင်တို့နဲ့ ဘာရစ္စမာအမှုဆောင်တို့ ပြောဆိုဆွေးနွေးတဲ့အပေါ် အခြေခံသွားတာဖြစ်ကြောင်း ထိုသတင်းပေးကဆိုခဲ့တယ်လို့ Fox News Digital ထံ အသိပေးခဲ့ပါတယ်။

 

ငွေပေးချေရာမှာ ဘဏ်အကောင့်အများအပြားသို့ လွှဲပေးခဲ့တာကြောင့် ထောက်လှမ်းရေးများ အနည်းဆုံးဆယ်စုနှစ်တစ်ခုလောက် အဖြစ်မှန်ဖော်ထုတ်နိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်။

 

Source: WION #World_News #ဒေါ်လာ(၅)သန်းဘိုင်ဒင်လာဘ်စားခဲ့ဟုသတင်းထွက် #YMG #Yangon_Media_Group