(၂၀၂၃)တတိယသုံးလပတ်တွင် ကမ္ဘာတစ်လွှားရှိ ဗဟိုဘဏ်များ စံချိန်တင်သည်အထိရွှေများ ဝယ်ယူစုဆောင်းခဲ့
ကမ္ဘာတဝှမ်းရှိ ဗဟိုဘဏ်များဟာ ၂၀၂၃ ခုနှစ် တတိယသုံးလပတ်ကာလမှာ အသားတင်ရွှေ ၃၃၇ တန် ဝယ်ယူခဲ့ပြီး တတိယမြောက် ဝယ်ယူမှုအများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီက အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
#World_Business
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 02 November 2023
၁။ ရှမ်းမြောက် တိုက်ပွဲများကြောင့် မှုဆယ်တွင် ကုန်ဈေးနှုန်းမြင့်တတ်လာပြီး ပြည်သူများခက်ခဲနေ
၂။ စားအုန်းဆီသာ အားပြုစားနေရသည့် မြို့နယ်အချို့တွင် ဆီရရှိလာပြီး ဆီတိုးဝယ်ရခြင်းမရှိတော့ဟုဆို
၃။ ကုန်ကြမ်းနဲ့ လုပ်အားခဈေးနှုန်းတွေကြောင့် လက်မှုထည်အပါအဝင် ဝါးထုတ်ကုန်ဈေးနှုန်းများမြင့်တက်
၄။ (၂၀၂၃)တတိယသုံးလပတ်တွင် ကမ္ဘာတစ်လွှားရှိ ဗဟိုဘဏ်များ စံချိန်တင်သည်အထိ ရွှေများဝယ်ယူစုဆောင်းခဲ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published 02 November 2023
ယာမာနာရှီတက္ကသိုလ်မှ ပရော်ဖက်ဆာ တဲရူဟီကိုဝါကာယာမာနဲ့ ဂျပန်အေရိုစပေ့စ် အာကာသအေဂျင်စီမှ သိပ္ပံပညာရှင်အဖွဲ့တို့က နိုင်ငံတကာ အာကာသစခန်း (ISS)ပေါ်မှာ ကြွက်သန္ဓေသားလောင်းတွေကို အောင်မြင်စွာ ဖွံ့ဖြိုးကြီးထွားစေနိုင်ခဲ့ပါတယ်။
ဒီစမ်းသပ်ချက်ဟာ အာကာသထဲမှာ လူသားတွေ မျိုးပွားနိုင်စွမ်းရှိမရှိ နားလည်စေနိုင်မယ့် အရေးကြီးခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။
၂၀၂၁ ဩဂုတ်လက အေးခဲကြွက်သန္ဓေသားလောင်းများ ပါဝင်တဲ့ ဒုံးပျံတစ်ခုကို ISS သို့လွှတ်တင်ခဲ့ပြီး ပတ်လမ်းထဲရောက်တာနဲ့ အစောပိုင်းသန္ဓေသားကို အရည်ပျော်စေရန် အထူးကိရိယာပစ္စည်းတစ်ခုကို အသုံးပြုခဲ့ကြပြီး ဆွဲငင်အားနည်းပါးတဲ့ ပတ်ဝန်းကျင်မှာ ၄ ရက်တိုင် ပြုစုစေပါတယ်။
ဆွဲအားနည်းတဲ့ရပ်ဝန်းမှာ သန္ဓေသားတွေက ပုံမှန်အတိုင်း ဖွံ့ဖြိုးခဲ့တာကို တွေ့ခဲ့ကြပါတယ်။
သန္ဓေသားနဲ့ အချင်းတို့ ဖြစ်လာရာမှာ အရေးပါတဲ့ ဘလတ်စ်တိုဆစ်ဆဲလ်များ ဖြစ်လာခဲ့တာကြောင့် မြေကြီးဆွဲအားက သန္ဓေသားဖွံ့ဖြိုးမှုမှာ ထင်ရှားစွာ မသက်ရောက်ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။
ဒါ့အပြင် DNA နဲ့ မျိုးရိုးဗီဇတို့လည်း သိသိသာသာ ပြောင်းလဲခြင်းမရှိပါဘူး။
