#World_Health
Published 25 January 2023

 

ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်း အာထရာဆောင်း ၂ ကြိမ်ထက်ပိုပြီး ရိုက်သင့်ကြောင်း ကျွမ်းကျင်သူများက ဆိုပါတယ်။

 

လက်ရှိမှာတော့ ကိုယ်ဝန်ဆောင်တွေဟာ ကိုယ်ဝန်သက်တမ်း ၁၂ ပတ်နဲ့ ၂၀ ပတ်နောက်ပိုင်းမှာ အာထရာဆောင်းရိုက်ဖို့ ညွှန်ကြားထားကြပါတယ်။

 

ဒါပေမဲ့ တကယ်တမ်းတော့ ၇ ကြိမ်အထိ ရိုက်သင့်တယ်လို့ အဆိုပြုလာကြပါတယ်။

 

အချို့သောသားဖွားမီးယပ်တွေကတော့ မလိုအပ်ဘဲ စကင်ရိုက်ခြင်းက မိဘတွေကို ပိုပြီးစိတ်ဖိစီးစေနိုင်တယ်လို့ ပြောကြားကြပါတယ်။

 

စကင်ရိုက်ခြင်းဖြင့် ချို့ယွင်းချက်များ၊ မူမမှန်ခြင်းများ၊ ကလေးနေရာပုံစံတို့ကို စောစောတွေ့ရှိနိုင်မှာဖြစ်တယ်လို့ 'ကိတ်ရစ်ချတ်ဆန်'က ဆိုပါတယ်။

 

NHS ရဲ့ စံနှုန်းအရ ဆီးချို၊ သွေးတိုးစတဲ့ ရောဂါအန္တရာယ်ရှိနိုင်တဲ့ကိုယ်ဝန်ဆောင်များကသာ ၂ ကြိမ်ထက်ပိုပြီး စကင်ရိုက်သင့်ပါတယ်။
ကိုယ်ဝန်သက်တမ်း ၁၁ ပတ်မှ ၁၄ ပတ်အတွင်း ပထမဆုံးအကြိမ် အာထရာဆောင်းရိုက်သင့်ပါပြီ။

 

သက်တမ်း ၁၈ ပတ်နဲ့ ၂၁ ပတ်ကြားမှာတော့ သန္ဓေသားဖွံ့ဖြိုးမှုနဲ့ ကျား/မခွဲခြားမှုလုပ်နိုင်တဲ့ စကင်ရိုက်နိုင်ပါပြီ။

 

အာထရာဆောင်းပညာရှင်တွေက ကလေးရဲ့ အရိုး၊ နှလုံး၊ ဦးနှောက်၊ ကျောရိုးမ၊ မျက်နှာ၊ ကျောက်ကပ်၊ ဝမ်းဗိုက်တို့ကို စစ်ဆေးပေးမှာဖြစ်ပါတယ်။

 

အရင်က ကိုယ်ဝန်ပျက်ကျဖူးတာရှိရင် စောစီးစွာ စကင်ရိုက်ထားသင့်ပါတယ်။

 

ဝမ်းဗိုက်ထဲမှာ ကလေးက ပုံမှန်မတည်ရှိနေဘူးဆိုတာကို စောစောသိရရင် မိဘတွေအနေနဲ့ သိပ်ပြီးစိတ်ထိခိုက်ခြင်း မဖြစ်နိုင်ဘူးလို့ မစ္စရစ်ချတ်ဆန်က ပြောကြားလိုက်ပါတယ်။

 

နောက်ဆုံးစကင်ကတော့ သက်တမ်း ၂၄ ပတ်နဲ့ ၄၀ ပတ်ကြားမှာ သန္ဓေသားရဲ့ တည်နေရာပုံစံကို စစ်ဆေးခြင်းဖြစ်ပါတယ်။

 

ကြိမ်ဖန်များစွာ စကင်ရိုက်ဖို့ မတိုက်တွန်းထားပေမယ့် တစ်စုံတစ်ရာ မူမမှန်တာမျိုးခံစားရတယ်ဆိုရင်တော့ အာထရာဆောင်းရိုက်ပြီး စစ်ဆေးသင့်ပါတယ်။

 

Source: Daily Mail
#Yangon_Media_Group