#World_Science
Published 17 July 2025
▪️ ချီလီနိုင်ငံမှ ဗီရာရူဘင်အဝေးကြည့်မှန်ပြောင်းဟာ ၁၀ နာရီအတွင်းမှာပင် ဂြိုဟ်မွှားအသစ်ပေါင်း ၂,၁၀၀ ကို တွေ့ရှိရိုက်ကူးမိခဲ့ပါတယ်။
▪️ အဆိုပါ အာကာသစောင့်ကြည့်ရေးမှန်ပြောင်းဖြင့် စကြဝဠာကြီးကို စူးစမ်းရာမှာ ယခင်နဲ့မတူတဲ့မစ်ရှင်တွေ စတင်လိုက်ပြီဖြစ်ပါတယ်။
▪️ သူ့မှာ ကမ္ဘာ့အကြီးဆုံး ဒီဂျစ်တယ်ကင်မရာ ၃,၂၀၀ မဂ္ဂါပစ်ဇယ်ဆင်ဆာ ပါဝင်ပြီး အာကာသကနေ ပထမဆုံးပုံရိပ်တွေကို မကြာသေးမီက ပြသခဲ့ပါတယ်။
▪️ ချီလီမြောက်ပိုင်း ပါချွန်တောင်ကုန်းမှာတည်ရှိပြီး နေစကြဝဠာစနစ် ဖြစ်ပေါ်ပုံတွေနဲ့ ကမ္ဘာကြီးကို ခြိမ်းခြောက်နိုင်မယ့် ဂြိုဟ်မွှားတွေကို တွေ့ရှိဖို့ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။
▪️ ရူဘင်အာကာသကြည့်မှန်ပြောင်းက ကောင်းကင်နေရာကျဉ်းလေးတစ်ခုမှာပဲ ၁၀ နာရီအတွင်း မသိခဲ့တဲ့ ဂြိုဟ်မွှားပေါင်း ၂,၁၀၀ ကျော်ကို တွေ့ရှိခဲ့တာဖြစ်ကာ ယခင်က ကမ္ဘာပေါ်က အာကာသကြည့်မှန်ပြောင်း အားလုံးပေါင်းရင်တောင် တစ်နှစ်ကို ဂြိုဟ်မွှား ၂ သောင်းလောက်ပဲ တွေ့ရှိခဲ့ကြပါတယ်။
▪️ စကြဝဠာကြီးကို ဖုံးကွယ်ထားတဲ့ အရာတွေကို ရှာဖွေဖို့ကြိုးစားတဲ့ အမေရိကန် နက္ခတ္တပညာရှင် ဗီရာစီရူဘင်ရဲ့အမည်အတိုင်း ပေးခဲ့တာဖြစ်ပါတယ်။
ဒီမှန်ပြောင်းက လူသားတွေချည်းပဲ လုပ်ကိုင်နေတာထက် အချက်အလက်များစွာ ပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
▪️ အာကာသပညာရှင်တွေက AI ပစ္စည်းများအသုံးပြုပြီး တကယ်လက်တွေ့ အချက်အလက်တွေကို ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။
▪️ ဒီမှန်ပြောင်းက ဂြိုဟ်မွှားများ၊ ဂလက်ဆီများ၊ ကြယ်များ၊ အမှုန်များကို ရှာဖွေဖို့ရာ အရေးပါတဲ့ကဏ္ဍက ပါဝင်ဖို့ မျှော်မှန်းထားပြီး အရေးပါဆုံးစီမံကိန်းတွေထဲကတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
#Source: WION
ဂျပန်မှာ ၂၀၂၄ ခုနှစ်က လူဦးရေပြဿနာ ပိုမိုဆိုးရွားခဲ့ပြီး ကလေးမွေးဖွားမှု ၆၈၆,၀၆၁ ဦးဖြင့် စံချိန်တင်အနည်းဆုံးဖြစ်ခဲ့သဖြင့် လူဦးရေတိုးပွားအောင်လုပ်ဖို့ အာဏာပိုင်များ ဖိအားများလာပါတယ်။
