#Local_News
Published 25 July 2024
▪️ တရုတ်-မြန်မာနှစ်နိုင်ငံ မူကြီး(၅)ရပ်ကို ဆက်လက်ကျင့်သုံးပြီး မြန်မာနိုင်ငံနှင့်အတူကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အစီအမံများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။
▪️ ယင်းကဲ့သို့ ဆောင်ရွက်မည့် အကြောင်းကို တရုတ်နိုင်ငံမှစီစဉ်ကျင်းပတဲ့ "ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ် ထုတ်ပြန်ခြင်းနှစ်(၇၀) ပြည့်ဆွေးနွေးပွဲ"အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Ms.Qiao Liမှထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူးက "တရုတ်နိုင်ငံဟာ ဆက်လက်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်လမ်းညွှန်ချက်ဖြင့် ချစ်ကြည်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းဆိုတဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ သံတမန်ဆက်ဆံရေးကို လက်တွေ့ဖော်ဆောင်ကာ မြန်မာနိုင်ငံနဲ့ အတူ (၁)ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အစီအမံ၊(၂)ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ၊ (၃)ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှု အစီအမံဆိုတဲ့ အစီအမံ(၃)ခုကို ချိတ်ဆက်ဖော်ဆောင်ကာ တရုတ်မြန်မာနိုင်ငံက Belt and Roadsစီးပွားရေးစင်္ကြန် တည်ဆောက်မှုကို မြှင့်တင်ဖော်ဆောင်သွားမှာဖြစ်တယ်"လို့ ထည့်သွင်းပြောကြားခဲ့သည်။
▪️ အဆိုပါ ဆွေးနွေးပွဲသို့မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှယာယီတာဝန်ခံ Ms.Cao Jing၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌရုံး၊ ဝန်ကြီး ဌာန(၂)ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊
▪️ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဌ ဦးသန့်ကျော်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဌ ဦးခင်မောင်စိုး၊
▪️ မြန်မာ-တရုတ်ချစ်ကြည် ရေးအသင်းဒုတိယဥက္ကဌဦးခင်မောင်ဌေး၊ နိုင်ငံခြားဘာသာတက္ကသိုလ်ဒုပါမောက္ခချုပ်ဒေါက်တာချောချောစိန်၊
▪️ နေအုပ်ဖောင်ဒေးရှင်းဥက္ကဌ ဦးနေအုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Ms.Qiao Li တို့တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
#Local_News
Published_ 25 July 2024
▪️ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများကို ပေါင်းစပ်ပေးနိုင်သည့်အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်သွားရန် ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ဖိတ်ခေါ်ခဲ့ပါတယ်။
▪️ (၈) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၈) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် (၂၃) ရက်တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ က မိန့်ခွန်းပြောကြားခဲ့ရာ၌ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
▪️ ဒုတိယဝန်ကြီးချုပ်က မြန်မာနိုင်ငံသည် လူဦးရေ ၃.၂ ဘီလီယံ အခြေချနေထိုင် လျက်ရှိသော အိမ်နီးချင်းနိုင်ငံ (၅) နိုင်ငံ၏အလယ်တွင်ရှိပြီး သဘာဝသယံဇာတနှင့် လူသားအရင်းအမြစ်ကြွယ်ဝသော အခြေခံကောင်းများရှိကာ အိန္ဒိယ သမုဒ္ဒရာတွင် ရှည်လျားသည့်ကမ်းရိုးတန်း ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု အလားအလာ အလွန်ကောင်းမွန်သောနိုင်ငံဖြစ်တယ်လို ဆိုပါတယ်။
