#World_Politics
Published 16 September 2022
ပြောင်းလဲနေတဲ့ကမ္ဘာကြီးကို တည်ငြိမ်အေးချမ်းမှုရစေရန် ရုရှားနဲ့အတူ ဦးဆောင်သွားဖို့ တရုတ်ကအသင့်ရှိနေကြောင်း ကြာသပတေးနေ့က ဥဇဘက်ကစ္စတန်မှာ ရုရှားသမ္မတ'ဗလာဒီမာပူတင်'နဲ့ တွေ့ဆုံဆွေးနွေးစဉ် တရုတ်သမ္မတ'ရှီကျင့်ဖင်'က ပြောကြားသွားခဲ့ပါတယ်။
နှစ်နိုင်ငံက နိုင်ငံတကာဆက်ဆံရေးအခြေခံစံနှုန်းများအတိုင်း နိုင်ငံတကာအဆင့်မှာ ဆက်လက်ပြီးတော့ အနီးကပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း 'ရှီကျင့်ဖင်'က ဆိုပါတယ်။
"ကျွန်ုပ်တို့ခေတ်၊ ကျွန်ုပ်တို့သမိုင်းနဲ့ ကမ္ဘာကြီးရဲ့ပြောင်းလဲလာမှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အဓိကနိုင်ငံကြီးများအဖြစ် တာဝန်ကျေပွန်ရန်နှင့် မတည်မငြိမ်နဲ့ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးကို တည်ငြိမ်အေးချမ်းအောင်ဆောင်ရွက်ရာမှာ ရုရှားနဲ့အတူ အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားပါမယ်"
ပြောင်းလဲမှုတွေများနေတဲ့ ကမ္ဘာကြီးမှာ မပြောင်းလဲတာဆိုလို့ တရုတ်နဲ့ရုရှားတို့ကြား ယုံကြည်ရင်းနှီးမှုသာ ကျန်ရှိတော့ပြီး နှစ်နိုင်ငံဗျူဟာမြောက် ပူးပေါင်းဆက်ဆံရေးကလည်း တောင်တန်းတွေလို ခိုင်ခံ့နေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဥဇဘက် ဆမာကန်မြို့မှာ တရုတ်-ရုရှားဆက်ဆံရေးနဲ့ နိုင်ငံတကာနဲ့ဒေသတွင်း ပြဿနာများနဲ့ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။
ကဏ္ဍအသီးသီးမှာ တရုတ်နဲ့ရုရှားတို့ကြား နှစ်နိုင်ငံပူးပေါင်းမှုက တည်ငြိမ်စွာရှေ့ဆက်သွားနေကြောင်း 'ရှီ'က ပြောပြပါတယ်။
အတွင်းရေးကိစ္စရပ်များနဲ့ ပတ်သက်ပြီး အပြန်အလှန်ထောက်ပံ့ကူညီဖို့နဲ့ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ဆက်သွယ်ရေး၊ အခြားနေရာတွေမှာလည်း ထဲထဲဝင်ဝင်ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။
တရုတ်နဲ့ရုရှားတို့အနေဖြင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရန်၊ ဒေသတွင်းလုံခြုံရေးနဲ့ အကျိုးစီးပွားများကို ကာကွယ်ရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဘုံအကျိုးစီးပွားကို ထိန်းသိမ်းရန်လည်း ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံကလည်း တရုတ်နဲ့ နှစ်နိုင်ငံဘက်စုံဆက်သွယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပိုမိုခိုင်မာစေပြီး ကုန်သွယ်ရေးနဲ့ လောင်စာစွမ်းအင်ကဲ့သို့ အဓိကကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ကို တိုးချဲ့သွားမယ်လို့ 'ပူတင်'က ပြောကြားခဲ့ပါတယ်။
