Published 16 Sept 2021

 
ကြက်သီးမွေးညင်းထစရာ ဂန္တဝင်မြောက်သရဲကား (၁၃)ကားကိုကြည့်ရင် ဒေါ်လာ ၁၃၀၀ ပေးမယ်လို့ ကုမ္ပဏီတစ်ခုက သရဲကားပရိသတ်တွေကို ကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။
သူတို့က သရဲကားကြည့်ပြီးသူတွေရဲ့ နှလုံးခုန်နှုန်းကို စောင့်ကြည့်လေ့လာပြီး ဘတ်ဂျက်နည်းသရဲကားတွေနှင့် ဘတ်ဂျက်များသရဲကားတွေအကြားမှာ ကြောက်ရွံ့မှုအဆင့်ပြကိန်း တွေ နှိုင်းယှဉ်ဖို့ဖြစ်တယ်လို့ဆိုပါတယ်၊
ဘဏ္ဍာရေးအကြံပေးဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ FinanceBuzz က “ သရဲကားတွေရဲ့ နှလုံးခုန်နှုန်းဆန်းစစ်လေ့လာခြင်း” အစီအစဉ်ကို ကြေညာခဲ့တာဖြစ်ပြီး ကုန်ကျစရိတ်(ဘတ်ဂျက်)အမျိုးမျိုးနှင့် ရိုက်ကူးထားတဲ့ သရဲကားပေါင်းစုံ (၁၃)ကားကို ကြည့်ပြီး ကုန်ကျစရိတ်များတဲ့ကားနှင့် ကုန်ကျစရိတ်နည်းတဲ့ကားအကြား ဘယ်လောက်ကြောက်ကြသလဲဆိုတာကို တိုင်းတာကြမှာဖြစ်ပါတယ်။
အရွေးချယ်ခံရတဲ့သူတွေဟာ သရဲကားကြည့်နေတဲ့အချိန်မနှာ နှလုံးခုန်နှုန်းကို ကိရိယာလေးက တိုင်းတာပေးဖို့ FitBit ကိရိယာကို တပ်ဆင်ကြရပါမယ်။
ဝက်ဘ်ဆိုက်က ရွေးချယ်ထားတဲ့ကားတွေက a Amityville Horror၊ A Quiet Place၊ A Quiet Place Part 2 ၊ Candyman၊ Insidious၊ The Blair Witch Project,၊ Sinister၊ Get Out၊ The Purge၊ Paranormal Activity နှင့် ၂၀၁၈နှစ်တုန်း ကပြန်ရိုက်ကူးထားတဲ့ Halloween ဇာတ်ကားတွေပဲဖြစ်ကြပါတယ်။

အရွေးခံရတဲ့သူတွေဟာ သရဲကားကြည့်ပြီး အစမ်းသပ်ခံတဲ့အတွက် ဒေါ်လာ၁၃၀၀ ရရှိပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ရုပ်ရှင်တောက်လျောက် ကြည့်နေစဉ်အတွင်းတပ်ဆင်ထားဖို့ FitBit စက်ကလေးကို ပေးထားမှာဖြစ်ပါတယ်။ဒေါ်လာ၅၀တန် လက်

ဆောင်ကတ်ပြာ တစ်ခုစီကိုလည်း ရုပ်ရှင်ကားငှားကြည့်ဖို့ကုန်ကျစရိတ်အဖြစ် ထုတ်ပေးပါမယ်လို့ ဝက်ဘ်ဆိုက်က ကြေညာထားပါတယ်။

စကျတငျဘာ ၂၆ရကျကစပွီး လြှောကျလှှာတှကေိုလကျခံမှာဖွစျပီဲး ရှေးခယြျခံရသူတှစောရငျးကို အောကျတိုဘာ ၁ရကျနေ့မှာ ကွညောပေးမှာဖွစျပါတယျ။

Source: UPI