ISS ရဲ့ ဆွဲအားအလွန်နည်းတဲ့ နေရာမျိုးမှာ အစောပိုင်းနို့တိုက်သတ္တဝါ သန္ဓေသားလောင်းကို ဖွံ့ဖြိုးစေခဲ့တဲ့ ပထမဆုံးစမ်းသပ်ချက်ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
ရှင်သန်နိုင်စွမ်း သိရှိဖို့အတွက်တော့ နောက်တစ်ဆင့်မှာ ကြွက်တွေထဲကို ထည့်သွင်းပြီး ပုံမှန်အတိုင်း မွေးဖွားနိုင်လားဆိုတာကို လေ့လာသွားရမှာ ဖြစ်ပါတယ်။
ဒီလိုသုတေသနမျိုးမှာ အနာဂတ်မှာ အာကာသ စူးစမ်းရေးတို့မှာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။
ဒီစမ်းသပ်ချက် အောင်မြင်မှုဟာ နာဆာရဲ့ Artemis ပရိုဂရမ်နဲ့ သက်ဆိုင်နေပြီး လကမ္ဘာသို့ လူသားများ ပြန်လည်ခေါ်ဆောင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
Source: WION.
#World_Science
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 02 November 2023
အစ္စရေးလ်က ဂါဇာရှိ ဂျဘလီယာ ဒုက္ခသည်စခန်းကို ဗုဒ္ဓဟူးနေ့မှာ ဒုတိယမြောက်နေ့အဖြစ် ပစ်ခတ်တိုက်ခိုက်ရာ ဟားမတ်စ်ဘက်မှ နောက်ထပ်တပ်မှူးတစ်ဦးကို သတ်ပစ်နိုင်ခဲ့ကြောင်း အစ္စရေးလ်စစ်တပ်က ဆိုပါတယ်။
ဝိုင်းရံခံထားရတဲ့ ဂါဇာကမ်းမြောင်မှ စစ်ဘေးရှောင်လာသူ အရပ်သားပထမအသုတ်ဟာ အီဂျစ်သို့ ဖြတ်သန်းဝင်ရောက်လာပြီ ဖြစ်ပါတယ်။
အစ္စရေးလ်တို့က ဟားမတ်စ်စစ်သွေးကြွတွေကို ဖိအားပေး တိုက်ခိုက်လျက်ရှိရာ ကုန်းမြေ၊ ရေလမ်း၊ လေကြောင်းတို့ကနေ စစ်ဆင်ရေးပြုလုပ်နေပြီး လူဦးရေထူထပ်ရာ ဂါဇာကမ်းမြောင်ကို နောက်ထပ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပါတယ်။
ပါလက်စ်တိုင်းဘက်မှာတော့ အပျက်အစီးများကြား အသက်ရှင်ကျန်သူများကို အသည်းအသန် ရှာဖွေနေကြပါတယ်။
အစ္စရေးလ်တို့က တိကျသေချာတဲ့ ထောက်လှမ်းချက်အပေါ် အခြေခံပြီး ဂျဘလီယာရှိ ဟားမတ်စ်တို့ရဲ့ ထိန်းချုပ်ကွပ်ကဲဦးစီး အဆောက်အအုံတစ်ခုကို တိုက်လေယာဥ်များဖြင့် တိုက်ခိုက်ခဲ့ရာ အစ္စလာမ်အဖွဲ့မှ တင့်ကားဖျက်ဒုံးကျည်တပ်မှ ဦးစီးမှူး မူဟာမက်အေဆာ သေဆုံးခဲ့ကြောင်း အစ္စရေးလ်က ဆိုပါတယ်။
ဟားမတ်စ်တွေက ဂါဇာအရပ်သားတွေကို အန္တရာယ်ဖြစ်စေတဲ့ ရည်ရွယ်ချက်ဖြင့် အရပ်သား အဆောက်အအုံတွေရဲ့ မြေအောက်၊ ပတ်ဝန်းကျင်၊ အတွင်းတွေထဲမှာ အကြမ်းဖက်ဆိုင်ရာ နေရာတွေ တမင်တကာ တည်ဆောက်ထားတယ်လို့ အစ္စရေးလ်ဘက်က ထုတ်ပြန်ကြေညာထားပါတယ်။
စစ်ဆင်ရေး ဆောင်ရွက်မှုတွေက စစ်ရာဇဝတ်မှု ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အရာရှိများက ဆိုပါတယ်။
