တာမွေမှာကြက်ဥတစ်လုံးကို လက်လီဈေးကွက်ထဲမှာ ကြက်ဥဆိုက်သေးတစ်လုံးကို (၃၂၀)ကျပ်နဲ့ ဆိုက်ကြီး တစ်လုံးကို (၄၀၀)ကျပ်နဲ့ ဘဲဥတစ်လုံးကို(၅၀၀)ကျပ်ပေးပြီးဝယ်ယူနေရတယ်။ လက်ကားဈေးကွက်မှာတော့ကြက်ဥတစ်လုံးကို အရွယ်အစားအပေါ်မူတည်ပြီး (၂၅၀)မှ(၃၀၀)အထိရှိပြီး ဘဲဥတစ်လုံးကို(၃၅၀)ကျပ်မှ (၄၀၀)ကျပ်ရှိတယ်။
#Local_News
Published_04 June 2024
#ကြက်ဥဈေးကွက်အနည်းငယ်တက်
#tthl #Yangon_Times
ဇွန်၄ရက် မနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ YGEAရဲ့ ရွှေသတ်မှတ်ရည်ညွန်းဈေး ၄၈သိန်းခုနှစ်သောင်းကျော် အထိရှိလာပြီး ရွှေဆိုင်တွေနဲ့ရွှေလုပ်ငန်းရှင်တွေအနေနဲ့ သတ်မှတ်စျေးနှုန်းနဲ့သာ အရောင်းအဝယ်ပြုလုပ်ကြဖို့၊ YGEAက ထပ်မံတိုက်တွန်း လိုက်ပါတယ်။
#Local_News
Published_04 June 2024
#YEGA #သတ်မှတ်စျေးနှုန်း
#NN #Yangon_Times
ဈေးကွက်ထဲကို ငရုတ်သီးစိမ်းကုန်အဝင်နည်းတဲ့အတွက် ယခင်တပတ်ထက်တစ်ပိဿာကို ကျပ် ၂၀၀၀ခန့် ဈေးမြင့်လာတယ်လို့ အောင်ပန်းရှိ ကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်။
#Local_News
Published_04 June 2024
#ငရုတ်သီးစိမ်းကုန်အဝင်နည်း #ငရုပ်သီးစိမ်းဈေးမြင့်
#YMG/LW #Yangon_Times
တရုတ်ကားပျံကုမ္ပဏီတစ်ခုရဲ့ တည်ထောင်သူ ကျောက်ဒယ်လီက တရုတ်ဟာ လျှပ်စစ်ယာဥ်ပျံကဏ္ဍမှာ ဦးဆောင်နိုင်ဖို့ အလားအလာရှိနေတယ်လို့ ယုံကြည်နေကြောင်း မကြာသေးမီက အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။
တရုတ်လျှပ်စစ် eVTOL ကားပျံကုမ္ပဏီတစ်ခုဖြစ်ပြီး XPeng Motors လျှပ်စစ်ကားကုမ္ပဏီ လက်အောက်ခံဖြစ်တဲ့ XPeng AeroHT ကုမ္ပဏီဟာ ကားပျံတွေကို ထုတ်လုပ်ရာမှာ ဦးဆောင်နေပါတယ်။
#World_Industry
#Published_03 June 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_03 June 2024
၁။ ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် မြို့နယ်(၄)ခုမှ တိုက်ခန်း၊ ကွန်ဒိုများ ဝယ်ယူရင်းနှီးမြုပ်နှံသူ ပိုများနေ
၂။ အရင်းနှီး ယခင်ထက်နှစ်ဆများလာပေမယ့် အမြတ်စွန်း နည်းလာတာကြောင့် အုန်းသီးအရောင်းဝယ်ပြုသူများအခက်တွေ့နေ
၃။ ရက်ပိုင်းအတွင်း ရွှေဈေး ကျပ်ငါးသိန်းခန့်အထိ ကျဆင်းလာ
၄။ ကမ္ဘာ့လျှပ်စစ်ကားယာဥ်ပျံ ထုတ်လုပ်ရေးကဏ္ဍတွင် ဦးဆောင်လာနိုင်ရန် တရုတ်ကုမ္ပဏီရည်မှန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်မှာတည်ရှိတဲ့ ဆယ်အိမ်တန်းကမ်းခြေကို မိုးတွင်းကာလမှာလဲ ဖွင့်လှစ် လျက်ရှိပြီး လာရောက်လည်ပတ်သူများလည်း ရှိနေတယ်လို့ ကမ်းခြေရှိ စားသောက်ဆိုင်များနဲ့ ဒေသခံတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_03 June 2024
#YMG #Yangon_Times #Yangon_Media_Group
Page 503 of 1308