#World_Health
Published 11 February 2023

 

အိမ်ထောင်ရေးမှာ သိပ်ပြီးအဆင်မပြေကြသူတွေဟာ သွေးတွင်းသကြားဓာတ်နည်းနေနိုင်တယ်လို့ လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။

 

သက်တမ်းကြာရှည်လာတဲ့ အိမ်ထောင်တစ်ခုမှာ အိမ်ထောင်ရေးသာယာသည်ဖြစ်စေ မသာယာသည်ဖြစ်စေ သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှုရှိနေကြောင်း BMJ Open Diabetes Research & Care ဂျာနယ်မှာဖော်ပြထားပါတယ်။

 

အိမ်ထောင်ရှင်တွေနဲ့ လက်မထပ်ဘဲ အတူနေသူတွေဟာ အချိန်အတော်ကြာတဲ့အထိ စိတ်ခံစားချက်တွေမြိုသိပ်ကြရကြောင်း၊ ခံစားချက်မရှိရင် ကျန်းမာရေးထိခိုက်မှုရှိလာမှာဖြစ်ကြောင်း စာတမ်းပြုစုသူ'ကက်သရင်းဖော့ဒ်'က ဆိုပါတယ်။

 

၂၀၀၄ ကနေ ၂၀၁၃ အထိအသက် ၅၀ မှ ၈၉ နှစ်ကြား ဆီးချိုမရှိတဲ့ လူ ၃,၃၃၅ ယောက်ကိုလေ့လာခဲ့ပြီး သူတို့ရဲ့အိမ်ထောင်အခြေအနေက သွေးတွင်းသကြားဓာတ်ကို သက်ရောက်စေလားဆိုတာ ကြည့်ရှုခဲ့ကြပါတယ်။

 

စမ်းသပ်ခံသူတွေကို သူတို့အိမ်ထောင်ရေးရဲ့ အခြေအနေအကြောင်း မေးမြန်းခဲ့ကြကာ နှစ်စဥ်နှစ်တိုင်း HbA1c သွေးစစ်ဆေးနည်းပြုလုပ်ပြီး သွေးတွင်းသကြားဓာတ်ပမဏကို တိုင်းတာခဲ့ပါတယ်။

 

ကောက်ချက်ချခဲ့ရာမှာတော့ အိမ်ထောင်ရှိသူတွေဟာ ဘယ်လိုပဲအခြေအနေရှိသည်ဖြစ်စေ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းထားနိုင်ပါတယ်။

 

အိမ်ထောင်ရှိတဲ့အခြေအနေဟာ HbA1c ပမာဏကို ဆီးချိုအခြေအနေထိမရောက်အောင် ကာကွယ်ပေးနိုင်တဲ့သဘောဖြစ်ပါတယ်။

 

အိမ်ထောင်လက်တွဲဖော် ဆုံးရှုံးထားရသူတွေကို အားပေးထောက်ပံ့သင့်ပြီး ကျန်းမာရေးအန္တရာယ်တွေကို ဖြေရှင်းနိုင်ကြောင်း ဖော်ပြထားပါတယ်။

 

Source: NY Post
#Yangon_Media_Group