ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အတိုင်ပင်ခံအကြီးအကဲ မူဟာမက်ယူနက်စ်က ပေကျင်းက သီးသန့်အင်တာဗျူးတစ်ခုအတွင်း တရုတ်-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစီးပွားရေးဆက်ဆံရေးမှုအကြောင်း ပြောကြားရာမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုရဲ့ အရေးပါမှုအကြောင်းကို ချီးကျူးပြောဆိုသွားပါတယ်။
#Asia_Politics
Published 08 Apirl 2025
#မူဟာမက်ယူနက်စ် #တရုတ်ရင်းနှီးမြှုပ်နှံမှု
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 08 Apirl 2025
၁။ ငလျင်ကြောင့် ကလေးများ ပုံမှန်ပြန်ဖြစ်ချိန်ကြာပါက ပညာရှင်များနှင့် ချိတ်ဆက်ရန် အကြံပြု
၂။ မြန်မာနိုင်ငံသားများအတွက် အလုပ်နှင့်သက်ဆိုင်သည့် ကာလရှည်နေထိုင်ခွင့်သက်တမ်း ၃လမှ ၆ လအထိတိုးမြင့်
၃။ တစ်ပတ်အတွင်း မန္တလေးအပါအဝင် ဒေသအများစု မိုးအသင့်အတင့်မှမိုးများနိုင်
၄။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း တရုတ်စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံ့အကြီးအကဲ မူဟာမက်ယူနက်စ်ချီးကျူးပြောဆို ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 08 April 2025
▪️ ပဋိပက္ခတွေနဲ့ ရုန်းကန်နေရတဲ့ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ ယီမင်နဲ့ ဆင်းရဲနွမ်းပါးတဲ့ အခြား ၁၁ နိုင်ငံတို့မှ လူသန်းပေါင်းစွာကို ကူညီထောက်ပံ့ပေးနေတဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) အတွက် ငွေကြေးထောက်ပံ့မှုတွေကို ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က အဆုံးသတ်လိုက်ပြီလို့ ထိုအဖွဲ့အစည်းနဲ့ အရာရှိများက ပြောသွားပါတယ်။
▪️ အကြီးမားဆုံး အစားအစာ ထောက်ပံ့ရေးဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က အမေရိကန်ရဲ့ အဆုံးသတ်မှုကို ပြန်လည်ရုပ်သိမ်းပေးဖို့ တနင်္လာနေ့က ဆိုရှယ်မီဒီယာပို့စ်တစ်ခုကနေ မေတ္တာရပ်ခံခဲ့ပါတယ်။
▪️ ယခုလိုမျိုး ကန်ထရိုက်ဖျက်သိမ်းလိုက်တာဟာ နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ အမေရိကန်အေဂျင်စီမှ ပြုလုပ်နေတဲ့ လူသားချင်းစာနာမှု နောက်ဆုံးပရိုဂရမ်တွေကို ပစ်မှတ်ထား အဆုံးသတ်လိုက်တဲ့သဘော ဖြစ်တယ်လို့ အမေရိကန်အရာရှိနဲ့ ကုလအရာရှိတို့ ပြောကြားချက်များအရ သိရပါတယ်။
▪️ ဒါဟာ အလွန်အမင်း ဆာလောင်ငတ်မွတ်နေတဲ့ လူသန်းပေါင်းများစွာအတွက် သေဒဏ်ချမှတ်ခံရသလို ဖြစ်နိုင်တယ်လို့ WFPက Xဆိုရှယ်မီဒီယာမှာ ပြောထားပါတယ်။
