Published 9 June 2022

တောင်ကိုးရီးယားနိုင်ငံ ဒေဂူးမြို့ရှိ ရုံးအဆောက်အအုံတစ်ခုတွင် ဇွန် ၉ရက် ကြာသပတေးနေ့က ရှို့မီးဟုသံသယဖြစ်စရာ  မီးလောင်မှုကြောင့်  အနည်းဆုံးလူ(၇)ဦးသေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရရှိသွားခဲ့ကြတယ်လို့ ဒေသမီးသတ်နှင့်ရဲအရာရှိတွေကပြောပါတယ်။

မီးသတ်သမားဒါဇင်များစွာနှင့် မီးသတ်ယာဉ်တွေဟာ အခင်းဖြစ်ပွားရာသို့ အမြန်ဆုံးရောက်ရှိလာကြပြီး  ဒေသံစံတော်ချိန် မနက်၁၀နာရီ ၅၅မိနစ်ခန့်က စတင်လောင်ကျွမ်းခဲ့တဲ့ မီးကို ငြှိမ်းသတ်ခဲ့ကြပါတယ်။မီးဟာ ရုံးအဆောက်အဦကြီးရဲ့ ခုနှစ်ထပ်မှာ လောင်ကျွမ်းတာဖြစ်ပါတယ်။

လူ(၇)ဦးသေဆုံးကြောင်း သက်ဆိုင်ရာက အတည်ပြုပါတယ်။ အဲဒီအထဲမှာ ရှေ့နေရုံးခန်းကို မီးရှို့တယ်လို့ သံသယဖြစ်ရတဲ့ အမည်မသိသူတစ်ဦးလည်းပါဝင်ပါတယ်။

အနည်းဆုံး လူ၄၁ ဦးဒဏ်ရာရရှိခဲ့ကြပြီး အများစုကတော့ မီးခိုးတွေကြောင့် အသက်ရှုကြပ်ကြသူတွေဖြစ်ပါတယ်။ အဲဒီထဲက ၂၆ ဦးကို အနီးအနားက‌ ဆေးရုံတွေဆီ ပို့ဆောင်ခဲ့ကြတယ်လို့ ဒေးဂူးခရိုင်ရဲဌာနမှူး ပတ်ခ်ဆောင်ဂျင်းက ပြောပါတယ်။

တစ်ဦးတစ်ယောက်မျှ အခန်းထဲမှာ ပိတ်မိမနေဘူးလို့ ပတ်ခ်ကပြောပါတယ်။

အဲဒီသံသယဖြစ်စရာအမျိုးသားဟာ မီးရှို့ရာမှာ အသုံးပြုဖို့ဖြစ်နိုင်တဲ့ ပုံးတစ်လုံးကို သယ်ပြီး အိမ်ကထွက်ခွာသွားတာကို လုံခြံရေးကင်မရာကနေ တွေ့ရတယ်လို့ ဒေးဂူးမြို့ပြရဲတပ်ဖွဲ့က အရာရှိ ဂျုန်းဟေဝုခ် ကပြောပါတယ်။

သေဆုံးသူတွေအားလုံးကို အခန်းတစ်ခန်းထဲမှာပဲတွေ့ကြရပြီး ဘာကြောင့် ဖြစ်ရသလဲဆိုတာကို ရဲက စုံစမ်းမှုတွေပြုလုပ်နေပြီလို့ဂျုန်းက ပြောပါတယ်။

ဘီအိုမီအိုဒေါင်းရပ်ကွက်က အဲဒီအဆောက်ကအဦထဲကနေ မီးခိုးတွေထွက်လာတာကိုမြင်ရတဲ့ မျက်မြင်သက်သေတွေဆီက ရတဲ့ပုံတွေကို တောင်ကိုးရီးယား မီဒီယာတွေက ထုတ်ပြန်ပါတယ်။ ဒေးဂူးဟာ တောင်ကိုးရီးယားရဲ့ စတုတ္ထအကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ ၂.၆သန်းကျော်နေထိုင်ကြပါတယ်။

ဒေးဂူးမှာ မီးရှို့တိုက်ခိုက်မှုတွေ အဆိုးရွာဆုံးဖြစ်ခဲ့တဲ့ မှတ်တမ်းရှိခဲ့ပါတယ်။ ၂၀၀၃ခုနှစ်က အသက်၅၆နှစ်အရွယ် အမျိုးသားတစ်ဦးက မြေအောက်ရထားအတွင်း မီးရှို့ခဲ့လို့ လူပေါင်း ၁၉၂ ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။

Source AP