ဆွေးနွေးပွဲအတွင်း တရုတ်တစ်သွေးတစ်သံတည်းမူဝါဒကို ရုရှားဖက်က အခိုင်အမာ အသိအမှတ်ပြုပြီး တရုတ်ရဲ့အဓိကကိစ္စရပ်တွေမှာ ရန်စလှုံ့ဆော်နေတဲ့ နိုင်ငံတိုင်းကိုရှုတ်ချကြောင်း 'ပူတင်'ကဆိုပါတယ်။
တရုတ်ရဲ့တစ်သွေးတစ်သံတည်းမူဝါဒကို လက်ခံတဲ့ရုရှားကို တရုတ်ကလည်း အသိအမှတ်ပြုလိုက်ကာ ထိုင်ဝမ်က တရုတ်ပိုင်နယ်မြေဖြစ်ကြောင်း၊ ထိုင်ဝမ်လွတ်လပ်ခွင့်အတွက် ရပ်တည်နေတဲ့တပ်တွေနဲ့ ပြင်ပဝင်ရောက်စွက်ဖက်မှုတွေကို အပြင်းအထန်ဆန့်ကျင်ကြောင်း 'ရှီကျင့်ဖင်'က ပြောကြားခဲ့ပါတယ်။
#Source: CGTN
#Yangon_Media_Group
#World_Science
Published 16 September 2022
မူလခရမ်းချဉ်သီးတွေထက် အန်တီအောက်ဆီဒင့် ၁၀ ဆပိုမိုပါဝင်အောင် မျိုးဗီဇပြုပြင်ထုတ်လုပ်ထားတဲ့ ခရမ်းရောင်ခရမ်းချဉ်သီးကို ကြွက်တွေနဲ့စမ်းသပ်ခဲ့ရာမှာ ၃၀ ရာခိုင်နှုန်း ပိုမိုအသက်ရှည်နိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ပြီးနောက် အမေရိကန်ဈေးကွက်ထဲဖြန့်ချိဖို့ အဆင်သင့်ဖြစ်နေပါပြီ။
Norfolk Plant Sciences မှ သုတေသီများထုတ်လုပ်ထားတာဖြစ်ပြီး ကျားပါးစပ်ပန်းမျိုးဗီဇနဲ့ ရောစပ်ထားတာဖြစ်ကာ အန်သိုဆိုင်ယာနင်အများအပြားပါဝင်တာကြောင့် ဆီးချို၊ ကင်ဆာ၊ ရောင်ရမ်းခြင်းတို့ကို ကာကွယ်နိုင်ပြီး အခြားကျန်းမာရေးကောင်းကျိုးများ ရရှိစေမှာဖြစ်ပါတယ်။
ခရမ်းရောင်ခရမ်းချဉ်သီးကို အမေရိကန်စိုက်ပျိုးရေးဌာနနဲ့ တိရိစ္ဆာန်နှင့်အပင်ကျန်းမာရေးစစ်ဆေးရေးအဖွဲ့တို့မှ ၁၃ လကြာ စောင့်ကြည့်လေ့လာခဲ့ပြီးနောက် ယခုလအစောပိုင်းမှာ မျိုးဗီဇပြုပြင်ထားတဲ့အပင်ကို အမေရိကန်မြေပေါ်မှာ ပထမဆုံးစိုက်ပျိုးခွင့်ပြုလိုက်ပါတယ်။
အိမ်မှာစိုက်ပျိုးမယ့်သူတွေအတွက် Norfolk Plant Sciences မှ မျိုးစေ့များရောင်းချမှာဖြစ်ပြီး ဒါမှ စားသုံးသူတွေထံမှ တုံ့ပြန်မှုတွေကို ရရှိနိုင်မှာဖြစ်ကြောင်း ကုမ္ပဏီတွဲဖက်တည်ထောင်သူ အပင်ဇီဝဗေဒပညာရှင်'ကေသီမာတင်'က New Atlas ကို ပြောကြားသွားပါတယ်။
မျိုးဗီဇပြုပြင်ထားတဲ့ ခရမ်းချဉ်သီးကို 'မာတင်'နဲ့ တွဲဖက်တည်ထောင်သူ'ဂျိုနသန်ဂျုန်းစ်'တို့က ၂၀၀၈ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ခရမ်းရင့်ရောင်ရဖို့အတွက် ကျားပါးစပ်ပန်းမှ မျိုးဗီဇ ၂ မျိုးကို ထည့်သွင်းပေါင်းစပ်ခဲ့ပါတယ်။
