#Local_News
Published _ 15 August 2022
မြန်မာနိုင်ငံ လူမှုဝန်ထမ်း ဦးစီးဌာနအနေနဲ့ သင်တန်းကာလသုံးလကြာမြင့်မယ့် အသက်မွေးဝမ်းကျောင်းပညာရပ် ၅မျိုးကို မသန်စွမ်းသူတွေအတွက် နေစားစရိတ်ငြိမ်း အခမဲ့စနစ်နဲ့ ရန်ကုန်မြို့မှာရှိတဲ့ မသန်စွမ်းသက်ကြီး သင်တန်းကျောင်းမှာ သင်ကြားပေးသွားတော့မှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 15 August 2022
ဗဟိုဘဏ်က ပြောင်းလဲသတ်မှတ်ပေးလိုက်တဲ့ ငွေလဲလှယ်နှုန်းဈေးကြောင့် ပြည်တွင်းပဲဈေး မြင့်တက်လာခဲ့သော်လည်း အရောင်းအဝယ် အေးနေတယ်လို့ ပဲကုန်သည်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_15 August 2022
ရန်ကုန်တိုင်းမှာတွေ့ရတဲ့ ပြည်တွင်းပြည်ပက ကိုဗစ်လူနာတွေကို ပြည်သူ့ဆေးရုံကြီး(၂)ရုံနဲ့ ရိုးမကိုဗစ်စင်တာကို နေ့စဉ်ပို့ဆောင်ပေးနေတယ်လို့ ရှင်သန်ရေးကူညီမှုအသင်း၊ ဥက္ကဌဦးထွန်းထွန်းဦးက ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 15 August 2022
၁။ ရန်ကုန်တိုင်းက ကိုဗစ်လူနာများကို ပြည်သူ့ဆေးရုံ(၂) ရုံနှင့် ရိုးမကိုဗစ်စင်တာကို နေ့စဉ်ပို့ဆောင်ပေးနေ
၂။ ပြောင်းလဲသတ်မှတ်လိုက်သည့် ငွေဈေးနှုန်းကြောင့် ပဲဈေးနှုန်းတက်လာ
၃။ မသန်စွမ်းသူများအတွက် အခမဲ့ အသက်မွေးဝမ်းကျောင်းပညာအတတ်သင် သင်တန်းကို လာမည့်စက်တင်ဘာလတွင် ဖွင့်လှစ်သွားမည်
၄။ မိုးခေါင်ရေရှားမှုကြောင့် မော်ရိုကိုစိုက်ပျိုးရေးကဏ္ဍကြပ်တည်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published_15 August 2022
လူမှုကွန်ရက်ပေါ်တွင် စက်သုံးဆီဝယ်ယူရန် စောင့်ဆိုင်းနေရခြင်းနှင့် စက်သုံးဆီများ ပြတ်လပ်နေခြင်းများ ဖြစ်ပေါ်နေကြောင်း သတင်းများထွက်ပေါ်မှုမှာ ကောလဟာလသာဖြစ်ပြီး လက်ရှိတွင် စက်သုံးဆီ ဂါလန် သိန်းနှင့်ချီရှိကာ မကြာမီရက်ပိုင်းအတွင်း ဆီသင်္ဘော ၁၂ စင်း ထပ်မံဝင်ရောက်ရန်လည်းရှိနေသေးကြောင်းပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများအား သြဂုတ်လ ၁၅ ရက်က ပြောပါတယ်။ ရှင်းလင်းချက်အပြည့်အစုံကိုဖော်ပြပေးအပ်ပါတယ်။
ymg/mt
Yangon_Media_Group
#Myanmar_Fuel_Issue
#Maj_Gen_Zaw _Min_Tun
#Myanmar_Politics
#Local_News
Published - 15 August 2022
ယနေ့(ဩဂုတ်လ ၁၅ ကနေ ၂၁ ရက်နေ့အထိ) ရန်ကုန်စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၄၁၄၀ ကျပ်ဖြစ်တယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ကြေညာထားပါတယ်။
