အီရန်ရေတပ်က ပါရှန်းပင်လယ်ကွေ့ လုံခြုံရေးကို စောင့်ရှောက်ကာကွယ်မယ်လို့ ကတိပြုလိုက်ပြီး ရန်လိုသူမှန်သမျှကို ပြတ်သားစွာ တုန့်ပြန်သွားမယ်လို့ အီရန်အစ္စလာမ် တော်လှန်ရေးအစောင့်တပ် (IRGC)မှ ရေတပ်ကွန်မန်ဒါတစ်ဦးက ပါရှန်းပင်လယ်ကွေ့ အမျိုးသားနေ့အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
#World_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published 2 May 2024
၁။ ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်ကို ဆက်သွယ်မည့် မြေအောက်လမ်းကူး လူသွားဥမင်တည်ဆောက်မှု ၆၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဟုဆို
၂။ လျှပ်စစ်မီးမမှန်၍ သောက်ရေသန့်များနှင့် ရေသန့်ဗူးခွံဈေးများ အနည်းငယ်တက်
၃။ ပြည်တွင်းဈေးကွက်သာ အားထားရောင်းချနေရသည့် စိန်တစ်လုံးသရက်ဈေးနှုန်း ကျဆင်းလာ
၄။ ပါရှန်းပင်လယ်ကွေ့ကို ထိန်းသိမ်းစောင့်ရှောက်မည်ဟု အီရန်ရေတပ်က ကတိပြုပြောကြား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ပြောင်းလဲလာတဲ့ ရာသီဥတုအပေါ် တောင်သူတွေအနေနဲ့ လိုက်လျောညီထွေစွာ စိုက်ပျိုးနိုင်ဖို့အတွက် ရာသီဥတုနှင့်လိုက်လျောညီထွေ စိုက်ပျိုးနည်းစနစ်သင်တန်းတွေကို ယခုမေလမှာ မျှဝေသင်ကြားပေးမယ်လို့ ပေါင်းစုလုပ်အားကူညီပေးရေးအဖွဲ့ထံ က သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို မီးမပူဇော်တော့ဘဲ အများပြည်သူဖူးမြော်နိုင်အောင် ဆရာတော်ကြီးသီတင်းသုံးခဲ့တဲ့စစ်ကိုင်း၊ ကန့်ဘလူးရှိ ဉေယျဓမ်တောရစံကျောင်းမှာပဲ အပူဇော်ခံထားရှိထားတယ်။
Yangon_Times/tthl
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
နယ်စပ်လမ်းကြောင်းအခြေအနေတွေကြောင့် အခုနှစ်ရာသီချိန်မှာ ပြည်တွင်း ဈေးကွက်ကိုသာ အဓိကအားထားရောင်းချနေရတဲ့ စိန်တစ်လုံးသရက်ဈေးနှုန်းတွေ ကျဆင်းလာတယ်လို့ သရက်ခြံလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရေသန့်ဗူးဈေးနှုန်းတွေဟာ မီးမမှန်လို့ မီးစက်နဲ့တင်ရတာက တစ်ကြောင်း၊ ရေသန့်ဗူးခွံအလွတ် ဈေးအနည်းငယ်တက်လာတာက တစ်ကြောင်းကြောင့် မြို့နယ်အလိုက် မူလဈေးထက် ကျပ်၁၀၀၊ ၂၀၀လောက် အခုရက်ပိုင်းတွေမှာ တက်လာတယ်။
Yangon_Times/tthl
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နဲ့ ပြည်သူ့ ရင်ပြင်ပန်းခြံကြားရှိ မြေအောက်လမ်းကူး လူသွားဥမင် (Underpass) တည်ဆောက်မှုဟာ ၆၀ရာခိုင်နှုန်းကျော် ပြီးစီးနေပြီလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 530 of 1308