#LocalNews
Published - 21 Feb 2022
အိုမီခရွန်ရောဂါပိုး စတင်တွေ့ရှိခဲ့တဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ တမူးမြို့တွင် လက်ရှိအချိန်တွင် ကိုဗစ်အတည်ပြု လူနာ ၅၆ ဦးသာကျန်ရှိတော့တယ်လို့ တမူးမြို့ဒေသခံများထံမှ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 21 Feb 2022
၁။ အိုမီခရွန်ရောဂါပိုး စတင်တွေ့ရှိခဲ့တဲ့ တမူးမြို့တွင် ကိုဗစ်လူနာ ၅၆ ဦးသာကျန်ရှိ
၂။ ရန်ကုန်တိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာတွေအနေဖြင့် နေအိမ်ကစတင်ပြီး ဗဟိုအဆင့်အထိ ကုသနိုင်အောင် စီစဉ်ထား
၃။ မိုးလေဝသ သတင်း
၄။ တရုတ်နိုင်ငံမှ ဂျာမနီနိုင်ငံသို့ ဆက်သွယ်ထားသည့် ပထမဦးဆုံးနှစ်လမ်းသွားကုန်တင်ရထားလမ်း စတင်ပြေးဆွဲ.....အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
Published 20 February 2022
မက္ကဆီကိုအနောက်ပိုင်း မီချိုအကန်ပြည်နယ် ကနေ အမေရိကန်ပြည်ထောင်စုကို ထောပတ်သီးတွေတင်ပို့နေမှု တစ်ပတ်ကြာ ရပ်ဆိုင်းခဲ့ပြီးနောက် ယခုအခါ ပြန်လည်တင်ပို့နေပြီဖြစ်ပါတယ်။ အမေရိကန်စစ်ဆေးရေးမှူးတွေရဲ့ လုံခြုံရေးကို အသေအချာ စီမံပြီးတဲ့နောက် ယခုလိုပြန်လည်တင်ပို့ခွင့်ပြုခဲ့တာလို့ အမေရိကန်အစိုးရက ပြောပါတယ်။
မီချိုအကန်ဟာ ကမ္ဘာပေါ်မှာ ထောပတ်သီး အများဆုံးထုတ်လုပ်တဲ့ ဒေသဖြစ်ပါတယ်။ အဲဒီထဲက ၈၅ရာခိုင်နှုန်းကို အမေရိကန်ပြည်ထောင်စုကို တင်ပို့ပါတယ်။ ဒါပေမယ့် အဲဒီပြည်နယ်ဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ အကြမ်းဖက်မှု အများဆုံးထိခိုက်ခံရတဲ့ ပြည်နယ်လည်းဖြစ်နေပြန်ပါတယ်။
Source AFP
TV_Yangon_Times_Mattersအစီအစဉ်
Published - 20 Feb 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်နဲ့ အတူ ဦးသန်းဋ္ဌေး (Renewable Energy Association Myanmar) တို့က "မရှိမဖြစ်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်" ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကမ္ဘာကြီးမှာ ရှေ့တန်းရောက်လာပြီး မသုံးမဖြစ်သုံးကြရတော့မယ့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့်ပတ်သက်တဲ့ ပြည်တွင်းပြည်ပ အခြေအနေတွေကို သုံသပ်ဆွေးနွေးပေးထားပါတယ်။