#Asia_News
Published 16 July 2025
#ဂျပန်ကျေးလက်ဒေသ #လူဦးရေကျဆင်းမှုကိုဖြေရှင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 16 July 2025
၁။ ရန်ကုန်မြို့ရှိ ကွန်ဒိုများငလျင်အာမခံထားရှိမှုများပြားလာ
၂။ တရုတ်ပို့မည့်ကုန်စည်အုပ်စု၇မျိုး မှတ်ပုံတင်ရန် Manual စနစ်ဖြင့်လျှောက်ထားရမည်
၃။ မုတ်သုံလေအားကောင်းနေ၍ မိုးပိုကောင်းပြီးနေရာကွက်၍မိုးကြီးနိုင်
၄။ ဂျပန်ကျေးလက်ဒေသတစ်ခု၌ လူဦးရေကျဆင်းမှုကိုဖြေရှင်းရန် လုပ်ငန်းအခွင့်အလမ်းများ ဖန်တီးကာလူတွေကိုဆွဲဆောင်ရန်ကြိုးပမ်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 16 July 2025
▪️ American Idol မှ ဂီတကြီးကြပ်ရေးမှူးနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ လော့စ်အိန်ဂျလိစ်မှာရှိတဲ့ သူတို့ရဲ့ ဒေါ်လာ ၄ သန်းခွဲတန်အိမ်ကြီးထဲမှာ နှစ်လောင်းပြိုင်လုပ်ကြံခံခဲ့ရကြောင်း ရဲဘက်က ပြောပါတယ်။
▪️ American Idol မှာ ကြီးကြပ်ရေးမှူးအဖြစ် လုပ်နေတဲ့ ဂီတဆုရှင် ရော်ဘင်ကေးနဲ့ အဆိုတော် သောမတ်စ်ဒယ်လူကာတို့ဟာ အသက် ၇၀ ရှိပြီဖြစ်ပြီး သူတို့ရဲ့နေအိမ် ဖောက်ထွင်းခံရတဲ့အခြေအနေ ရှိတယ်လို့ LAPD သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
▪️ သူတို့အကြောင်း မကြားရတာ ၄ ရက်လောက်ရှိတဲ့အခါ တနင်္လာနေ့လယ်ခင်းက စစ်ဆေးဝင်ရောက်ရာမှာ အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ LAPD က ပြောပါတယ်။
▪️ နှစ်ဦးစလုံးက ဦးခေါင်းမှာ သေနတ်ဒဏ်ရာများဖြင့် ဆုံးပါးခဲ့တာဖြစ်ပြီး ယခုအချိန်မှာ သံသယရှိသူအကြောင်း မသိထားဘဲ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
▪️ ကေးကို မီးဖိုခန်းနဲ့ ဒယ်လူကာကို ရေချိုးခန်းထဲမှာ သေဆုံးလျက် တွေ့ရှိခဲ့ကြပါတယ်။
▪️ အဝင်ဝနေရာနဲ့ ပြတင်းပေါက်ကွဲနေတဲ့နေရာမှာ သွေးတွေတွေ့ရတာကြောင့် တရားခံက အိမ်ထဲကို ပြတင်းပေါက်ကနေ ဝင်လာခဲ့ဟန်ရှိပါတယ်။
