Published 19 December 2022
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုအီဂူဟာ စစ်ဝတ်စုံဝတ်ဆင်လျက် စစ်ရဟတ်ယာဉ်အတွင်း စီးနင်းလိုက်ပါကာ ယူကရိန်းမှာရှိတဲ့ ရုရှားတပ်တွေကို စစ်ဆေးခဲ့ရာ အဲဒီ ဗွီဒီယိုကို ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပေးပါတယ်။
အထူးစစ်ဆင်ရေးဇုန်အတွင်းက ရုရှားတပ်ဖွဲ့တွေ ရှေ့သို့နေရာယူထားတဲ့အခြေအနေတွေနှင့် တပ်ဖြန့်ထားရှိမှုတွေကို ရုရှားစစ်ဝန်ကြီးဌာနအကြီးအကဲဟာ ပျံသန်းပြီးကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် ဒီခရီးစဉ်ဘယ်တုန်းကလုပ်ခဲ့တယ်ဆိုတာတော့ သတင်းထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူး။ ဒါပေမယ့် အဲဒီခရီးစဉ်ဟာ သမ္မတပူတင်နှင့် ရှိုအီဂူအပါအဝင်ရုရှားရဲ့ ယူကရိန်းစစ်ဆင်ရေးအကြီးအကဲတွေ တွေ့ဆုံကြအပြီး နှစ်ရက်အကြာမှာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
Source: AFP
#Russia_Defense_Minsiter_Inspection
#Sergei_Shoigu
#Russia_Ukraine_Crisis
Published 18 Dec 2022
ဂျပန်နိုင်ငံရဲ့ မကြာသေးခင်က အမျိုးသား ကာကွယ်ရေးမူဝါဒကို ပြန်လည်ပြင်ဆင်လိုက်တာဟာ အင်မတန်အန္တရာယ်များတဲ့လုပ်ရပ်ဖြစ်ပြီး ကာကွယ်မှုမဟာဗျူဟာကနေ တိုက်ခိုက်ရေးမဟာဗျူဟာကို ပြောင်းလဲ လိုက်တဲ့ သင်္ကေတဖြစ်တယ်လို့ ဂျပန်ပညာရှင်တစ်ဦးကပြောလိုက်ပါတယ်။
ဂျပန်အစိုးရဟာ သောကြနေ့က အမျိုးသားလုံခြုံရေးမဟာဗျူဟာ၊ အမျိုးသားကာကွယ်ရေး မဟာဗျူဟာနှင့် ကာကွယ်ရေးမြှင့်တင်မှုအစီအစဉ်တွေကို အစိုးရအဖွဲ့အစည်းအဝေးမှာ ပြန်လည်ရေးဆွဲခဲ့ပါတယ်။
အဲဒီပြောင်းလဲမှုအရ ပြန်လည်တိုက်ခိုက်ခြင်းစွမ်းရည်လို့ အမည်တပ်ထားတဲ့ ဒုံးကျည်ပစ်လွှတ်စခန်းတွေကို အခြား နိုင်ငံတွေမှာ ဂျပန်ဟာ တပ်ဆင်ခွင့်ရှိလာမှာဖြစ်ပါတယ်။
ဒါဟာ ဂျပန်ရဲ့ စစ်ဆန့်ကျင်ရေးအခြေခံဥပဒေ အခန်း(၉)မှာပါရှိတဲ့ အထူး သီးသန့်ကာကွယ်ရေး ဗဟိုပြုမှု အခြေခံမူကို ချိုးဖောက်တာဖြစ်တယ်လို့ ဂျပန်ဝေဖန်သုံးသပ်သူတွေက ထောက်ပြကြပါတယ်။
အဲဒီအပြင် ဂျပန်ဟာ ကာကွယ်ရေးအသုံးစရိတ်တွေ သိသိသာသာတိုးမြှင့်တော့မှာလည်းဖြစ်ပါတယ်။ ကာကွယ်ရေးမြှင့်တင်မှုအစီအစဉ်မှာ ဂျပန်ဟာ ၂၀၂၃မှ ၂၀၂၇ အထိ(၅)နှစ်တာကလာအတွင်း အမေရိကန်ဒေါ်လာ ၃၁၄.၅ ဘီလျံနှင့်ညီမျှတဲ့ ဂျပန်ယမ်း ၄၃ ထရီလီယံကို သုံးစွဲပါလိမ့်မယ်။ဒီ ပမာဏဟာ လာမယ့်နှစ်မှာပြီးဆုံးမယ့် ဂျပန်ရဲ့ ကာကွယ်ရေးဘတ်ဂျက်ထက်တောင် ၁ဆခွဲများနေပါတယ်။
ဒီလိုဆောင်ရွက်ချက်တွေဟာ အစိုးရအဖွဲ့က ဂျပန်ရဲ့ စစ်ဆန့်ကျင်ရေးအခြေခံဥပဒေကနေသွေဖည်ဆောင်ရွက်တာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေနှင့် ဆက်ဆံရေးပိုမိုဆိုးရွားလာကာ လက်နက်ပြိုင်ဆိုင်မှုကို ပိုပြင်းထန်လာစေလိမ့်မှာမို့ အန္တရာယ်များတဲ့အလုပ်လို့ ပြည်သူတွေက ထင်မြင်နေကြပါတယ်။
ဒီလိုလုပ်ဆောင်တာဟာ ဂျပန်အနေနှင့် ကာကွယ်ရေးမဟာဗျူဟာကနေ တိုက်ခိုက်ရေးမဟာဗျူဟာကို ပြောင်းရွှေ့လိုက် တဲ့သဘောဖြစ်တယ်လို့ ယိုကိုဟားမား အမျိုးသားတက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ ရှင်ဂျီယို ဟာဂီဝါယာက ပြောပါတယ်။
