ပြည်တွင်း၊ ပြည်ပဈေးကွက်တွေကို ကြက်သွန်နီတင်ပို့တဲ့အခါမှာ သယ်ယူပို ဆောင်တဲ့စရိတ်၊ လမ်းခရီးအခက်အခဲနဲ့ အခုနှစ်အတွင်းမှာ ရောဂါပိုးဒဏ်ကြောင့် အရည်အသွေးပိုင်းဆိုင်ရာကျဆင်းတာ တွေ ရှိခဲ့တဲ့အတွက် ဒီရက်ပိုင်းအတွင်းမှာ ကြက်သွန်နီဈေးနှုန်းတွေ ကျဆင်းနေတယ်လို့ မြင်းခြံကုန်စည်ဒိုင်က သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
လူလုပ်အသိဉာဏ်(AI)နည်းပညာဖြင့် အချက်အလက်များကို အမြင့်ဆုံး အနေအထား ဖော်ထုတ်ပြီး ရှားပါးရောဂါများကို ကုသရာမှာ အထောက်အကူ ဖြစ်နိုင်သလို ကမ္ဘာတဝှမ်းမှာ ပိုမိုထိရောက်တဲ့ ကုသနည်းတွေ ထွက်ပေါ်စေနိုင်ကြောင်း အမေရိကန် ဆေးဖက်ဆိုင်ရာ ပညာရှင်တစ်ဦးက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
၂၀၂၄ ကမ္ဘာလုံးဆိုင်ရာ ရှားပါးရောဂါများ သုတေသနစာတမ်းဖတ်ပွဲကို ရှန်ဟိုင်းမှာ အင်္ဂါနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။
#World_Technology
#Published_ 28 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 28 May 2024
၁။ ကျောင်းအပ်ချိန်ဖြစ်၍ စာအုပ်အဖုံးချုပ်သူများလာ၊ ဖလင်နှင့်ကတ်ထူဈေး နှစ်ဆတက်
၂။ ရာသီဥတုအခြေနေကြောင့် မွေးမြူရေး ငါးကန်အချို့ ကန်ဖေါ်ယူမှု ရပ်နားထားရဟုဆို
၃။ တစ်လတာအတွင်း သဘာဝဘေးပေါင်း၁၈၀ကျော်ဖြစ်ပွားခဲ့၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သဘာဝဘေး ကယ်ဆယ်ရေးပစ္စည်းများ အဆင်သင့်ပြင်ဆင်ထားဟုဆို
၄။ ရှားပါးရောဂါလက္ခဏာများရှာဖွေကုသရာ၌ AI နည်းပညာများဖြင့် အထောက်အကူဖြစ်စေနိုင်ဟု ပညာရှင်များသုံးသပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မိုးရွာသွန်းမှုများဝာာကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ မစောတံတား မြေသားလမ်းလွှဲဖြတ်သန်းဖို့ ခက်ခဲနေပြီး ကားတွေစောင့်ဆိုင်းနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 28 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ဇွန်လမှာဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေတွေဟာ အနည်းဆုံး(၆)ပေမှ အများဆုံး(၁၃)ပေခွဲအထိ ထပ်မြင့်တက်လာနိုင်ခြေရှိလို့ လှေ၊ စက်လှေ၊ သင်္ဘော၊ ရေယာဉ်တွေနဲ့ သဲသောင်ခုံပေါ်မှာ စိုက်ပျိုးနေထိုင်နေသူတွေ သတိထားဖို့လိုတယ်။
Yangon_Times/tthl
#Local_News
#Published_ 28 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
မိုးကြိုကာလဖြစ်တဲ့ ပြီးခဲ့တဲ့ဧပြီလ တစ်လတာအတွင်း တစ်နိုင်ငံလုံးမှာ လေပြင်းတိုက်ခတ်မှုပေါင်း ၁၈၀ကျော် ဖြစ်ပွားခဲ့ပြီး လက်ရှိမိုးဦးကာလမှာလည်း ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ကယ်ဆယ်ရေးပစ္စည်းတွေ အဆင်သင့်ပြင်ဆင်ထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 28 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ယခုရက်ပိုင်းဖြစ်ပေါ်နေတဲ့ ရာသီဥတုအခြေနေကြောင့် မိုးရွာသွန်းမှုများတဲ့အတွက် ငါးကန်သို့ သွားရတဲ့လမ်းများ ပျက်စီးမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် မွေးမြူငါးကန်အချို့ ကန်ဖေါ်ယူမှု ခတ္တရပ်နားထားရတယ်လို့ ပဲခူးတိုင်းဒေသကြီးရှိ ငါးမွေးမြူရေး လုပ်ငန်းရှင်များထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 28 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 508 of 1308