#World_News
Published 29 July 2025
▪️ အမေရိကန်နဲ့ တရုတ်စီးပွားရေးအရာရှိများဟာ တနင်္လာနေ့က စတော့ဟုမ်းမြို့မှာ အချိန် ၅ နာရီကျော်ကြာအောင် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
▪️ အဓိကအားဖြင့် ကမ္ဘာ့စီးပွားရေး အင်အားကြီးနှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ အငြင်းပွားစရာများကို ဖြေရှင်းရန် ရည်ရွယ်တာဖြစ်ပြီး ယာယီပြေငြိမ်းရေးကို ၃ လတိုးချဲ့ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
▪️ စတော့ဟုမ်းမြို့လယ် ဆွီဒင်ဝန်ကြီးချုပ်ရုံး ရိုဆင်ဘက်ကိုရောက်လာတဲ့ အမေရိကန်ညှိနှိုင်းရေးအဖွဲ့ထဲမှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတော့ဘက်ဆန့် ပါဝင်သလို တရုတ်ဒုဝန်ကြီးချုပ် ဟီလိုင်ဖန်လည်း တွေ့ရပါတယ်။
▪️ အခွန်အပြန်အလှန်စည်းကြပ်ခြင်းနဲ့ မြေရှားသတ္တုကိစ္စတွေနဲ့ ပတ်သက်တဲ့ တင်းမာမှုတွေကိုလျှော့ချဖို့ မေလနဲ့ဇွန်လတို့မှာ တရုတ်နဲ့ အမေရိကန်တို့ အကြိုသဘောတူညီချက်များ ရရှိပြီးနောက် တရုတ်ဘက်က အခွန်သဘောတူညီချက်ရရှိအောင် ပြုလုပ်ဖို့ ဩဂုတ် ၁၂ ရက်နေ့အထိ အချိန်ရမှာဖြစ်ပါတယ်။
▪️ နှစ်ဖက်ညှိနှိုင်းရေးများက ရုံးကနေ ည ၈ နာရီဝန်းကျင်မှာ ထွက်လာကြပြီး သတင်းထောက်တွေနဲ့ မပြောဆိုခဲ့ကြဘဲ အင်္ဂါနေ့မှာ ဆက်လက်ဆွေးနွေးသွားဖို့ ရှိပါတယ်။
▪️ "သဘောတူညီချက် အရာရောက်ဖို့ကို ဆက်လက်စောင့်ကြည့်သွားရဖို့ရှိပြီး အရေးကြီးသတ္တုပစ္စည်းများ စီးဆင်းနေဖို့နဲ့ မျှတတဲ့ကုန်သွယ်ရေးအတွက် အခြေခံဆောင်ရွက်ချက်များ သတ်မှတ်ဖို့ ဖြစ်ပါတယ်" လို့ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆန်ဂရီယာက ပြောသွားပါတယ်။
▪️ ဆွေးနွေးညှိနှိုင်းရေးတိုးချဲ့လာရခြင်းက ဒေါ်နယ်ထရမ့်နဲ့ ထရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံလာရဖို့ ဖြစ်လာနိုင်ပါတယ်။
▪️ တရုတ်နဲ့ ကုန်သွယ်ရေးဆွေးနွေးမှု မပျက်ပြားစေရန်နဲ့ ထရမ့်-ရှီကျင့်ဖျင်တွေ့ဆုံနိုင်ရန်အတွက် အမေရိကန်က တရုတ်သို့တင်ပို့တဲ့ နည်းပညာပစ္စည်းများအပေါ် ထိန်းချုပ်ကန့်သတ်ခြင်းများကို ရပ်ဆိုင်းထားပါတယ်။
▪️ အမေရိကန်-တရုတ် ညှိနှိုင်းဆွေးနွေးမှုများက အခြားသော အာရှနိုင်ငံတွေထက် များစွာရှုပ်ထွေးနေပြီး အချိန်ထပ်လိုအပ်ဦးမယ်လို့ သုံးသပ်သူများ ပြောပါတယ်။
#Source: Reuters
#World_Science
Published 29 July 2025
▪️ ၂၀၂၅ ဩဂုတ် ၂ ရက်နေ့မှာ လုံးဝနေကြတ်ခြင်းကနေ အမှောင်ကျသွားဆိုတဲ့ အကြောင်းအရာတွေ လိုင်းပေါ်မှာ နေရာယူနေကြပါတယ်။
▪️ ဒါက မဟုတ်ဘူးလို့ ဆိုရမှာဖြစ်ပြီး နက္ခတ္တပညာရှင်များက ယခုနှစ် ဩဂုတ် ၂ ရက်နေ့မှာ နေကြတ်ခြင်းကနေ အမှောင်ကျမှာ မဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။