▪️ အသက်ကယ် အစီအစဉ်များအတွက် ဆက်လက်ထောက်ပံ့ပေးဖို့ ထရမ့်အစိုးရအဖွဲ့နဲ့ ဆက်သွယ်နေပြီး ယခင်က ထောက်ပံ့လှူဒါန်းခဲ့တဲ့ အမေရိကန်နဲ့ အခြားနိုင်ငံများကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောပါတယ်။
▪️ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ အစိုးရအဖွဲ့မှ အခြားအရာရှိများကတော့ အရေးပေါ် စားနပ်ရိက္ခာ အစီအစဉ်များနဲ့ အခြားသော သာရေးနာရေးအကူအညီများကိုတော့ အဆုံးသတ်ခြင်းကနေ လျှော့ပေါ့ထားပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
▪️ ပြည်တွင်းစစ်ဒဏ်ကြောင့် ဆင်းရဲခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရတဲ့ ဆီးရီးယားကို ထောက်ပံ့မှုအဆုံးသတ်လိုက်တဲ့ အစီအစဉ်မှာဆိုရင် လူပေါင်း ၁ သန်းခွဲအတွက် နေ့စဉ် ပေါင်မုန့်နဲ့ အခြားစားစရာများ ထောက်ပံ့နေပြီး ဒေါ်လာ ၁၁၁ သန်းတန်ဖိုး ရှိပါတယ်။
▪️ အမေရိကန်က ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း စာချုပ်ဖျက်သိမ်းတဲ့ စာစောင် ၆၀ ခန့်ကို ပေးပို့ခဲ့ပြီး ထိုထဲမှာ ယီမင်၊ လက်ဘနွန်၊ ဂျော်ဒန်တို့လို အထိခိုက်ဆုံးနိုင်ငံတွေ ပါဝင်နေပါတယ်။
▪️ အမေရိကန်ရဲ့ ကူညီထောက်ပံ့ရေး လျှော့ချမှုတွေက တစ်ကမ္ဘာလုံးမှာ မတည်မငြိမ်ဖြစ်စေလာနိုင်တယ်လို့ WFPအကြီးအကဲ စင်ဒီမက်ကိန်းက ပြောသွားပါတယ်။
#Source: AP News
#World_Science
Published 08 April 2025
▪️ အမွှေးရှည်ဆင်ကြီးရဲ့ ရုပ်ကြွင်းတွေကို ရှားရှားပါးပါး တွေ့ရှိခဲ့ရာမှာ ရှေးခေတ်လူသားတွေ ဘယ်လိုမျိုး အမဲလိုက်လဲဆိုတာကို သိရှိလာရပါတယ်။
▪️ ဩစတြီးယားအောက်ပိုင်း Langmannersdorf an der Perschlingမှာ သိပ္ပံပညာရှင်တွေက သက်တမ်းနှစ် ၂၅,၀၀၀ ခန့်ရှိတဲ့ ဧရာမအမွှေးရှည်ဆင်ကြီး ၅ ကောင်ရဲ့ ရုပ်ကြွင်းတွေကို တူးဖော်ရရှိခဲ့ပြီး ရှေးခေတ်လူသားတွေ အမဲလိုက်သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ပုံစံ မြင်တွေ့ရပါတယ်။
▪️ Perschlingတောင်ကြား နေရာငယ်တစ်ခုထဲမှာ ကျောက်ကိရိယာတွေ၊ ရက်ရက်စက်စက် သားဖြတ်ထားတဲ့ လက္ခဏာတွေလည်း တွေ့ခဲ့ကြပြီး ပလိုက်စ်တိုဆင်း နှောင်းပိုင်းခေတ်အတွင်း လူသားတွေရဲ့ အမဲလိုက်ပုံစံကို သိရှိခွင့်ရခဲ့ပါတယ်။
▪️ ဩစတြီးယား ရှေးဟောင်းတူးဖော်ရေး အဖွဲ့အစည်း(OAI)မှ မာ့ခ်ဟန်ဒယ်ဦးဆောင်တဲ့ အဖွဲ့က တူးဖော်ခဲ့ကြတာဖြစ်ပြီး ဥရောပအမွှေးရှည်ဆင်အရိုး စုဆောင်းရေးပရောဂျက်ရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။
▪️ အရိုးတွေမှာ ကိရိယာပစ္စည်းတွေကြောင်ကျန်တဲ့ အမာရွတ်တွေ အမှတ်အသားတွေ တွေ့ရတာကြောင့် သားဖြတ်ခံခဲ့ရတယ်ဆိုတဲ့သဘော ဖြစ်နေပါတယ်။