ဂျဘလီယာ ဒုက္ခသည်စခန်းကို အစ္စရေးလ်တို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်တာဟာ အပျက်အစီးများပြီး အရပ်သားထိခိုက်မှု အရေအတွက် များပြားတာကြောင့် စစ်ရာဇဝတ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်နေရပါတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီးက X ဆိုရှယ်မီဒီယာမှာ ဖော်ပြလိုက်ပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးလ်ကို တိုက်ခိုက်ရာမှာ ဦးဆောင်သူတစ်ဦးဖြစ်ခဲ့တဲ့ ဟားမတ်စ်တပ်မှူး အီဘရာဟင်ဘီယာရီဟာလည်း အင်္ဂါနေ့က တိုက်ခိုက်ခံရစဥ် သေဆုံးခဲ့တယ်လို့ အစ္စရေးလ်ဘက်က ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က သောကြာနေ့မှာ အစ္စရေးလ်နဲ့ ဂျော်ဒန်သို့ လာရောက်မည်ဖြစ်ကာ အစ္စရေးလ်စစ်ရေးကိစ္စများနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူနဲ့ တွေ့ဆုံသွားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဌာနက ဖော်ပြထားပါတယ်။
အီဂျစ်သို့ ထွက်ပြေးရောက်ရှိသွားတဲ့ လူတွေထဲမှာ နိုင်ငံအများအပြားမှ ပတ်စ်ပို့ကိုင်ဆောင်ထားသူများ ပါဝင်ပြီး စစ်ပွဲဖြစ်ကတည်းက ဂါဇာမှာ ပိတ်မိနေကြတာ ဖြစ်ပါတယ်။
စစ်ပွဲပြီးတဲ့အချိန်မှာ ဂါဇာအုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်ပြီး ဟားမတ်စ်တွေ ပါဝင်နိုင်တော့မှာ မဟုတ်ကြောင်း အိမ်ဖြူတော် လုံခြုံရေးမှ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
Source: Reuters
#World_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 02 November 2023
မားစ်ဂြိုဟ်(အင်္ဂါဂြိုဟ်)ဟာ မျက်စိကျစရာ ဂြိုဟ်တစ်ခုဖြစ်ပေမယ့် လူသားတွေ သေချာလေ့လာမှု မလုပ်ရသေးပါဘူး။
အာကာသယာဥ်များ လွှတ်တင်ထားပေမယ့် လူသားတွေတော့ မရောက်သေးပါဘူး။
ထိုဂြိုဟ်ပေါ်မှာ အေးခဲနေတဲ့ရေတွေကို အနာဂတ်မှာ ရှာဖွေဖို့ အစီအစဥ်တွေ ရှိနေပါတယ်။
မားစ်ဂြိုဟ်ပေါ်ရောက်ရင် ဘယ်နေရာမှာ ဆင်းသက်မလဲဆိုတာကလည်း မေးခွန်းတစ်ခု ဖြစ်နေပါတယ်။
မကြာသေးမီက ထုတ်လုပ်ထားတဲ့ မြေပုံဖြင့် အကူအညီရနိုင်ဖွယ် ရှိနေပါတယ်။
နာဆာမှ ငွေကြေးထောက်ပံ့ထားတဲ့ စီမံကိန်း (SWIM)ဟာ မားစ်ဂြိုဟ်ပေါ်က ရေမျက်နှာပြင်အောက် ရေခဲရေများ တည်ရှိတဲ့နေရာကို မြေပုံဖြင့် ၄ ကြိမ်မြောက် ဖော်ပြထားပြီး မားစ်ပေါ်သို့ စေလွှတ်မယ့် ပထမဆုံးလူသားတွေကို ဘယ်နေရာမှာ ဆင်းသက်ရမလဲဆိုတာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ နာဆာတာဝန်ရှိသူများက ဆိုပါတယ်။
