၂၁ နိုဝင်ဘာ ၂၀၂၃
မြန်မာနိုင်ငံအစိုးရအနေဖြင့် ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်းနယ်စပ်ဒေသတွင် တရားဥပဒေစိုးမိုးရေး ဆောင်ရွက် နေမှု၊ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)မြန်မာအမျိုးသားရေး ကွန်ရက်မှ ဆန္ဒပြမှုများနှင့်ပတ်သက်သည့်ကိစ္စ၊ လွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ဆရာမများအား အကြမ်းဖက်အဖွဲ့များမှ ဖမ်းဆီးထိန်းသိမ်းထားသော အခြေအနေ၊၂၁-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်း တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါရှင်းလင်းပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးပါတယ်။
အကြိမ်(၃၀)မြောက် အာရှပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုခေါင်းဆောင်များ အစည်းအဝေးတွင် Golden Gate ကြေညာချက်ကျင့်သုံးရန်သဘောတူညီခဲ့ကြ
ဆန်ဖရန်ဆစ္စကိုမှာ ကျင်းပတဲ့ အကြိမ် ၃၀ မြောက် အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC)ရဲ့ ခေါင်းဆောင်များ အစည်းအဝေးပွဲဟာ သောကြာနေ့မှာ နိဂုံးချုပ်လိုက်ပြီး အားလုံးအတွက် ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ ကြံ့ခိုင်တဲ့အနာဂတ် ပုံဖော်ရေးခေါင်းစဥ်ဖြင့် Golden Gate ကြေညာချက်ကို ကျင့်သုံးရန် သဘောတူညီခဲ့ကြပါတယ်။
#World_Economic
Published 21 November 2023
#ဆန်ဖရန်ဆစ္စကို #Golden Gate
#Daily_News
Published_ 21 November 2023
၁။ မြန်မာ့လက်မှုပညာရှင်ကို ထိုင်းမှပေ ၅၀ ရှိသည့် ဘီလူးရုပ်တုကြီးများထုလုပ်ပေးရန် စတင်အပ်နှံလာ
၂။ PNLO အခြေပြုဒေသသို့ ကယားပြည်နယ်မှ စစ်ဘေးရှောင်လာသူ ၈၀၀၀ကျော်ရှိပြီဟုဆို
၃။ နောင်ချို-ဂုတ်တွင်းလမ်းပိုင်းပြန်လည်ဖွင့်လှစ်ပြီး တိုက်ပွဲရှောင်အများစု နေရပ်ပြန်လည်ထွက်ခွာ
၄။ အကြိမ်(၃၀)မြောက် အာရှပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုခေါင်းဆောင်များ အစည်းအဝေးတွင် Golden Gate ကြေညာချက်ကျင့်သုံးရန်သဘောတူညီခဲ့ကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News
ကိုဗစ် ၁၉ရောဂါကြောင့် သုံးနှစ်ကြာမှပြန်လည် ကျင်းပတဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို သက်ဆိုင်ရာကလုံခြုံရေးအတွက် သေချာစွာဆောင်ရွက်ပေးထားပြီး နေ့လွှတ်ညလွှတ် မီးပုံးပျံတွေနဲ့ ဒီကနေ့ညနေမှာစည်ကားစွာစတင် ကျင်းပသွားမယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းက သိရပါတယ်။
#Local_News
Published 21 November 2023
#တောင်ကြီးတန်ဆောင်တိုင်ပွဲတော် #ရိုးရာမီးပုံးပျံ
#YMG/NN #Yangon_Times
'စစ်ရှောင်တစ်ချို့ကျတော့ရွာတွေကို မပြန်ရဲသေးတဲ့သူတွေလေး၊ ငါး၊ ၁၀ဦးလောက်ကျန်သေးတယ်၊ ပြန်တဲ့သူလည်းပြန်ကြပြီ၊ တစ်ချို့ကျတော့လည်းမြို့ထဲမှာ ငှားနေကြတယ်၊နည်းနည်းပဲကျန်တော့တယ် 'ပရဟိတအသင်းတာဝန်ရှိသူတစ်ဦး
#Local_News
Published 21 November 2023
#စစ်ရှောင်တစ်ချို့ #နောင်ချို-ဂုတ်တွင်းလမ်းပိုင်း
#YMG/ NN #Yangon_Times
‘မြန်မာလက်ရွေးစင်ဘောလုံးအသင်းအနေနဲ့ မြောက်ကိုရီးယားနဲ့တွေ့တဲ့အခါတိုင်းသရေတောင် မကစားနိုင်ခဲ့ပေမယ့်လည်း အခုပွဲမှာတော့အမှတ်ရအောင် ကစားသွားမှာဖြစ်ပါတယ်၊ မြန်မာဘောလုံးပရိတ်သတ်တွေ အနေနဲ့ မကာအိုနဲ့ကစားခဲ့တဲ့ပွဲကလိုမျိုးကွင်းအတွင်းလာအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်’
မြန်မာ့လက်ရွေးစင်နည်းပြချုပ်
#Local_News
Published 21 November 2023
#မြန်မာ-မြောက်ကိုးရီးယား
#tthl #Yangon_Times
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO အခြေပြုဒေသသို့ကယားပြည်နယ်မှ စစ်ဘေးရှောင်လာတဲ့ ပြည်သူ ၈၀၀၀ကျော်ရှိပြီဖြစ်တယ်လို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဆီဆိုင်မြို့ရှိ ဆက်ဆံရေးရုံးမှ သိရပါတယ်။
#Local_News
Published 21 November 2023
#ကယားပြည်နယ် #PNLO
#YMG/LW #Yangon_Times
Page 739 of 1376