▪️ ဒါ့အပြင် ဆင်စွယ်ရုပ်ကြွင်းတွေ အပြည့်အစုံရော ကျိုးပဲ့နေတာတွေပါ တွေ့ရှိသဖြင့် ထိုခေတ်ကလူတွေဟာ ဆင်စွယ်တွေကို အသုံးချခဲ့ဟန်ရှိပြီး လှံထိပ်ဖူးအတွက် အသုံးပြုခဲ့ဖွယ်ရှိတယ်လို့ ယူဆနေကြပါတယ်။
▪️ ဒါကြောင့်ပဲ ထိုခေတ်ကလူတွေဟာ ထင်ထားတာထက်ပိုပြီး အသုံးချနိုင်စွမ်းရှိတာကို မြင်တွေ့ရတယ်လို့ မာ့ခ်ဟန်ဒယ်က ပြောပါတယ်။
▪️ တွေ့ရှိချက်အရ ထိုခေတ်ကလူတွေဟာ တိရိစ္ဆာန်တွေရဲ့ အလေ့အထတွေကို နှံ့စပ်စွာသိရှိပြီး အမဲလိုက်ရာမှာ အသုံးချခဲ့တယ်လို့ ထင်စရာဖြစ်နေပါတယ်။
▪️ ဒီပရောဂျက်ရဲ့ ရည်ရွယ်ချက်က လူသားတွေရဲ့ အမဲလိုက်ခြင်းအကြောင်း ပိုမိုသိရှိစေရန်နဲ့ ရှေးခေတ်လူသားတွေ အမွှေးရှည်ဆင်ကြီးတွေကို ဘယ်လိုအသုံးချလဲဆိုတာ ဆန်းစစ်ဖို့ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
#Source: WION
#World_Health
Published 08 April 2025
▪️ နေ့ခင်းနေ့လယ် တစ်ရေးတစ်မောအိပ်ပြီး ညရောက်တဲ့အခါ ပုံမှန်အိပ်ပျော်ဖို့ ခက်ခဲတာမျိုး ဖြစ်တတ်ပါတယ်။
▪️ နေ့ခင်းတစ်ရေးအိပ်ခြင်းက အကောင်းရော အဆိုးပါ ဖြစ်နိုင်စေတယ်လို့ ယူကေ ဝါဝစ်ခ်ဆေးတက္ကသိုလ်မှ စိတ်ကျန်းမာရေး တွဲဖက်ပရော်ဖက်ဆာ တယ်လာမော့ခ်တာရီယန်က ဖော်ပြထားပါတယ်။
▪️ မှန်ကန်စွာ အိပ်စက်တတ်ရင် ဦးနှောက်ကို အားဖြည့်ပေးပြီး အာရုံစူးစိုက်မှု၊ ကျန်းမာရေးတို့ကို တိုးတက်စေပေမယ့် ကောင်းစွာအသုံးမချရင်တော့ ညဘက်အိပ်ပျော်ဖို့ ခက်ခဲစေနိုင်ပါတယ်။
▪️ အဓိကကွာခြားသွားတာက အချိန်နဲ့ ကြာချိန်တို့ဖြစ်ပါတယ်။
▪️ အများစုဟာ မွန်းလွဲအစောပိုင်း ၁ နာရီနဲ့ ၄ နာရီကြားမှာ နိုးကြားမှုကျဆင်းသွားလေ့ရှိပါတယ်။
▪️ ခန္ဓာကိုယ်တွင်းစက်ဝန်းက တစ်နေ့တာမှာ နိုးကြားမှုနဲ့ ပင်ပန်းမှုတို့ကို လည်ပတ်ပေးစွမ်းနေပြီး ထိုအချိန်အတွင်းမှာ လူအများစု ငိုက်မျဉ်းတတ်ကြပါတယ်။
▪️ ဒါကြောင့် ထိုအချိန်ဟာ တစ်ရေးအိပ်ဖို့ အသင့်လျော်ဆုံး ဖြစ်ပါတယ်။
▪️ တစ်ရေးအိပ်ပြီးနောက် အလင်းရောင်ကောင်းကောင်းနဲ့ ထိတွေ့လိုက်ရင် နွမ်းနယ်မှုကို သက်သာစေကာ ညအိပ်စက်မှုကို အနှောင့်အယှက်မဖြစ်စေဘဲ ဦးနှောက်စွမ်းရည် တိုးတက်စေနိုင်တယ်လို့ ဆိုပါတယ်။
▪️ ဒါပေမဲ့ တစ်ရေးအိပ်ရာမှာ နှစ်ခြိုက်စွာအိပ်စက်ခြင်းအဆင့်အထိ မရောက်အောင် နာရီဝက်အောက်သာ အိပ်ဖို့က အရေးကြီးပါတယ်။
▪️ နော့သ်ဝဲလ်စတေတင် အိုက်လန်တက္ကသိုလ်ဆေးရုံမှ အိပ်စက်မှုဆေးပညာ ညွှန်ကြားရေးမှူး ဒေါက်တာ သောမတ်စ်မိုက်ကယ်ကီလ်ကင်နီက မွန်းလွဲ ၁ နာရီမှ ၃ နာရီကြား မိနစ် ၂၀ ခန့် တစ်ရေးအိပ်ခြင်းက နိုးကြားမှုနဲ့ ဦးနှောက်စွမ်းရည်တို့ တိုးတက်စေတယ်လို့ ပြောထားပါတယ်။
▪️ ဒီထက်ကြာအောင် အိပ်လိုက်ရင် ဦးနှောက်က ဆက်လက်အိပ်စက်လိုစိတ် ဖြစ်လာပါလိမ့်မယ်။