▪️ တကယ်တမ်းက ၂၀၂၇ ဩဂုတ် ၂ ရက်နေ့မှ ဖြစ်နိုင်မှာပါ။
▪️ အွန်လိုင်းနဲ့ မက်ဆေ့ချ်တွေမှာတော့ ကမ္ဘာကြီး ၆ မိနစ်လောက် အမှောင်ကျသွားမယ်ဆိုတာကို ရက်စွဲမှားဖြင့် ဖော်ပြနေကြတာ ဖြစ်ပါတယ်။
▪️ မှားယွင်းဖော်ပြထားကြတဲ့အတွက် လူအများမျှော်လင့်ချက်ကြီးနဲ့ စောင့်ဆိုင်းနေကြနိုင်ပါတယ်။
▪️ ၂၀၂၇ ဩဂုတ် ၂ ရက်နေ့မှာတော့ လုံးဝနေကြတ်ခြင်း ဖြစ်နိုင်ခြေရှိနေပြီး ဥရောပ၊ မြောက်အာဖရိက၊ အရှေ့အလယ်ပိုင်းတွေမှာ လအရိပ်ဖုံးလွှမ်းသွားမှာဖြစ်ပြီး ရှားပါးကောင်းကင်ဖြစ်စဉ်တွေ မြင်ရနိုင်ပါတယ်။
▪️ ထိုအချိန်မှာ လက ကမ္ဘာနဲ့နေကြား ရောက်လာပြီး နေ့ဘက်ကနေ ညဘက်ကြီးအဖြစ် ခဏတာ ပြောင်းလဲသွားနိုင်ပါတယ်။
▪️ ၂၀၂၇ မှာ ၆ မိနစ်ခန့် မှောင်မည်းလာမှာဖြစ်ပေမယ့် ဘူမိနေရာလမ်းကြောင်းအနည်းငယ်သာ သက်ရောက်နိုင်ကာ ကျန်တဲ့နေရာတွေမှာတော့ နေ့အလင်းရောင် သိသိသာသာ ပြောင်းလဲမှာမဟုတ်ပါဘူး။
▪️ အွန်လိုင်းအကြောင်းအရာတွေက တကယ့်အချက်အလက်တွေကို နှောင့်ယှက်နိုင်တယ်ဆိုတဲ့ ဥပမာဖြစ်နေပါတယ်။
#Source: India Today
#World_Science
Published 29 July 2025
▪️ လက်ချောင်းအတိုအရှည်ပေါ် မူတည်ပြီး လိင်စိတ်ဆန္ဒ၊ အပြုအမူ၊ ကြိုက်နှစ်သက်ပုံတွေ ကွဲပြားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ ပြောလာပါတယ်။
▪️ လူတစ်ဦးရဲ့ လိင်အပြုအမူပုံစံတွေက မိခင်ဝမ်းတွင်းထဲရှိစဉ်ထဲက ပုံဖော်သွားတယ်လို့ ဆိုထားပါတယ်။
▪️ ကျားဟော်မုန်းတစ်မျိုးဖြစ်တဲ့ အန်ဒရိုဂျင်နဲ့ ပတ်သက်ပြီး ဦးနှောက်တုံ့ပြန်ပုံကလည်း သက်ဆိုင်နေပါတယ်။
▪️ ဒီအတွက် ဂျပန်နိုင်ငံ အိုကာယာမာတက္ကသိုလ်မှ သုတေသီတွေက ကြွက်တွေနဲ့ စမ်းသပ်ခဲ့ရာမှာ သူတို့ရဲ့ လက်ချောင်းအတိုအရှည်က လိင်စိတ်ဆန္ဒနဲ့ ပြုမူပုံတွေကို ညွှန်ပြနေတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။
▪️ ဒုတိယမြောက်လက်ချောင်းနဲ့ စတုတ္ထမြောက်လက်ချောင်းတို့ရဲ့ အချိုး 2D:4D က ကြွက်တွေရဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူနဲ့ အကြိုက်တွေကို ခန့်မှန်းနိုင်ကြောင်း တွေ့ရှိလာပါတယ်။
▪️ လက်ညှိုးက လက်သူကြွယ်ထက် ပိုတိုခြင်း၊ တစ်နည်းအားဖြင့် 2D:4D အချိုးနည်းခြင်းက လိင်စိတ်ဆန္ဒပြင်းပြတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
▪️ လက်ညှိုးပိုတိုတဲ့ကြွက်တွေက တခြားကြွက်တွေထက် လိင်စိတ်ဆန္ဒပိုမြင့်မားသလို ထောင်မတ်နိုင်စွမ်း ပိုအားကောင်းတာ တွေ့ရပါတယ်။
▪️ ဒါ့အပြင် လှောင်အိမ်ထဲထည့်ကာ ကြွက်မအနံ့ရှိတဲ့ နေရာနဲ့ ကြွက်ထီးအနံ့ရှိတဲ့ နေရာဆိုပြီး ထည့်ပေးထားပါတယ်။
▪️ ထိုအခါမှာ ကြွက်မအနံ့ရှိတဲ့နေရာဆီကို ပိုပြီးစူးစမ်းလေ့လာနေတာ တွေ့ရပါတယ်။
▪️ ဟော်မုန်းသက်ရောက်မှုက ဦးနှောက်အပေါ်မှာ ဝမ်းဗိုက်ထဲမှာတည်းက သက်ရောက်နေပြီး နောက်ပိုင်းမှာ 2D:4D အချိုးအတိုင်း ဖြစ်လာပါတယ်။