#Yangon_Media_Group
Published 15 August 2022
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ရှိ ကက်ပီတဲလ်အဆောက်အအုံအနီး လမ်းပိတ်ထားတဲ့ အတားအဆီးတွေကို လူတစ်ယောက်က ကားနှင့်ဝင်တိုက်ပြီးနောက် သူဟာ သေနတ်နှင့် လေထဲကို ပစ်လိုက်ပါတယ်။ အဲဒီနောက် သူ့ကိုယ်သူထပ် ပစ်ပြီး သတ်သေသွားတယ်လို့ ရဲတွေကပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ကက်ပီတဲလ်ရဲဌာနရဲ့ထုတ်ပြန်ချက်ထဲမှာ အဲဒီသူဘယ်သူဆိုတာနှင့် ဘာကြောင့်ဒီလိုလုပ်သလဲ ဆိုတောတွေကိုတော့ ထည့်သွင်းထုတ်ပြန်ထားခြင်းမရှိပါဘူး။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ အပန်းဖြေအိမ်ကြီးကို အက်ဖ်ဘီအိုင်အဖွဲ့က အငိုက်ဖမ်းစီးနင်းပြီး အစိုးရရဲ့ လျှို့ဝက်အဆင့်သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေပါတဲ့ ပုံးတော်တော်များများကို သယ်ယူသွားခဲ့ပြီးနောက် ဆိုရှယ်မီဒီယာတွေမှာ တင်းမာမှုတွေနှင့် အကြမ်းဖက်မှုတွေပြည့်နေတဲ့ ပြောဆိုရေးသားမှုတွေရှိနေစဉ်မှာ ယခုကိစ္စ ဖြစ်ပွားခဲ့တာပါ။
အဲဒီသူဟာ ကားကိုမောင်းလာပြီး အရှေ့ကပ်ပီတဲလ်လမ်းနှင့် ဒုတိယလမ်းထောင့်က လမ်းပိတ်ထားတဲအတားအဆီးတွေကို ဩဂုတ် ၁၄ရက်မနက်လေးနာရီကျော်ကျော်မှာ ဝင်ပြီးတိုက်ခဲ့တာလို့ ရဲဌာနကပြောပါတယ်။
အဲဒီသူက ကားထဲကထွက်လာတဲ့အခါ မီးတောက်တွေက ဝိုင်းရံနေပါတယ်။ အဲဒီနောက်သူဟာ သေနတ်ကို အချက်ပေါင်း များစွာ လေထဲပစ်ဖောက်ခဲ့ပါတယ် လို့ ကပ်ပီတဲလ်ရဲကပြောပါတယ်။
အရာရှိတွေက သေနတ်သံကြားလို့ သူ့ထံချည်းကပ်လာတဲ့အခါ သူဟာ သူ့ကိုယ်သူသတ်သေသွားတယ်လို့ ရဲကပြောပါတယ်။
ဘယ်သူတစ်ဦးတစ်ယောက်မျှတော့ ထိခိုက်ခြင်းမရှိခဲ့ပါဘူး။
ကွန်ဂရက်လွှတ်တော်အစည်းအဝေးတွေက လောလောဆယ်ရပ်နားထားတာဖြစ်ပြီး အဲဒီသူဟာ ကွန်ဂယက်အမတ်တစ်ဦးဦး ကိုရည်ရွယ်ပုံတော့မရဘူးလို့လည်း ရဲကပြောပါတယ်။
ဒီစီမြို့ပြရဲဌာနက အဲဒီသူနှင့်ပတ်သက်တဲ့ နောက်ကြောင်းကို လိုက်လံစုံစမ်းနေပါတယ်။လွန်ခဲတဲ့ ၁၀နှစ်က သူ့မှာ ရာဇဝတ်မှုခင်းကျူးလွန်ခဲ့တာရှိမရှိလည်းမသိသေးဘူးလို့ သူတို့ကပြောပါတယ်။
၂၀၂၁ ဧပြီလတုန်းက လူတစ်ယောက်ဟာ ကက်ပီတဲလ်က လမ်းအတားအဆီးတစ်ခုကို ကားနှင့်ဝင်တိုက်ပြီးနောက် ဓားနှင့်ခုတ်ခဲ့လို့ ရဲအရာရှိ ဘီလီအီဗန်သေဆုံးခဲ့ရပါတယ်။ ရဲတွေက အဲဒီလူကိုပစ်သတ်ခဲ့ရပါတယ်။
Source AFP
#US_Capitol
#US_Capitol_Firing_Gun
#US_Politics
Page 959 of 1141