Published 23 June 2022
ဆမ်ဆောင်းရဲ့ အချို့သော စမတ်ဖုန်းတွေမှာ ရေစိုခံ water-resistance လုပ်ဆောင်နိုင်မှုနှင့် ပတ်သက်ပြီး အထင်မှားစေအောင် ကြေညာခဲ့တာတွေကြောင့် ဩစတြေလျမှာရှိတဲ့ ဆမ်ဆောင်းအီလက်ထရွန်နစ် ပြည်တွင်းဌာနကို ဩစတြေလျဒေါ်လာ၁၄သန်း( အမေရိကန်ဒေါ်လာ၉.၆၅သန်း) ဒဏ်ငွေပေးဆောင်ဖို့ ဩစတြေလျရဲ့ တရားရုံးတစ်ခုက အမိန့်ချလိုက်တယ်လို့ နိုင်ငံရဲ့ ယှဉ်ပြိုင်မှုဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့က ဇွန် ၂၃ရက်က ပြောလိုက်ပါတယ်။
ဆမ်ဆောင်းဩစတြေလျဟာ ယင်းရဲ့ အချို့သော ဂလက်ဆီဖုန်းတွေမှာ ရေစိုခံ water-resistance အဆင့်နှင့်ပတ်သက်လို့ ဝယ်သူတွေ အထင်မှားစေအောင်လုပ်ခဲ့တယ်လို့ ဩစတြေလျယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးအဖွဲ့(ACCC) က ပြောပါတယ်။ ၂၀၁၉ ဇူလိုင်မှာ အဲဒီအဖွဲ့က ကုမ္ပဏီကို ပထမဆုံးတရားစွဲခဲ့တာဖြစ်ပါတယ်။
၂၀၁၆ခုနှစ် မတ်လကနေ ၂၀၁၈ခုနှစ် အောက်တိုဘာလအတွင်း ကုမ္ပဏီဟာ စတိုးဆိုင်တွေနှင့် ဆိုရှယ်မီဒီယာ ကြော်ငြာတွေမှာ အဲဒီဖုန်းတွေကို ရေကူးကန်ထဲ ဒါမှမဟုတ် ပင်လယ်ရေထဲမှာ အသုံးပြုနိုင်တယ်လို့ အခိုင်အမာရေးသားပြောဆိုခဲ့တာပါလို့ အဖွဲ့ကပြောပါတယ်။
ဒါပေမယ့် တကယ်တမ်းမှာ အသုံးပြုသူတွေထံမှ တိုင်တန်းမှု ရာပေါင်းများစွာရရှိခဲ့ပြီး ဖုန်းတွေဟာ ရေနှင့်ထိတွေ့ပြီးနောက် လုပ်ဆောင်မှုတွေ ပုံမှန်အလုပ်မလုပ်တော့တာ လုံးဝအလုပ်မလုပ်တော့တာတွေဖြ်ခဲ့တယ်လို့ တိုင်တန်းသူတွေက ပြောခဲ့ကြပါတယ်။
“ဒီဂလက်ဆီဖုန်းတွေအတွက် ရောင်းချရာမှာ အရေးကြီးတဲ့ အကြောင်းပြချက်တစ်ခုဖြစ်ခဲ့တယ်။ ဝယ်သူတော်တော်များများဟာ ဖုန်းအသစ်တစ်လုံးကို ဝယ်ဖို့မဆုံးဖြတ်ခင် အဲဒီအထင်မှားစေတဲ့ ကြေညာကြောင့် ဝယ်ဖြစ်သွားကြတယ်” လို့ အဖွဲ့ကပြောပါတယ်။
ဆမ်ဆောင်းဆီက အဲဒါနှင့်ပတ်သက်လို့ချက်ခြင်းတုန့်ပြန်မှုမရသေးပါလို့ ရိုက်တာကရေးပါတယ်။
Source: Reuters
 
	    	  	
	    	       
	