▪️ စမ်းသပ်ချက်တွေက ကြွက်ထီးတွေမှာပဲ တစ်ဖက်သတ် စမ်းသပ်ထားတာ ဖြစ်ပါတယ်။
#Source: WION
ယီမင်ရဲ့ရီယယ်ငွေကြေးက အစိုးရထိန်းချုပ်ဒေသတွေမှာ အတော်လေး ဆက်လက်ကျဆင်းနေပြီး ယခုနောက်ဆုံး ကုန်သွယ်ရေးတွေမှာ အမေရိကန်တစ်ဒေါ်လာကို ရီယယ် ၂,၉၀၀ ခန့်အထိ ကျဆင်းသွားပါတယ်။
#World_Business
Published 28 July 2025
#ယီမင်ရဲ့ရီယယ်ငွေကြေး #ယီမင်ငွေကြေးတန်ဖိုးကျ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 28 July 2025
၁။ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဒုတိယအဆင့်ဓာတ်အားထုတ်လုပ်မှုကို နွေရာသီအမှီဆောင်ရွက်မည်
၂။ ဂျိုးဖြူရေသုံးစွဲသူအားလုံး ရေမီတာမဖြစ်မနေတတ်ဆင်ရမည်
၃။ စားအုန်းဆီရည်ညွှန်းဈေး တက်ရိပ်ပြ
၄။ စီးပွားရေးအကြပ်အတည်းများကြား ယီမင်ငွေကြေးတန်ဖိုးစံချိန်တင်ကျဆင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပူထရာဂျာယာ၊မလေးရှား၊ဇူလိုင်၂၈ (ရိုက်တာ) - ကမ္ဘောဒီးယားနှင့် ထိုင်းခေါင်းဆောင်များသည် ဆယ်စုနှစ် တစ်ခုကျော်အတွင်း အပြင်းထန်ဆုံး ပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်၍ တနင်္လာနေ့ သန်းခေါင်ယံ မှစ၍ အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ကြသည်။ ငါးရက်ကြာ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားပြီး နောက် ယင်းသဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။
ပဋိပက္ခငြိမ်းအောင် နိုင်ငံတကာမှ ကြိုးပမ်းနေချိန်တွင် ထိုင်းနှင့် ကမ္ဘောဒီးယားခေါင်းဆောင်များသည် အာဆီယံဒေသဆိုင်ရာအဖွဲ့၏ လက်ရှိဥက္ကဋ္ဌဖြစ်သူ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် ဦးဆောင် ကျင်းပသည့် မလေးရှားနိုင်ငံတွင် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်စလုံးက ရန်လိုမှုများကို ရပ်ဆိုင်းရန် နှင့် တိုက်ရိုက်ဆက်သွယ်မှုများ ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြသည်။
“ယနေ့ ကျွန်တော်တို့ အလွန်ကောင်းမွန်တဲ့ အစည်းအဝေးတစ်ခုနှင့် အလွန်ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိခဲ့ပါတယ်။ ဒါဟာ အသက်ပေါင်းများစွာ ဆုံးရှုံးထိခိုက်ဒဏ်ရာရတာတွေအပြင် လူတွေ နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေကို ဖြစ်စေခဲ့တဲ့ တိုက်ပွဲတွေကို ချက်ချင်းရပ်တန့်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်မာနက်က ပြောကြားခဲ့ပြီး ဒီလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်ပေး ခဲ့သည့် ထရမ့်နှင့် တရုတ်နိုင်ငံကိုလည်း ကျေးဇူးတင်ကြောင်း သူက ဆက်လက်ပြောဆိုသည်။