▪️ ကြာသပတေးနေ့က သံသယရှိဖွယ်လူတစ်ယောက် ခြံစည်းရိုးကနေ ခုန်ကျော်သွားကာကို အိမ်နီးချင်းများ တွေ့ရှိကာ ရဲတွေခေါ်ခဲ့ပေမယ့် ပုံမှန်မဟုတ်တာမျိုး မတွေ့ခဲ့ကြပါဘူး။
▪️ ကေးဟာ American Idol မှာ season ၁၅ ခုတိုင်အောင် အလုပ်လုပ်ခဲ့ပြီး တေးဂီတကြီးကြပ်ရေးမှူးဆု အများအပြားရရှိခဲ့ပါတယ်။
▪️ အဆိုပါ နေအိမ်အများစုမှာ သီးခြားဖြစ်နေကြပြီး ပတ်ပတ်လည်မှာ သံဆူးကြိုးတွေနဲ့ နံရံကြီးတွေရှိနေပါတယ်။
▪️ အင်ဆီနိုရပ်ကွက်မှာ မကြာခဏ ဖောက်ထွင်းဝင်ရောက်တာတွေ၊ ခိုးလုတာတွေ ကြုံနေရတယ်လို့ ရပ်ကွက်သားများက ပြောပြခဲ့ပါတယ်။
#Source: New York Post
#World_Science
Published 16 July 2025
▪️ ဆဲလ်တွေနဲ့ဖွဲ့စည်းထားတဲ့ သတ္တဝါတိုင်းဟာ အသက်ရှင်ဖို့ အောက်ဆီဂျင်လိုအပ်ပြီး အောက်ဆီဂျင်မရှိရင် အသက်မရှင်နိုင်ဘူးလို့ သိထားပါတယ်။
▪️ အခုဆိုရင် သိပ္ပံပညာရှင်တွေက အောက်ဆီဂျင်မရှိဘဲ အသက်ရှင်နိုင်တဲ့ တိရိစ္ဆာန်တစ်မျိုးကို အံ့အားသင့်ဖွယ် တွေ့ရှိလာပါတယ်။
▪️ ဒါကတော့ Henneguya salminicola လို့ခေါ်တဲ့ အလွန်သေးငယ်သော ကပ်ပါးကောင်ဖြစ်ပြီး အချို့သောငါးတွေထဲမှာ မှီခိုရှင်သန်ကြပါတယ်။
▪️ သူ့ဘာသာ မလှုပ်ရှားနိုင်ဘဲ အသက်ရှင်သန်ဖို့အတွက် အခြားသက်ရှိအတွင်းထဲမှာ နေထိုင်ရပါတယ်။
▪️ သူ့မှာ ထူးခြားတာက အခြားသတ္တဝါတွေလို မိုင်တိုခွန်ဒရီယယ်မျိုးဗီဇပစ္စည်း မရှိပါဘူး။
▪️ သတ္တဝါတိုင်းက မိုင်တိုခွန်ဒရီယာဖြင့် အောက်ဆီဂျင်တွေ အာဟာရဓာတ်တွေကို အသုံးပြုပြီး စွမ်းအင်ထုတ်လုပ်ပေမယ့် Henneguya salminicola ကတော့ ဒီလိုမဟုတ်ပါဘူး။
▪️ သူတို့က ပင်လယ်နေငါးတွေရဲ့ ကြွက်သားတွေထဲမှာ နေထိုင်ကာ ပြင်ပပတ်ဝန်းကျင်ကိုလိုက်ပြီး ပြောင်းလဲဆင့်ကဲနိုင်ပါတယ်။
▪️ ကပ်ပါးမျိုးဖြစ်တာကြောင့် သက်ရှိတွေဆီကနေ အာဟာရဓာတ်တွေ စွမ်းအင်တွေကို တိုက်ရိုက်စုပ်ယူပါတယ်။
▪️ သက်ရှိတွေဟာ အသက်ရှင်ဖို့ အောက်ဆီဂျင်လိုအပ်တယ်ဆိုတဲ့ သတ်မှတ်ချက်ကြီးကို Henneguya salminicola က ချိုးဖျက်လိုက်တာပါ။
▪️ ဒီအရာကနေ ကွဲပြားခြားနားတဲ့ ပတ်ဝန်းကျင်တွေမှာ ပြောင်းလဲရှင်သန်နိုင်မလားဆိုတာ စဉ်းစားစရာဖြစ်လာသလို အောက်ဆီဂျင်မလိုဘဲ အသက်ရှင်နိုင်တဲ့ အခြားသတ္တဝါတွေလည်း ရှိဦးမလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