ဒီအရောင်ထွက်လာရတာဟာ အန်သိုဆိုင်ယာနင်ဆိုတဲ့ အန်တီအောက်ဆီဒင့်ရောင်ခြယ်တွေကြောင့် ဖြစ်ပါတယ်။
သူတို့က ခန္ဓာကိုယ်ထဲက အန္တရာယ်ဖြစ်စေတဲ့ အောက်ဆီဂျင်မော်လီကျူးတွေကို ဖယ်ရှားပေးပါတယ်။
သာမန်အားဖြင့် အန်သိုဆိုင်ယာနင်တွေကို အပင်အရွက်မှာသာတွေ့ရပေမယ့် ဗြိတိန်သိပ္ပံပညာရှင်တွေက ကျားပါးစပ်ပန်းမှ မျိုးဗီဇတွေကို ခရမ်းချဉ်သီးအထဲသို့ရောက်အောင် ဖန်တီးနိုင်ခဲ့ပါတယ်။
အန်သိုဆိုင်ယာနင်တွေက ခရမ်းချဉ်သီးတွေထဲမှာ များပြားတဲ့ပမာဏဖြင့်ပါဝင်လာကြကာ အခွံရော အသားမှာပါပါဝင်ပါတယ်။
ထို့နောက် ကျန်းမာရေးကောင်းကျိုးအတွက် စမ်းသပ်ကြရာမှာ ကင်ဆာရှိနေတဲ့ကြွက်တွေကို မျိုးဗီဇပြုပြင်ထားတဲ့ခရမ်းချဉ်သီး စားသုံးစေခဲ့ပြီး နောက်ထပ်ကင်ဆာကြွက်တွေကိုတော့ သာမန်ခရမ်းချဉ်သီး စားသုံးစေခဲ့ပါတယ်။
ခရမ်းရောင်ခရမ်းချဉ်သီးစားသုံးတဲ့ ကြွက်တွေဟာ သာမန်ခရမ်းချဉ်သီးစားတဲ့ကြွက်တွေထက် ၃၀ ရာခိုင်နှုန်း ပိုမိုအသက်ရှည်ခဲ့ကြောင်း တွေ့ရှိရပါတယ်။
ဒီစမ်းသပ်မှုကို ၂၀၀၈ ခုနှစ်ကပြုလုပ်ခဲ့တာဖြစ်ပြီး အစားအစာကွပ်ကဲရေးအဖွဲ့များထံမှ ခွင့်ပြုချက်ရရှိဖို့ ၂၀၂၂ စက်တင်ဘာအထိ စောင့်ဆိုင်းခဲ့ရပါတယ်။
ဒီအပင်တွေ ပိုးစားမှာပူစရာမရှိဘဲ ဘေးကင်းစိတ်ချစွာနဲ့ အမေရိကန်မှာ စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။
အခုတော့ ဒီအပင်ကို ယူကေမှာပါ အသိအမှတ်ပြုခွင့်ရဖို့ ကြိုးစားနေကြပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Health
Published 16 September 2022
အမေရိကန်မှာ မျောက်ကျောက်ရောဂါကူးစက်ခံရပြီး ဦးနှောက်ရောင်ရမ်းခြင်းလက္ခဏာတွေ့ရှိခဲ့တဲ့ လူနာ ၂ ဦးရှိနေကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)မှ ကြေညာလိုက်ပါတယ်။
အသက် ၃၀ ဝန်းကျင်အမျိုးသားနှစ်ဦးဟာ မျောက်ကျောက်ရောဂါကူးစက်ခံရပြီးနောက် ဦးနှောက်နှင့်အာရုံကြောပြဿနာများ ကြုံတွေ့လာရကြောင်း အမေရိကန်ကျန်းမာရေးအရာရှိများက အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။
ကိုလိုရာဒိုပြည်နယ်နေထိုင်သူ တစ်ဦးဟာ ယားယံဖုများ ထွက်လာပြီး ၉ ရက်အကြာမှာ သူ့ရဲ့ခြေဖျားတွေ ထုံထိုင်းအားနည်းသလို ခံစားလာရပြီး ဆီးသွားရာမှာပါ အခက်အခဲရှိလာပါတယ်။
ဆေးရုံတက်ရောက်ပြီး ဓာတ်မှန်ရိုက်ကြည့်ရာမှာ ဦးနှောက်နဲ့ ကျောရိုးမကြီးအနှှမှာ ဒဏ်ရာများတွေ့ရှိခဲ့ပါတယ်။
သူဟာ အရင်က ကာလသားရောဂါပိုးကူးစက်ခံရဖူးပြီး မျောက်ကျောက်ရောဂါကို ကျောရိုးခြင်ဆီစမ်းသပ်မှုကနေ ရှာမတွေ့ခဲ့ပါဘူး။