"ဝန်ကြီးချုပ် အန်ဝါ ခုလေးတင် ကြေညာခဲ့တဲ့ ဖြေရှင်းနည်းတွေက ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံ ဆွေးနွေးမှု တွေ ပုံမှန်ဆက်ဆံရေးအတိုင်း ပြန်ဖြစ်လာဖို့နဲ့ အနာဂတ်မှာ တပ်ဖွဲ့တွေရဲ့ တင်းမာမှု လျှော့ချရေးအတွက် အခြေခံတစ်ခု ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ထိုင်းယာယီ ဝန်ကြီးချုပ် ဖူမ်သမ် ဝေချာချိုင်းက ပြောကြားခဲ့သည်


ဘန်ကောက်၊ ဇူလိုင် ၂၈ (ရိုက်တာ) - ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်မှာ တနင်္လာနေ့က သေနတ်သမားတစ်ဦး ဈေးထဲမှာ ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ သေနတ်သမားလည်း ပါဝင်တယ်လို့ မြို့တော် ရဲဌာန ချုပ်ရဲ့ ဒုတိယရဲမင်းကြီး ချာရင် ဂိုပတ်တာက ရိုက်တာကို ပြောကြားခဲ့ပါတယ်။
"ရဲတပ်ဖွဲ့က သေဆုံးသူရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဖြစ်စဉ်ရဲ့ ရည်ရွယ်ချက်ကို စုံစမ်းစစ်ဆေးနေ ပါတယ်" လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေနတ်သမား ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ လူ ၅ ဦးကတော့ ဈေးရဲ့ လုံခြုံရေးဝန်ထမ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
.ဘန်ကောက်ရဲ့ ဘန်ဆူးခရိုင်မှာရှိတဲ့ အဓိကအားဖြင့် စိုက်ပျိုးရေးထွက်ကုန်တွေ ရောင်းချတဲ့ ဈေးမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ ခရီးသွားဧည့်သည်တွေ သေဆုံးတာ ဒါမှမဟုတ် ဒဏ်ရာရတာမျိုးမရှိဘူးလို့ ဘန်ကောက်ရဲအရာရှိ ဆာနောင် ဆင်မဏီက ပြောပါတယ်။
ခရီးသွားလုပ်ငန်းဟာ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်တဲ့ ထိုင်းနိုင်ငံအတွက် အဓိက စီးပွားရေးမောင်းနှင်အားတစ်ခုဖြစ်ပြီး စီးပွားရေးတိုးတက်မှု နှေးကွေးနေတာကြောင့်အခုလို ဖြစ်စဉ်တွေက စိတ်ဓာတ်တွေကို ထိခိုက်စေနိုင်ပါတယ်။

ရဲတပ်ဖွဲ့က မျှဝေခဲ့တဲ့ ဗီဒီယိုဖိုင်မှာ အဖြူရောင်ဦးထုပ်ဆောင်းထားပြီး ကျောပိုးအိတ်ကို ရင်ဘတ်မှာ လွယ်ထားတဲ့ သံသယရှိသူတစ်ဦး ဈေးရဲ့ ကားပါကင်ထဲမှာ လမ်းလျှောက်နေတာကို တွေ့ရပါတယ်။
ထိုင်းနိုင်ငံမှာ သေနတ်အကြမ်းဖက်မှုနဲ့ သေနတ်ပိုင်ဆိုင်မှုတွေက အဆန်းမဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ် အောက်တိုဘာလတုန်းက အသက် ၁၄ နှစ်အရွယ် သံသယရှိသူတစ်ဦးဟာ ဘန်ကောက်မြို့လယ်က ဇိမ်ခံကုန်တိုက်တစ်ခုမှာ ပြုပြင်ထားတဲ့ သေနတ်နှင့် လူနှစ်ဦးကို သတ်ပြီး ငါးဦးကို ဒဏ်ရာရအောင်လုပ်ခဲ့ ပါတယ်။
တစ်နှစ်အစောပိုင်းကလည်း ရဲအရာရှိဟောင်းတစ်ဦးဟာ ထိုင်းနိုင်ငံအရှေ့ပိုင်းက မူကြိုကျောင်းတစ်ခုမှာ သေနတ်နှင့် ဓားတို့ဖြင့် တိုက်ခိုက်ခဲ့ရာ လူ ၃၆ ဦး သေဆုံးခဲ့ပြီး သေဆုံးသူတွေအထဲ ကလေး ၂၂ ဦး ပါဝင်ခဲ့ပါတယ်။
သတင်းကိုးကား-ဘန်ကောက်ပို့စ်

Page 129 of 1129