စိုက်ပျိုးရေးလုပ်သားရှားပါးလာတဲ့အတွက် ယခုနှစ်စိုက်ပျိုးရာသီမှာ ယခင်ကထက် လုပ်အားခသုံးဆခန့်တိုးမြှင့်ပေး ခေါ်ယူနေရတယ် လို့ မကွေးတိုင်းဒေသကြီးရှိ တောင်သူတွေထံက သိရပါတယ်။
#Local_News
Published_08 June 2024
#လုပ်အားခသုံးဆခန့်တိုးမြှင့် #စိုက်ပျိုးရေးလုပ်သားရှားပါး
#YMG/LW #Yangon_Times
အိန္ဒိယကို တင်ပို့တဲ့ မြန်မာ့ပဲစင်းငုံ CNF ဈေးနှုန်းမြင့်လာတာနဲ့ ဈေးကွက်ယှဥ်ပြိုင်ရတာတွေကြောင့် ဈေးနှုန်းကျဆင်းနိုင်ပြီး ဈေးကွက်အတွင်းမှာလည်းပဲ မေလအကုန်မှာ တစ်တန်ကိုကျပ် ၄၅ သိန်း ၅ သောင်းအထိဈေးမြင့်တက်ခဲ့ရာက အခုဇွန်လပထမပတ်အတွင်းတွင် ကျပ် ၄၄ သိန်းနဲ့ ၄၄ သိန်း ၅ သောင်းကြားမှာ အတက်အကျဖြစ်ပေါ်နေတယ်လို့ ပဲဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published_08 June 2024
#မြန်မာ့ပဲစင်းငုံ #ဈေးနှုန်းကျဆင်း
#YMG NN #Yangon_Times
တက္ကသိုလ်ဝင်အောင်စာရင်းတွေကို ဇွန်(၁၁)ရက်မှာ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းတွေမှာ တစ်ချိန်တည်းကပ်ထားမှာဖြစ်သလို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www. myanmarexam.org မှာ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်အောင် စီစဉ်ထားပါတယ်။ အင်တာနက်မရသော ဝေးလံဒေသများကိုရေဒီယိုမှလွှင့်ပေးမယ်။
#Local_News
Published_08 June 2024
#တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း #အခမဲ့ကြည့်ရူနိုင်
#tthl #Yangon_Time
ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး ကုန်စည်သယ်ယူပို့ဆောင်ရေး ဆိပ်ကမ်းဖြစ်သလို တစ်ကမ္ဘာလုံး ကုန်စည်ဖြတ်သန်းပို့ဆောင်ခြင်းရဲ့ ၅ ပုံ ၁ ပုံလောက်အထိ ထိန်းချုပ်ထားတဲ့ စင်ကာပူဆိပ်ကမ်းမှာ လတ်တလော ကုန်ပစ္စည်းများ ပိတ်ဆို့နေပြီး ကုန်စည်သယ်ယူပို့ဆောင်ရေး စရိတ်များ သေချာပေါက်မြင့်တက်လာလိမ့်မယ်လို့ လုပ်ငန်းအတွင်းလူများမှ ဆိုပါတယ်။
#World_Industry
Published_07 June 2024
#ကုန်ပစ္စည်းများပိတ်ဆို့ #သယ်ယူပို့ဆောင်ရေးစရိတ်မြင့်တက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_07 June 2024
၁။ မြန်မာ့ရိုးရာ ဆေးမင်ကြောင်ထိုးခြင်း တစ်ခေတ်ဆန်းရန် ကြိုးပမ်းဆောင်ရွက်နေ
၂။ မိုးကာလတွင် အပူပိုင်းဒေသများ၌ မိုးရေစုကန်၊ လျိုပိတ်ကန်များ တူးဖော်ဆောင်ရွက်နေ
၃။ ထိုင်းရောက်မြန်မာအလုပ်သမားများ၏ ဘဏ်စာအုပ်များကို လောင်းကစားလုပ်သူများနဲ့ ငွေကြေးခဝါချလိုသူတွေက အသုံးချတာတွေရှိနေတယ်ဟု မြန်မာသံရုံး ထုတ်ပြန်
၄။ စင်ကာပူဆိပ်ကမ်းတွင် ကုန်ပစ္စည်းများပိတ်ဆို့နေကာ သင်္ဘောဖြင့်သယ်ယူပို့ဆောင်ရေး စရိတ်မြင့်တက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရဲ့ တောင်ဘက် ၆ ဖာလုံခန့်မှာတည်ရှိတဲ့ ပြည်ကျွန်းတောဆင်စခန်းကို လာရောက်တဲ့လည်ပတ်တဲ့ ဧည့်သည်နည်းခြင်းနဲ့ ရာသီဥတုအခြေအနေကြောင့် ယာယီပိတ်ထားတယ်လို့ ပြည်ဆင်စခန်းတာ၀န်ခံထံမှ သိရပါတယ်။
#Local_News
Published_07 June 2024
#ပြည်ကျွန်းတောဆင်စခန်း #ယာယီပိတ်ထား
#YMG/LW #Yangon_Times
'သက်ကြီးဟာသပညာရှင်များ ပူဇော်ကန်တော့ပွဲ'ကို ဇူလိုင်(၇)ရက်မှာကျင်းပဖို့ရှိပြီး အခုနှစ်မှာထူးခြားချက်အနေနဲ့ ဟာသပညာထူးချွန်ဆု(၄)ဆု၊ ဟာသပညာပံ့ပိုးမှု(၁)ဆု၊ ဟာသပညာဖန်တီးဆု(၄)ဆု စုစုပေါင်း(၉)ဆုချီးမြှင့်သွားမှာ ဖြစ်တယ်။
#Local_News
Published_07 June 2024
#'သက်ကြီးဟာသပညာရှင်များ #ဟာသထူးချွန်ဆု(၉)ဆု
#tthl #Yangon_Times
Page 499 of 1308