“ သိပ်အန္တရာယ်များတယ်လို့ ကျွန်တော်ထင်တယ်။ သုံးထားတဲ့ အထူးသီးသန့် ကာကွယ်ရေးဆိုတဲ့အသုံးအနှုံးက ဗန်းပြ သက်သက်ဖြစ်နေတယ်။ ဂျပန်ဟာ ကာကွယ်ရေးကိုပဲဆက်လုပ်မှာပါလို့ ပါးစပ်ကပြောနေပေမယ့် လက်တွေက အခြား နိုင်ငံတွေရဲ့ စစ်အခြေစိုက်စခန်းတွေကို စတင် တိုက်ခိုက်ဖို့ စဉ်းစားတာပဲဖြစ်တယ်။ ဂျပန်ဟာ သမိုင်းသင်ခန်းစာမယူသေးဘူး” လို့ သူကဆက်ပြောပါတယ်။
ဂျပန်ဟာ တရုတ်နှင့် တစ်ခါက စစ်ပွဲအပြင်းအထန်ဖြစ်ခဲ့ဖူးပြီ။အဲဒီမှာ တရုတ်တွေအများကြီးသေသလို ဂျပန်တွေလည်း သေကြတာပဲ။အနာဂတ် မျိုးဆက်သစ်တွေကို ဒီလမ်းကြောင်းအတိုင်း ဆက်လိုက်ခိုင်းခွင့်မပေးနိုင်ဘူး” လို့ ဆန္ဒပြသူတစ်ဦးကပြောပါတယ်။
ကာလရှည်ကြာထိန်းသိမ်းထားတဲ့ ဂျပန်ရဲ့ကာကွယ်ရေးမူဝါဒဟာ ဂျပန်ကို စစ်အင်အားကြီးနိုင်ငံဖြစ်လာစေဖို့မဟုတ်ဘူး။ဒီလိုပြောင်းလဲလိုက်တာဟာ ဒေသအတွင်း မတည်မငြိမ်ပိုဖြစ်စေလိမ့်မယ် လို့ ဂျပန်ကျိုဒိုသတင်းဌာနက ဝေဖန်ရေးသားခဲ့ပါတယ်။
Source CCTV+
#Japan’s_national defense policy
#Japan_change_defense_strategy
#Geo_politics
#TV Yangon Times Matters အစီအစဉ်
Published - 18 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးအောင်ရဲထွန်း(ဓာတု)
နှင့်အတူ
-"ဆယ်တန်းအောင်ပြီးကတည်းက ရွှေတိဂုံစေတီတော်ပေါ်ရောက်ဖြစ်ခဲ့ပြီး အဓိငှာန်တွေဝင်ဖြစ်ခဲ့တာဖြစ်ကြောင်း
-မြန်မာပြည်အကြောင်းပြောရင်ရွှေတိဂုံဘုရားအကြောင်းမပါလို့မရပါဘူးဆိုတဲ့အကြောင်း
-သာမန်လူတွေထက် ရွှေတိဂုံဘုရားအကြောင်းပိုသိတာဖြစ်လို့"ရွှေတိဂုံစေတီတော်မှ ရှားပါးမှတ်တမ်းများ"စာအုပ်ကို ရေးသားထုတ်ဝေခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 18 December 2022
ပြည်မြို့အကောက်တောင်ဘုရားသို့ လာရောက်ကြတဲ့ ဘုရားဖူးတွေကို နေစားငြိမ်း အခမဲ့အလှူပေးနေဆဲဖြစ်တယ်လို့ အကောက်တောင်ဘဏာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 18 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးအောင်ရဲထွန်း(ဓာတု) နှင့်အတူ
-"ဆယ်တန်းအောင်ပြီးကတည်းက ရွှေတိဂုံစေတီတော်ပေါ်ရောက်ဖြစ်ခဲ့ပြီး အဓိငှာန်တွေဝင်ဖြစ်ခဲ့တာဖြစ်ကြောင်း
-မြန်မာပြည်အကြောင်းပြောရင်ရွှေတိဂုံဘုရားအကြောင်းမပါလို့မရပါဘူးဆိုတဲ့အကြောင်း
-သာမန်လူတွေထက် ရွှေတိဂုံဘုရားအကြောင်းပိုသိတာဖြစ်လို့"ရွှေတိဂုံစေတီတော်မှ ရှားပါးမှတ်တမ်းများ"စာအုပ်ကို ရေးသားထုတ်ဝေခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_17 December 2022
မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ့် ခရီးသွားနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ရုရှားခရီးသွားဈေးကွက်ဟာ တတိယအများဆုံးလာရောက်လည်ပတ်တဲ့ နိုင်ငံဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 18 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးအောင်ရဲထွန်း(ဓာတု)
နှင့်အတူ
-"ဆယ်တန်းအောင်ပြီးကတည်းက ရွှေတိဂုံစေတီတော်ပေါ်ရောက်ဖြစ်ခဲ့ပြီး အဓိငှာန်တွေဝင်ဖြစ်ခဲ့တာဖြစ်ကြောင်း
-မြန်မာပြည်အကြောင်းပြောရင်ရွှေတိဂုံဘုရားအကြောင်းမပါလို့မရပါဘူးဆိုတဲ့အကြောင်း
-သာမန်လူတွေထက် ရွှေတိဂုံဘုရားအကြောင်းပိုသိတာဖြစ်လို့"ရွှေတိဂုံစေတီတော်မှ ရှားပါးမှတ်တမ်းများ"စာအုပ်ကို ရေးသားထုတ်ဝေခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Page 961 of 1286