ကုသမှုခံယူပြီး ၃ ပတ်လောက်အကြာမှာ အရေပြားဒဏ်ရာတွေ သက်သာသွားပေမယ့် တစ်လကြာပြီးတဲ့အထိ လမ်းလျှောက်ရာမှာ အထောက်အကူအသုံးပြုနေရပါတယ်။
ဝါရှင်တန်ဒီစီမှ လူနာကတော့ မျောက်ကျောက်ရောဂါမှာ အဖြစ်များတဲ့ အနာဖုလက္ခဏာတွေ ထွက်ပေါ်ပြီး ၅ ရက်အကြာမှာ ဆီးအိမ်ပြဿနာနဲ့ ခြေထောက်ထုံထိုင်းတဲ့ပြဿနာများ ခံစားခဲ့ရပြီး ဆေးရုံတက်ရောက်ခဲ့ရပါတယ်။
စိတ်ပိုင်းဆိုင်ရာ အခြေအနေ မူမမှန်တဲ့လက္ခဏာများပေါ်ပေါက်လာတာကြောင့် MRI စမ်းသပ်မှုပြုလုပ်ခဲ့ရာ ဒဏ်ရာတွေက ကျောရိုးမကြီးကို သက်ရောက်ခဲ့ပြီး တင်ပါးဆုံနဲ့ စအိုလမ်းကြောင်းတို့မှာ ရောင်ရမ်းခြင်းများ ရှိနေပါတယ်။
၅ ပတ်ကြာပြီးနောက် အရေပြားဒဏ်ရာများ သက်သာလာပြီး လူနာပြန်လည်ထူထောင်ရေးဌာနသို့ ပို့ဆောင်ခဲ့ကြောင်း CDC က ဖော်ပြခဲ့ပါတယ်။
ဆရာဝန်တွေ၊ ကျန်းမာရေးပညာရှင်တွေအနေနဲ့ မျောက်ကျောက်ရောဂါရဲ့ ဖြစ်လာနိုင်တဲ့လက္ခဏာတွေနဲ့ ကုသမှုတွေအကြောင်း သတိထားသိရှိထားသင့်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
ထိုလူနာနှစ်ယောက်စလုံးဟာ မျောက်ကျောက်ရောဂါကာကွယ်ဆေး ထိုးနှံထားခြင်း မရှိပါဘူး။
ဦးနှောက်နဲ့ အာရုံကြောပြဿနာတွေက ဗိုင်းရပ်စ်ကြောင့်ဖြစ်လာလား ဗိုင်းရပ်စ်ကိုတုံ့ပြန်တဲ့ ကိုယ်ခံအားစနစ်ကြောင့်လားဆိုတာကို သေချာမသိရှိရသေးပါဘူး။
အရင်လေ့လာမှုတွေတုန်းက မျောက်ကျောက်ရောဂါနဲ့ အာရုံကြောပြဿနာတွေ ရှားရှားပါးပါးဆက်စပ်ဖြစ်ပွားတာကို တွေ့ရှိခဲ့ဖူးပါတယ်။
မျောက်ကျောက်ရောဂါဟာ အလျင်အမြန်ကူးစက်လျက်ရှိပြီး ယောက်ျားချင်းလိင်တူဆက်ဆံသူတွေမှာ အများစုကူးစက်တတ်ပါတယ်။
CDC ရဲ့ ဖော်ပြချက်အရ အမေရိကန်မှာ မျောက်ကျောက်ကူးစက်သူ ၂၂,၀၀၀ နီးပါးရှိခဲ့ပြီး ကမ္ဘာမှာအများဆုံးဖြစ်နေပါတယ်။
Source: Bloomberg
#Yangon_Media_Group
#World_Environment
Published 15 September 2022
ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့နဲ့ အခြားနေရာတွေမှာ လူလက်တံလောက်ရှိတဲ့ အဖြူရောင်ကတ္တဝါငှက်တွေဟာ အမှိုက်ပုံးအဖုံးကို အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ဖွင့်နေတာကို တွေ့မြင်ရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 15 September 2022
၁။ သထုံမြို့နယ်ရှိ သုဝဏ္ဏ၀တီမြို့၊ သိမ်ဆိပ်တောင်လေးကုန်းစေတီ မိုးကြိုးပစ်ခံရသဖြင့် စိန်ဖူးတော်မြေခခဲ့
