#WorldNews

Published -17 Oct  2021

အမေရိကန်ဒေါ်လာ ၁၀၄ သန်းတန်ဖိုးရှိတဲ့ ဘိန်းဖြူကုန်သွယ်မှုနဲ့အတူ မလေးရှားနိုင်ငံသားတစ်ယောက်ကို တရားမဝင်ဆေးခြောက်တင်ပို့မှုနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ဩစတြေးလျရဲတပ်ဖွဲ့က အောက်တိုဘာ ၁၆ ရက်နေ့မှာ ပြောသွားပါတယ်။

ဒီပမာဏဟာ နိုင်ငံအတွင်း ဘိန်းဖြူတင်ပို့မှုထဲမှာ အများဆုံးပမာဏဖြစ်ခဲ့ပါတယ်။
ဒီဘိန်းဖြူပို့ဆောင်မှုဟာ တန်ချိန် ၄၅၀ ကီလိုဂရမ်ရှိကာ စန္ဒရားကြီးတစ်ခုစာလောက် အလေးချိန်ရှိပါတယ်။

ထိုပစ္စည်းတွေကို ကြွေပြားတွေသယ်ဆောင်လာတဲ့ ရေကြောင်းပို့ဆောင်ရေးကွန်တိန်နာထဲမှာ ရှာတွေ့တာဖြစ်ပြီး မလေးရှားကနေ မဲလ်ဘုန်းစီးပွားရေးလုပ်ငန်းတစ်ခုဆီ ပို့ဆောင်မှာဖြစ်ကြောင်း လိပ်စာမှာရေးသားထား ရဲတွေက ဖော်ပြထားပါတယ်။

ဩစတြေးလျရဲ့ထုံးစံအတိုင်း အဖမ်းခံရသူရဲ့နာမည်ကို ထုတ်ဖော်မပြောထားပါဘူး။
တားမြစ်ထားတဲ့ ဆေးခြောက်တွေ လက်ဝယ်ပိုင်ဆိုင်မှု တင်ပို့ရောင်းချမှုတို့နဲ့ ထိုလူကို အမှုတပ်လိုက်ပြီဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်က တသက်တကျွန်းပဲလို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

ဩစတြေးလျ ဖက်ဒရယ် ရဲတပ်ဖွဲ့က မလေးရှားတော်ဝင်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းတိုက်ဖျက်နေတာဖြစ်ပါတယ်။
"ကျွန်မတို့နှစ်နိုင်ငံကြား အန္တရာယ်ဖြစ်စေမယ့် ရာဇဝတ်လုပ်ရပ်တွေကနေ ငွေကြေးသန်းပေါင်းများစွာ ရယူနေတဲ့ ရာဇဝတ်အဖွဲ့အစည်းတွေကို ဖော်ထုတ်အပြစ်ပေးနိုင်ဖို့အတွက် အတူတကွဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်" လို့ ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့အကြီးအမှူး ခရစ်ဆီဘားရက်က ပြောသွားပါတယ်။

ဩစတြေးလျနိုင်ငံမှာ ဘိန်းဖြူ ၂ ကီလိုဂရမ်သုံးစွဲတိုင်း လူ ၁ ယောက်နှုန်းသေဆုံးနေတာကြောင့် အခုဘိန်းဖြူဖမ်းဆီးနိုင်မှုဟာ လူ ၂၂၅ ယောက်ကို ကယ်ဆယ်ရာရောက်ခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။
Source CNA.