▪️ ဒါ့အပြင် ပုံမှန်ညအိပ်ချိန် ရောက်တဲ့အခါ အိပ်စက်လိုစိတ်ကို အနှောင့်အယှက် ဖြစ်စေနိုင်ပါသေးတယ်။
#Source: New York Post
တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့တွေဟာ မြန်မာနိုင်ငံအတွင်း မြေငလျင်ဒဏ် အဆိုးဆုံးခံစားခဲ့ရတဲ့ နေရာတွေထဲက တစ်ခုဖြစ်တဲ့ မန္တလေး အမရပူရရှိ ဆေးအကူအညီစခန်းတစ်ခုသို့ ကြာသပတေးနေ့က ရောက်ရှိလာကာ ကုသရေးနဲ့ ဆေးဘက်ဆိုင်ရာ အကြံပေးတိုင်ပင်မှုများအပြင် သဘာဝဘေးကြောင့် ဒုက္ခရောက်နေသူများအတွက် လိုအပ်တဲ့အထောက်အပံ့များ ပေးသွားမှာဖြစ်ပါတယ်။
#Asia_Crisis
Published 07 Apirl 2025
#ငလျင်ဒဏ်အကြီးမားဆုံးခံစားခဲ့ရ #တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့များကုသပေး
#YMG #Yangon_Times #Yangon_Media_Group
၇ ဧပြီ ၂၀၂၅
မြန်မာနိုင်ငံတွင် လှုပ်ရှားခဲ့သော အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ယနေ့ဧပြီ ၇ရက် ညနေပိုင်း အထိ သေဆုံးသူ ၃၆၀၀ ဦးရှိသွားပြီလို့သိရပါတယ်။
ဧပြီ ၇ရက် ည (၇)နာရီတွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ သေဆုံးသူ ၃၆၀၀ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၀၁၇ ဦးနှင့် ပျောက်ဆုံးသူ ၁၆၀ ဦး အထိရှိသွားပြီဖြစ်ပါတယ်။
ကူညီကယ်ဆယ်မှုများအနေဖြင့် နိုင်ငံပေါင်း ၂၀ မှ လေယာဉ် ၉၄ ခေါက်၊ မော်တော်ယာဉ် ၆ စီး နှင့် သင်္ဘော ၅ စီးတို့ဖြင့် ကယ်ဆယ်ရေးကူညီပြီးဖြစ်တယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၇၃၈ ဦး စေလွှတ်ကူညီမှုတွေ ပေးခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။
ထောက်ပံ့ရေးပစ္စည်း ၁၂၈၁ တန်ကျော် ကယ်ဆယ်ရေးပစ္စည်း ၈၄၄ တန်ကျော်ရောက်ရှိပြီး လည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းအဖွဲ့တွေနှင့် နိုင်ငံတကာမှကူညီကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အသက်ရှင်လျက် အမျိုးသား ၃၃၈ဦး အမျိုးသမီး ၃၁၅ဦး စုစုပေါင်း ၆၅၃ဦး ကယ်ထုတ်နိုင်ခဲ့ ပါတယ်လို့သိရပါတယ်။ သေဆုံးနေသူ အမျိုးသား ၃၄၀ဦး အမျိုးသမီး ၃၆၀ ဦးနှင့် စုစုပေါင်း ၇၀၀ဦးတို့ရဲ့ အလောင်းများကို ဖော်ယူဆွဲထုတ်နိုင်ခဲ့ကြတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
ရုရှား၊ တရုတ်၊တရုတ်(ဟောင်ကောင်)၊အိန္ဒိယ၊ထိုင်း၊စင်္ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ဗီယက်နမ်၊ ယူအေအီး၊လာအို၊ဘီလာရုစ်၊အင်ဒိုနီးရှား၊ဘူတန်၊ဖိလစ်ပိုင်၊ဂျပန်၊နီပေါ၊ပါကစ္စတန်၊တူကီယဲလ်၊အမေရိကန်၊သီရိလင်္ကာ၊ဟောင်ကောင်စတဲ့ နိုင်ငံ ၂၀ ကကူညီကယ်ဆယ်မှုများ၊ထောက်ပံ့ပစ္စည်းများ ပေးပိုခဲ့ကြပါ တယ်။
Page 141 of 1060