၂။ သီတင်းကျွတ်လပြည့်နေ့အမီ ဗုဒ္ဓဂါယာကိုဘုရားဖူးခရီးသွားရောက်လိုသူများ များပြားနေ
၃။ တရုတ်-မြန်မာနယ်စပ် မူဆယ် ပို့ကုန်သွင်းကုန်လုပ်ငန်းများ ပုံမှန်ပြန်ဖြစ်
၄။ အမှိုက်ပုံးဖွင့်ပြီး အမှိုက်ဖွသည့် ကတ္တဝါငှက်များကြောင့် ဆစ်ဒနီမြို့နယ်ခံများ စိတ်အနှောင့်အယှက်ဖြစ်နေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 15 Sept 2022
၂၀၂၂ခုနှစ် အာဆီယံမိတ်ဖက် မီဒီယာများ ဖိုရမ်ကို စက်တင်ဘာ ၁၅ ရက် ကြာသပတေးနေ့က တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေးဒေသ နန်နင်းမြို့မှာ ကျင်းပရာ နိုင်ငံပေါင်း ၇၀ကျော်မှ ဧည့်သည် ၁၈၀ကျော် အွန်လိုင်းနှင့် ကိုယ်တိုင် တက်ရောက်ခဲ့ကြပါတယ်။
“အသိဉာဏ်၊ပူးပေါင်းဆောင်ရွက်မှု၊ပေါင်းစည်းညီညွတ်မှု” ဆိုတဲ့ အာဘော်နှင့် ပြုလုပ်တဲ့ ဒီနှစ်ဖိုရမ်ကို တရုတ်မီဒီယာအုပ်စု CMG နှင့် ကွမ်ရှီကျန်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအစိုးရတို့ ပူးပေါင်းကျင်းပပါတယ်။
ဖွင့်ပွဲအခမ်းအနားမှာ CMG နှင့် အာဆီယံမီဒီယာများအကြား ပူးပေါင်းဆောင်ရွက်မှုအသစ်တွေဖြစ်တဲ့ “ဇီ မျိုးဆက် ဩဇာလွှမ်းမိုးသူများ လေ့ကျင့်ရေးစင်တာ” နှင့် “ တရုတ်-အာဆီယံ မီဒီယာ အရေးပေါ်လိုင်း” စီမံကိန်းနှစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။
ဖိုရမ်နှင့်အတူ CMG နှင့် ကွမ်ရှီကျင်းအစိုးရတို့အကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီအပြင် တရုတ်-အာဆီယံ မီဒီယာကွန်ပလက်စ် ဖွင့်ပွဲကိုပါ တစ်ပါတည်းကျင်းပခဲ့ကြပါတယ်။
Source CCTV+
#ASEAN_China_Media_Partners_Forum
#Guangxi_Zhuang
#China_media
#World_Politics
Published 15 September 2022
ထိုင်ဝမ်သို့ ဒေါ်လာဘီလီယံများစွာ တန်ကြေးရှိတဲ့ စစ်ဘက်ဆိုင်ရာအကူအညီများကို အမေရိကန်က တိုက်ရိုက်ထောက်ပံ့ခြင်းအစီအစဉ်နဲ့ပတ်သက်ပြီး လွှတ်တော်ကော်မတီက ဗုဒ္ဓဟူးနေ့(စက်တင်ဘာ ၁၄ ရက်)မှာ ပထမဆုံးခြေလှမ်းစတင်လိုက်ပါတယ်။
တရုတ်နဲ့တင်းမာမှု မြင့်တက်နေတဲ့ကြားက ထိုင်ဝမ်ကို အကူအညီများထပ်တိုးထောက်ပံ့နေကာ ထိုင်ဝမ်နဲ့ဆက်ဆံရေးကို ပိုမိုပြီးတရားဝင်ဖြစ်လာအောင် အမေရိကန်က ကြိုးပမ်းနေတာဖြစ်ပါတယ်။
အမေရိကန်ဟာ ဆယ်စုနှစ်တွေတိုင်အောင် ထိုင်ဝမ်ကို လက်နက်တွေရောင်းချနေခဲ့ပါတယ်။
ဒါပေမဲ့ ဥပဒေအသစ်အရ ၄ နှစ်အတွင်း အမေရိကန်လုံခြုံရေးထောက်ပံ့မှုအတွက် ဒေါ်လာ ၄.၅ ဘီလီယံ ထပ်မံပေးအပ်သွားမည်ဖြစ်ရာ တရုတ်အတွက်တော့ အမျက်ထွက်စရာဖြစ်မှာ သေချာပါတယ်။
