#Local_News
Published - 15 July 2022
ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနဲ့ မြေပဲဆန် ပြည်ပတင်ပို့မှုတွေမှာ ပို့ကုန်ရငွေမတင်ပြဘဲ တိမ်းရှောင်မှုများရှိနေတဲ့အတွက် ပြန်လည်စီစစ်ရန် ထောက်ခံချက်လုပ်ခိုင်းတာဖြစ်တယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းကုန်သည်များအသင်း ကနေသိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 15 July 2022
၁။ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း ပြည်ပတင်ပို့မှုတွင် ပို့ကုန်ရငွေမတင်ပြဘဲ တိမ်းရှောင်မှုများရှိနေ
၂။ တစ်ကျော့ပြန် ကိုဗစ်ဖြစ်ပွားမှုသတိပြုရန်လို၊ ပုဂ္ဂလိက ဆေးရုံ(၁၀)ရုံကျော်၌ ကိုဗစ်စစ်ဆေးနိုင်ဟုဆို
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ယူအေအီးကန္တာရတွင် စိုက်ပျိုးသည့်အပင်ဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော ဟမ်ဘာဂါများ ထုတ်လုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldEntertainment
Published 14 July 2022
တောင်ကိုရီးယားဂီတနယ်ပယ်က အခုဆိုရင် ကမ္ဘာ့နေရာအနှံအပြားမှ ကျွမ်းကျင်သူများစုဝေးရာနေရာဖြစ်လာပြီး အိန္ဒိယအိုင်ဒေါတွေကစလို့ ဆွီဒင်သီချင်းရေးဆရာများအထိ ပါဝင်လာကြပါတယ်။
#Yangon_Media_Group
Published 14 July 2022
ထိုင်းနိုင်ငံအလယ်ပိုင်းမှာ ဆင်ပေါက်ကလေးတစ်ကောင် ရေဆိုးမြောင်း မန်းဟိုးလ်ကြီးထဲ ပြုတ်ကျခဲ့ရာ ဆင်ကလေးရဲ့ မိခင်က တည်ငြိမ်စွာနှင့် သားကလေးကို ကယ်တင်ဖို့ ခွင့်ပြုခဲ့တဲ့အတွက် စိတ်လှုပ်ရှားဖွယ်ရာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။
နက်ခွန်နာယောက်ပြည်နယ်က ရွိုင်ယယ်လ်ဟေးလ် ဂေါက်ကွင်းအပြင်ဘက်ရှိ ရေဆိုးမြောင်းပေါက်မန်းဟိုးလ်ကနေ ဗုဒ္ဓဟူးနေ့က မနက်စောစောပိုင်းက တောရိုင်းတိရိစ္ဆာန်ဌာနအရာရှိတွေက ကယ်တင်ပေးခဲ့တာပါ။
ပူပင်သောကရောက်နေတဲ့ ဆင်မကြီးဟာ အနီးအနားတောအုပ်ထဲမှာ ခရီးသွားနေကြတဲ့ ဆင်အုပ်ထဲက ဖြစ်ပုံရပါတယ်။ ဆင်မကြီးဟာ ဆင်သားကလေးနှင့်အတူရှိနေပေမယ့် ဆင်ပေါက်ကလေးက တွင်းထဲက အပြင်ကို ပြန်မတက်နိုင်ဘဲ ဖြစ်နေခဲ့ရတာပါ။
အစပိုင်းမှာ ဆင်မကြီးဟာ ယောက်ယက်ခတ်နေလို့ ကယ်တင်ဖို့ ခက်ခဲနေတဲ့အတွက် မိခင်ဆင်မကြီးကို စိတ်တည်ငြိမ်အောင် ကယ်ဆယ်သူတွေက လုပ်ခဲ့ကြရပါတယ်။
နောက်ဆုံးမှာတော့ ဆင်ပေါက်သားကလေးကိုဖြည်းဖြည်းချင်းကယ်ထုတ်ပေးနိုင်ခဲ့ပြီး မိခင်ကြီးနှင့်အတူ ပြန်လည်ဆုံစည်း နိုင်ခဲ့ပါတော့ယ်။ အဲဒီနောက် ဆင်သားအမိကို တောထဲပြန်ပို့ပေးခဲ့ကြပါတယ်။
#Source_AFP
#Baby_elephant_rescue
#Thailand_Elephants
#Baby_Elephant_rescued_from_manhole
#Local_News
Published_14 July 2022
လာမယ့် နေကြာစိုက်ရာသီမှာ နေကြာစိုက်ပျိုးတဲ့ ဧကတိုးပြီးတော့ စိုက်ပျိုးသွားဖို့ ရှိနေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 14 July 2022
ကမ္ဘာ့ရွှေဈေးကျဆင်းနေပေမဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ ဓာတ်ဆီ၊ ဒီဇယ်ဈေးမြင့်တက်နေတဲ့အတွက် ဈေးအကျနှေးနေတာဖြစ်တယ်လို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 14 July 2022
၁။ ဓာတ်ဆီ၊ ဒီဇယ်ဈေးမြင့်တက်လာသည့်အတွက် ပြည်တွင်းရွှေဈေးအကျနှေးနေဟုဆို
၂။ ယခုနှစ်တွင် နေကြာစိုက်ပျိုးမှုတိုးမြှင့်မည်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကေပေါ့ပ်လောက ကမ္ဘာကြီးကိုလွှမ်းမိုးနိုင်ရန် ကမ္ဘာ့နေရာအနှံအပြားမှအရည်အသွေးရှိ လူငယ်များအား ရှာဖွေစုဆောင်းလျက်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1126 of 1275