မားစ်ဂြိုဟ်ရဲ့ နယ်မြေတွေကို ပုံရိပ်ပြတ်သား အရည်အသွေးမြင့် ကင်မရာပစ္စည်းများဖြင့် အသုံးပြုပြီး အချက်အလက်များမှ မြေပုံကိုဖန်တီးထားတာ ဖြစ်ပါတယ်။
မားစ်ဂြိုဟ်ပေါ်သို့ ပထမဆုံးအခြေချမယ့် လူသားတွေအတွက် နေရာကိုရှာဖွေရာမှာ အကူအညီဖြစ်စေပြီး ရေများများပိုရှိလေ မစ်ရှင်လုပ်ရတာနည်းလေ ဖြစ်ပါတယ်။
မားစ်ပေါ်က ရေခဲရေတွေဟာ လူသားတွေအတွက် သောက်သုံးရေဖြစ်နိုင်သလို ဒုံးပျံလောင်စာအတွက် အဓိကပါဝင်ပစ္စည်း ဖြစ်နေနိုင်တယ်လို့ နာဆာဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့လည်း အရမ်းချမ်းအေးလွန်းတဲ့ နေရာတွေကိုလည်း မသွားစေချင်ကြပါဘူး။
ဒါကြောင့် မားစ်ကိုသွားမယ်ဆိုရင် အီကွေတာနဲ့ အနီးဆုံးနေရာကို သွားစေချင်ကြောင်း၊ ရေခဲပြမြေပုံက လူသားတွေ ခြေချရန် အသင့်လျော်ဆုံးနေရာကို ညွှန်ပြပေးသွားမှာ ဖြစ်တယ်လို့ SWIM စီမံကိန်းမန်နေဂျာ ဆစ်ဒနီဒိုက ပြောပြသွားပါတယ်။
Source: WION
#Yangon_Times
#World_Science
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
EHangHoldingsကုမ္ပဏီမှ ထုတ်လုပ်သည့် ခရီးသည်တင်ပျံသန်းယာဥ်ကို တရုတ်အရပ်ဘက်လေကြောင်းကွပ်ကဲရေးမှ ပျံသန်းခွင့်အသိအမှတ်ပြုချက်ထုတ်ပေး
ကိုယ်ပိုင်ထုတ်လုပ်ခွင့်ရ လေကြောင်းယာဥ်(AAV) နည်းပညာပလက်ဖောင်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ အီးဟန်ဟိုးလ်ဒင်းလီမိတက်က သူတိုထုတ်လုပ်လိုက်တဲ့ UAV စနစ်ခရီးသည်တင် EH216-S ဟာ တရုတ်အရပ်ဘက် လေကြောင်းကွပ်ကဲရေး (CAAC)ထံမှထုတ်ပေးတဲ့ တရားဝင် အသိအမှတ်ပြုချက် ရရှိခဲ့ပြီလို သောကြာနေ့က ကြေညာလိုက်ပါတယ်။
#Asia_Development
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 1 November 2023
၁။ ကြံတောင်သူများအား သကြားစက်ရုံ ၃ ခုက အမြတ်ငွေ ခွဲပေးခဲ့
၂။ တရုတ် မှ တင်သွင်းတဲ့ ကြက်သွန်ဖြူနှင့်အာလူး ဈေးထက်ဝက်ကျော် မြင့်တတ်လာဟုဆို
၃။ ကျောက်ဆည် ဆင်ပွဲတော်နှင့် ဆင်လှူသည့်ဓလေ့ကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ဆင်အကပညာရှင်များ ပါဝင်ဆောင်ရွက်လို
၄။ EHangHoldingsကုမ္ပဏီမှ ထုတ်လုပ်သည့် ခရီးသည်တင်ပျံသန်းယာဥ်ကို တရုတ်အရပ်ဘက် လေကြောင်းကွပ်ကဲရေးမှ ပျံသန်းခွင့် အသိအမှတ်ပြုချက် ထုတ်ပေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Page 432 of 980