#WorldNews
Published 17 March 2022
ပဲရစ်မြို့ရှိ နိုထာဒမ်ကက်သလစ်ဘုရားကျောင်းကို ပြုပြင်ရန်လုပ်ငန်းများပြင်ဆင်ရင်း ၁၄ ရာစုနှစ်လောက်ကလိုခန့်မှန်းရတဲ့ အုတ်ဂူများစွာနဲ့ ကျောက်ဂူဟောင်းကြီးတစ်ခုကို ရှေးဟောင်းသုတေသနပညာရှင်များ တွေ့ရှိခဲ့ကြကြောင်း ပြင်သစ်ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 17 March 2022
ဒီကနေ့ တိုင်းတွာချက်တွေအရ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေအနီးသို့ လာမယ့် မတ်လ ၂၃ ရက်နေ့မှာ ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
#LocalNews
Published_17 March 2022
မြန်မာနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးတွေလုပ်တဲ့အခါမှာ အမေရိကန်ဒေါ်လာကိုပဲ အသုံးပြုလာခဲ့တာကနေ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်ကစပြီးတော့ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် ယွမ်ငွေနဲ့ မြန်မာကျပ်ငွေကို တိုက်ရိုက်အသုံးပြုပြီး ငွေပေးချေခွင့်ရခဲ့ပါတယ်။
#Yangon_Media_Group
#LocalNews
Published_17 March 2022
မြန်မာနိုင်ငံဘက်က ပို့ကုန် (၇)မျိုးကို တရုတ်က ယာယီပိတ်လိုက်တာကြောင့် လက်ရှိမှာ တရုတ်ကိုပို့ဖို့တန်းစီနေတဲ့ ကုန်ကားတွေ နောက်ကြောင်းပြန်လှည့်နေကြရတယ်လို့ မူဆယ်ကုန်သည်လုပ်ငန်းရှင်တွေက ပြောကြပါတယ်။
#Yangon_Media_Group
#LocalNews
Published - 17 Mar 2022
အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့တို့ မတ်လ ၆ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံခဲ့ကြပြီးနောက် UPDJC ကနေ ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နုတ်ထွက်လိုက်ပါတယ်။
#Yangon_Media_Group
#DailyNews
Published - 17 Mar 2022
၁။ ပါဝင်သင့်ပါဝင်ထိုက်သူများပါဝင်လာရေးအတွက် UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့ကနုတ်ထွက်ခြင်းဟု ဒေါက်တာအေးမောင် ပြောကြား
၂။ မြန်မာနိုင်ငံဘက်က ပို့ကုန် (၇)မျိုးကို တရုတ်က ယာယီပိတ်လိုက်သောကြောင့် ကုန်ကားများ နောက်ကြောင်းပြန်လှည့်ရ
၃။ မိုးလေဝသ သတင်း
၄။ ပဲရစ်မြို့ နိုထာဒမ်ဘုရားကျောင်းပြုပြင်ရေးလုပ်ငန်းပြုလုပ်စဉ် ရှေးဟောင်းအုတ်ဂူများတူးဖော်တွေ့ရှိ.......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
Published 16 March 2022
ပြင်းအား၇.၃ အဆင့်ရှိတဲ့ အလွန်ပြင်းထန်နဲ့ ငလျင်ကြီးတစ်ခု ဂျပန်နိုင်ငံ အရှေ့ပိုင်းမှာ မတ်လ(၁၆)ရက်နေ့ည ၁၁နာရီ၃၆ မိနစ်ခန့်က လှုပ်ရှားသွားခဲ့ပါတယ်။ အဲဒီငလျင်ဟာ မြို့တော်တိုကျိုကိုပါ တုန်ခါသွားစေပြီး အရှေ့မြောက်ကမ်းခြေ တလျောက် ဆူနာမီ သတိပေးချက်ထုတ်ပြန်ခဲ့ရပါတယ်လို့ ဂျပန်မိုးလေဝသဌာနကပြောပါတယ်။
ပြင်းထန်တဲ့အဲဒီငလျင်ကြောင့် အိမ်ခြေနှစ်သန်းကျော် လျှပ်စစ်မီးများပြတ်တောက်သွားပါတယ်။ ငလျင်ဟာ ဖူကူရှီမားဒေသ မြေအောက်အနက်၃၇မိုင်ခန့်ကို ဗဟိုပြုပြီး လှုပ်ရှားသွားတာဖြစ်ပါတယ်။
ယခုအထိတော့ ထိခိုက်ပျက်စီးမှုသတင်းတွေမရရှိသေးပါဘူး။
Page 1140 of 1187