ဒါ့အပြင် ထိုင်ဝမ်ကျွန်းကို တရုတ်ကအင်အားသုံးကျူးကျော်ပါက အရေးယူပိတ်ဆိုမှုတွေချမှတ်ဖိုအစီအစဉ်တွေလည်း ပါဝင်နေပါတယ်။
အကျယ်ပြန့်ဆုံး ဆက်ဆံရေးမြှင့်တင်မှုအဖြစ် ထိုင်ဝမ်မူဝါဒဥပဒေကို အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီက အတည်ပြုလိုက်ပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်ခြင်းကိစ္စအပြင် အောက်လွှတ်တော်ဥက္ကဌ'နန်စီပယ်လိုစီ' ထိုင်ဝမ်သို့လာရောက်ခြင်းတို့ကြောင့် တရုတ်က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် ထိုင်ဝမ်အတွက် စိုးရိမ်မှုမြင့်တက်နေတဲ့အချိန်မှာ လွှတ်တော်အမတ်တွေက အခုလိုအတည်ပြုလိုက်တာဖြစ်ပါတယ်။
ကော်မတီကိုဦးဆောင်နေတဲ့ ဘိုင်ဒန်ရဲ့ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ်'ဘော့မီနန်ဒက်ဇ်'က အမေရိကန်ဟာ စစ်ပွဲဖြစ်လာအောင် ကြံစည်နေတာမဟုတ်သလို တရုတ်နဲ့လည်း တင်းမာအောင်ဖန်တီးနေတာမဟုတ်ကြောင်း၊ အားလုံးကို ရှင်းရှင်းလင်းလင်းမြင်သင့်ကြောင်း ပြောကြားလိုက်ပါတယ်။
"ထိုင်ဝမ်ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကို လျော့ကျအောင် ဗျူဟာကျကျလုပ်ဆောင်နေတာပါ၊ ထိုင်ဝမ်ကိုကျူးကျော်ဖို့ တရုတ်ဘက်က ဘယ်လောက်ရင်းရနိုင်လဲ ဘယ်လောက်အထိ စွန့်စားရာကျပြီး အောင်မြင်နိုင်ချေနည်းလဲဆိုတာကို မြင်သာအောင် ပြုလုပ်နေပါတယ်"လို့ ပြောပြသွားပါတယ်။
ကော်မတီထဲမှ ထိပ်သီးရီပတ်ဘလစ်ကန် လွှတ်တော်အမတ်'ဂျင်မ်ရစ်ချ်'ကလည်း သိပ်နောက်မကျခင် ထိုင်ဝမ်ရဲ့ကိုယ်ပိုင်ကာကွယ်ရေးကို အင်အားတောင့်တင်းအောင် ဆောင်ရွက်သင့်ကြောင်း ဆိုပါတယ်။
ဒီဥပဒေကြမ်းဟာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တစ်ခုလုံး အသိအမှတ်ပြုရဦးမှာဖြစ်သလို သမ္မတ'ဂျိုးဘိုင်ဒန်'က လက်မှတ်ထိုးပေးမှာလားဆိုတာ မသိရသေးပါဘူး။
ဒါပေမဲ့ ဥပဒေကြမ်းကို ထောက်ခံမှုမြင့်မားတာကြောင့် အာဏာသုံးငြင်းပယ်မယ်ဆိုရင်တောင် ကွန်ဂရက်လွှတ်တော်က ကျော်လွှားသွားနိုင်တဲ့ သဘောလည်းရှိနေပါတယ်။
အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲဝန်ကြီး'ကာရင်ဂျင်းပီယာရဲလ်'က ဥပဒေကြမ်းနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့နဲ့ လွှတ်တော်အမတ်များ ပြောဆိုလျက်ရှိကြောင်း၊ ထိုင်ဝမ်အရေးအတွက် ပါတီနှစ်ဖွဲ့စလုံးက ထောက်ခံနေကြတာကို ဝမ်းသာမိကြောင်း ပြောကြားသွားပါတယ်။
Source: CNA
#Yangon_Media_Group
Page 901 of 1127