#Yangon_Media_Group
Published 20 February 2022
ယူကရိန်းနိုင်ငံ ရုပ်သံလိုင်းတစ်ခုမှာ ဖေဖော်ဝါရီ(၁၉)ရက်က ဆွေးနွေးခန်း တိုက်ရိုက်တင်ဆက်နေစဉ် သတင်းထောက်တစ်ဦးက ရုရှားလိုလားတဲ့ ယူကရိန်းနိုင်ငံရေးသမားတစ်ဦးကို လက်သီးနှင့်ထိုးခဲ့ပါတယ်။
သတင်းထောက်ယူရီဘူတူဆော့ဗ်က ရုရှားလိုလားတဲ့ အတိုက်အခံပါတီ For Life က ပါလီမန်အမတ်နက်စတာရှုဖရစ်ကို ဆွေးနွေးခန်းတိုက်ရိုက် ထုတ်လွှင့်နေစဉ်အတွင်း လက်သီးနှင့်ဆတ်ခနဲထိုးခဲ့ပါတယ်။ သူ့မျက်နှာကိုရိုက်လိုက်ပြီးနောက် တစ်မိနစ်ခန့်ကြာသည်အထိ သူ့လည်ပင်းကိုချုပ်ထားပါတယ်။ ရှူဖရစ်ဟာ ယူကရိန်းပါလီမန်အမတ်၄၅၀ ဦးထဲက တစ်ဦးဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ တစ်မိနစ်နီးပါး လုံးထွေးသတ်ပုတ်ခဲ့ကြတာကို ရုပ်သံမှာမြင်တွေ့ရပါတယ်။ အခြာသူတွေက သူတို့နှစ်ဦးကို ခွဲထုတ်ဖို့ ဝိုင်းကြိုးစားကြပါတယ်။
ယူကရိန်းနာတီဗွီရဲ့ ရုပ်သံတင်ဆက်သူ ဆာဗစ်ရှုစတားရဲ့“ လွတ်လပ်စွာပြောဆိုခွင့်” ဆိုတဲ့ ပုံမှန်ဆွေးနွေးခန်းအစီအစဉ်မှာ ရှုဖရစ်နှင့်အတူ အနောက်လိုလားတဲ့ ယူကရိန်းဝန်ကြီးချုပ်ဟောင်း အာဆင်နီယက်ဆင်ယတ်နှင့် သမ္မတဟောင်း ပီထရိုပိုရိုရှင်ကိုတို့ကလည်း ပါဝင်ဆွေးနွေးကြတာဖြစ်ပါတယ်။
ဆွေးနွေးခန်းအတွင်း ဝန်ကြီးချုပ်ဟောင်း ယက်ဆင်ယတ်က ရှုဖရစ်ကို “ပူတင်ဟာ လူသတ်သမားနှင့်ရာဇဝတ်ကောင်ဟုတ်သလား မဟုတ်ဘူးလား” လို့မေးခဲ့ပါတယ်။ ရှုဖရစ်က ပူတင်ကို ရှုတ်ချဖို့ ငြင်းဆန်ခဲ့ပါတယ်။
“ ယူကရိန်းအာဏာပိုင်တွေ ဒီပြသနာကိုရှင်းကြပါစေ” လို့သူကတုန့်ပြန်ခဲ့ပါတယ်။
အဲဒီအခါသမ္မတဟောင်း ပိုရိုရှင်ကိုက “ ဒီစတူဒီထဲမှာ ရုရှားသူလျှိုတစ်ယောက်ရောက်နေပြီ” လို့ သူ့ရဲ့တုန့်ပြန်ချက်အပေါ် ပြန်သရော်ခဲ့ပါတယ်။
အော်ကျယ်ဟစ်ကျယ်ဖြစ်ပြီးတဲ့နောက် သွေးစွန်းပေနေတဲ့ ရှဖရစ်က ဆွေးနွေးပွဲပြန်ဆက်ဖို့ ပြန်ထိုင်ခဲ့ပါတယ်။ သူက သတင်းထောက် ဘူတူဆော့ဗ်ကို “ ကုတ်ခြစ်လိုက်တာ တကတည်း ကောင်မလေးတစ်ယောက်လိုပဲ” လို့ပြန်လှောင်ပြောင်ခဲ့ပါ သေးတယ်။
ယူကရိန်းကိုရုရှားကျူးကျော်မယ့် အရိပ်အငွေ့တွေ လက်ငင်းဖြစ်ပေါ်နေချိန်မှာ ဒီဆွေးနွေးခန်းရိုက်ကူးတင်ဆက်ခဲ့ တာ ဖြစ်ပါတယ်။
Source: Business Insider/twitter@gkates>
Page 1349 of 1369