#Ukraine_Crisis
Published 5 June 2023


ယူကရိန်းတောင်ပိုင်း ဒိုနက်စ်ဒေသရှေ့တန်းတလျှောက်ရှိ နေရာ ၅ နေရာမှာ ရုရှားတပ်တွေက ယူကရိန်းအဓိကထိုးစစ်ကြီးကို တားဆီးခဲ့ပြီး ယူကရိန်းအားပေးတပ်ဖွဲ့ဝင်ရာနဲ့ချီ သေဆုံးခဲ့ကြောင်း ရုရှားဘက်က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

 

အဆိုပါတိုက်ခိုက်မှုဟာ ရုရှားတပ်တွေသိမ်းထားတဲ့ နယ်မြေတွေကိုပြန်လည်သိမ်းယူမယ့် ယူကရိန်းတန်ပြန်ထိုးစစ်စတင်ခြင်း ဟုတ်လားမဟုတ်လားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

 

ရုရှားထိန်းချုပ်နယ်မြေတွေကို စတင်ထိုးဖောက်ဝင်ရောက်မယ်လို့ သံသယရှိထားတဲ့ ဒိုနက်စ်တောင်ပိုင်းမှာ ယူကရိန်းတို့က စက်ယန္တရား ၆ ခုနဲ့ တင့်ကားတပ်ရင်း ၂ ခုကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

 

"မိမိတို့ရဲ့အရေးအကြီးဆုံးနေရာက ခံတပ်တွေကို ရန်သူက ထိုးဖောက်ကျော်ဖြတ်ဖို့ရည်ရွယ်တယ်လို့မြင်ပြီး ရန်သူတွေ အောင်မြင်မှုမရခဲ့ဘူး" လို့ ကာကွယ်ရေးဝန်ကြီးဌာနက မော်စကိုစံတော်ချိန် နံနက် ၁ နာရီခွဲမှာ တယ်လီဂရမ်၌ ကြေညာခဲ့ပါတယ်။

 

ယူကရိန်းသံချပ်ကာယာဉ်အများအပြား ကွင်းပြင်ထဲမှာ ထိမှန်ပြီးနောက် ပေါက်ကွဲသွားပုံတွေကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗီဒီယိုထုတ်လွှင့်ပြသခဲ့ပါတယ်။

 

ရုရှားတပ်တွေက ယူကရိန်းတပ်သား ၂၅၀ ကို သတ်နိုင်ခဲ့ကာ တင့်ကား ၁၆ စင်း၊ ခြေလျင်တိုက်ခိုက်ရေးယာဉ် ၃ စင်း၊ တိုက်ခိုက်ရေးသံချပ်ကာယာဉ် ၂၁ စင်းတို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ယူကရိန်းနယ်မြေရှိ ရုရှားစစ်ဆင်ရေးတွေကို တာဝန်ယူနေတဲ့ ရုရှားစစ်ဦးစီးချုပ်'ဗယ်လာရီဂျရာဆိုင်မော့'က ယူကရိန်းတိုက်ခိုက်တဲ့နေရာမှာ ရှိနေခဲ့ပါတယ်။

 

ရုရှားတပ်တွေကို တန်ပြန်တိုက်ခိုက်ရန် ယူကရိန်းဘက်က လနဲ့ချီပြင်ဆင်နေခဲ့တယ်လို့ ယူကရိန်းအရာရှိများနဲ့ CIA ညွှန်ကြားရေးမှူး'ဝီလီယံဘန်းစ်'တို့က ပြောကြားလိုက်ကာ ရုရှားသမ္မတ'ဗလာဒီမာပူတင်'ရဲ့မောက်မာမှုကို ထိုးဖောက်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

 

ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က တန်ပြန်ထိုးစစ်ဆင်ရန် အသင့်ဖြစ်နေပေမယ့် အောင်မြင်မှုရဖို့ အချိန်ယူရမှာဖြစ်ပြီး အဆုံးအရှုံးများနိုင်တယ်လို့ ဝေါလ်စထရိဂျာနယ်နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

 

ရုရှားစစ်သားတွေ ယူကရိန်းနယ်မြေကနေ တစ်ယောက်မကျန် ရှင်းမထုတ်မနိုင်မချင်း ရပ်တန့်သွားမှာမဟုတ်ဘဲ အဆိုပါကျူးကျော်မှုကို နယ်ချဲ့ပုံစံသိမ်းပိုက်မှုအဖြစ် ယူကရိန်းဘက်က ဆိုလိုက်ပါတယ်။

 

စစ်ပွဲကပြင်းထန်နေပြီး အနောက်နိုင်ငံက ဆက်စပ်တိုက်ခိုက်လာကြောင်းနဲ့ ရုရှားရဲ့သယံဇာတကြီးကို ဖော်ထုတ်ရန် ရည်ရွယ်နေတယ်လို့ ရုရှားကဆိုလိုက်ပါတယ်။

 

အနောက်နိုင်ငံက ယူကရိန်းအနေနဲ့ ရုရှားကိုအနိုင်ရစေချင်ပေမယ့် ရုရှားကိုပျက်စီးစေချင်တယ်ဆိုတာကိုတော့ ငြင်းဆန်ထားပါတယ်။

 

နေတိုး(NATO)နဲ့ရုရှားတို့ကြား ထိပ်တိုက်တွေ့ဆုံပါက တတိယကမ္ဘာစစ်ကိုဦးတည်နေကြောင်း အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က မနှစ်က ပြောကြားထားပါတယ်။

 

Source: Reuters #Ukraine_Crisis #ယူကရိန်းတပ်သားရာနဲ့ချီသေဆုံး
#YMG #Yangon_Media_Group