#Source: UNION RAYO
#World_Science
Published 16 July 2025
▪️ မျက်စိကနေ လက်ရှိမြင်နေရတဲ့အရာတွေဟာ တကယ်တမ်းမှာ အမြင်မှားတာဖြစ်နိုင်တယ်လို့ ၂၀၂၂ ခုနှစ်က Science Advances မှာ ဖော်ပြထားပါတယ်။
▪️ သုတေသီတွေ ပြောပုံအရဆိုရင် ဦးနှောက်ဟာ ပြီးခဲ့တဲ့ ၁၅ စက္ကန့်လောက်က ပုံရိပ်တွေကို ပြသနေတာ ဖြစ်နိုင်ပါတယ်။
▪️ ဦးနှောက်က ပြီးခဲ့တဲ့အမြင်ပုံရိပ်တွေကို ရောစပ်ပြီး ရှင်းလင်းချောမွေ့စွာ မြင်စေတာဖြစ်တယ်လို့ ဆိုပါတယ်။
▪️ တကယ်တမ်းက ယခင်ပြီးခဲ့တာကို ဦးနှောက်ကနေ ယခုလက်ရှိ ဖြစ်နေတယ်လို့ ပြောင်းလဲဖော်ပြတဲ့အတိုင်း မြင်နေရတာ ဖြစ်ပါတယ်။
▪️ လူ့ဦးနှောက်ဟာ တကယ့်လက်ရှိအမြင်အတိုင်း လုပ်ဆောင်တာမဟုတ်ဘဲ ပြီးခဲ့တဲ့ပုံရိပ်တွေကို ပေါင်းစပ်ကာ ချောမွေ့ပြတ်သားတဲ့ပုံရိပ်အဖြစ် ဖန်တီးပေးပါတယ်။
▪️ ဒီလိုသာမဟုတ်ဘဲ လက်ရှိမြင်သမျှအရာတိုင်းကို ချက်ချင်းအာရုံခံမြင်ပေးနေရင် ဦးနှောက်မှာ အာရုံခံမှုတွေ စုပြုံလာနိုင်ပါတယ်။
▪️ ဒီလိုပုံစံနဲ့ပဲ တည်ငြိမ်စွာပြောင်းလဲလာတဲ့ မြင်ကွင်းတွေကို ချောချောမွေ့မွေ့ မြင်ရတာဖြစ်ပါတယ်။
▪️ တကယ့်အချိန်အတိုင်း အလွန်တိကျစွာ မြင်ရမယ့်အစား ချောမွေ့တဲ့အမြင်အာရုံကို ဖြစ်စေပါတယ်။
▪️ အမြင်အာရုံက ပြီးခဲ့တာတွေအပေါ် အခြေခံတာဆိုရင် လက်တွေ့ဖြစ်နေတာတွေကို အမှန်အတိုင်း မြင်နေရဲ့လား၊ အသိစိတ်ဝင်နေတာဟာ ဦးနှောက်က သတင်းပေးပို့နေလို့လား၊ အာရုံကြောသိပ္ပံပညာမှာ လက်ရှိဆိုတာ ဘာသဘောလဲဆိုတဲ့ မေးခွန်းတွေ ရှိလာနိုင်ပါတယ်။
#Source: Time of India
ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ဖီနီခရိုင် ဒေသအများအပြားမှာ ရက်နဲ့ကြာအောင် မိုးကြီးနေသဖြင့် ရေကြီးရေလျှံဖြစ်လာကာ အရေးပေါ်ဆောင်ရွက်လာရပါတယ်။
#World_Crisis
Published 15 July 2025
#ဘင်္ဂလားဒေ့ရှ်ရေကြီး #အရေးပေါ်လုပ်ဆောင်ချက်များစတင်
#YMG #Yangon_Times #Yangon_Media_Group
Page 64 of 1055