▪️ ကုန်စည်ပြပွဲကို အရှေ့တောင်အာရှ (၁၀) နိုင်ငံနှင့် တောင်အာရှ (၈) နိုင်ငံတို့မှ အစိုးရကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ပြပွဲကို ဇူလိုင် ၂၃ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက်ရှိကာ နိုင်ငံပေါင်း (၈၂) နိုင်ငံမှ ကုမ္ပဏီပေါင်း (၂၀၀၀) ကျော်က ပြခန်းပေါင်း (၈၀၀)ကျော် ပါဝင်ပြသလျက်ရှိပါတယ်။
▪️ အဆိုပါကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း ဦးဆောင်သည့် အဖွဲ့ဝင် ၃၇ ဦး၊ မြန်မာ့စီးပွားရေး လုပ်ငန်းရှင် ၈၈ ဦးတို့တက်ရောက်ခဲ့ကြပြီး ကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံမှ ကုမ္ပဏီ ၂၄ ခုက ပြခန်းပေါင်း ၂၆ ခု ပါဝင်ပြသလျက်ရှိပါတယ်။
▪️ တရုတ်−တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများ အကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြင့်စေရေးနှင့် ပြည်သူများအကြား ကူးလူးဆက်ဆံမှု ပိုမိုများပြားလာစေရေး ရည်ရွယ်ချက်များဖြင့် ၂၀၁၃ ခုနှစ်မှစ၍ ယူနန် ပြည်နယ်၊ ကူမင်းမြို့၌ကျင်းပခဲ့တာဖြစ်ပြီး ယခုနှစ်ပြပွဲကို “စည်းလုံးညီညွတ်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပနေတာဖြစ်ပါတယ်။
#Ymg_mnn #Yangon_Media_Group
၁၉ ဇူလိုင် ၂၀၂၄
တရုတ်နိုင်ငံနှင့်လာအိုနိုင်ငံတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်၁၆ ရက်အင်္ဂါနေ့က ပူးတွဲ စစ်ရေး လေ့ကျင့်ခဲ့ကြပါတယ်။ လာအိုပြည်သူ့တပ်မတော် ကွမ်မက်ဒမ်စစ်တက္ကသိုလ်ရဲ့လေ့ကျင့်ရေး ကွင်းထဲမှာ နှစ်နိုင်ငံ တပ်တွေဟာ ဂြိုဟ်တုဓါတ်ပုံတွေနှင့် အခြား အထောက်အကူပြုပစ္စည်းတွေကို အသုံးပြုပြီး အလုံးစုံအစီအစဉ်ရေးဆွဲခြင်း၊တပ်များနေရာယူခြင်းနှင့် စစ်ဆင်ရေးတွေကို လေ့ကျင့်ခဲ့ကြတယ်လို့ သိရပါတယ်။
Source CCTV+
၁၄ ဇူလိုင် ၂၀၂၄
နိုင်ငံပေါင်း ၂၆နိုင်ငံပါဝင်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCOနိုင်ငံတွေရဲ့ မီဒီယာကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင်လ (၂)ရက်နေ့က ရှန်ဟိုင်းမြို့က Hozon New Energy Auto ကုမ္ပဏီကိုသွားရောက်လေ့လာခဲ့ကြပါတယ်။
အဆိုပါမီဒီယာကိုယ်စားလှယ်အဖွဲ့မှာ မြန်မာနိုင်ငံမှ YMG လည်းပါဝင်ပါတယ်။
Hozon New Energy Auto ဆိုတာ NETA အမှတ်တံဆိပ်လျှပ်စစ်ကားတွေထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။
NETA လျှပ်စစ်ကားတွေဟာ မြန်မာနိုင်ငံမှာလည်း ရောင်းချနေပါတယ်။
NETA ကားပြခန်းမှာ သူတို့ထုတ်ထားခဲ့တဲ့ လျှပ်စစ်ကား မော်ဒယ်လ် ၅ မျိုးစလုံးကိုခင်းကျင်းပြသထားပါတယ်။
မီဒီယာအဖွဲ့တွေ စိတ်ဝင်တစားလေ့လာခဲ့ကြပြီး မေးခွန်းတွေလည်း မေးမြန်းခဲ့ကြပါတယ်။
၁၄ ဇူလိုင် ၂၀၂၄
တရုတ်နှင့်ရုရှားရေတပ်များရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု Joint Sea-2024 ကို ဇူလိုင် ၁၂ရက်က ကွမ်တုန်းပြည်နယ်တောင်ပိုင်း ကျန့် ကျောင်မြို့ ရေတပ်စခန်းတွင် ကျင်းပခဲ့ပါတယ်။
Source CCTV+
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း SCO ၏ နယ်စပ်ကာကွယ်ရေးခေါင်းဆောင်များအစည်းအဝေးကျင်းပ
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း(SCO) အဖွဲ့ဝင်နိုင်ငံများရဲ့ နယ်ခြားကာကွယ်ရေး ခေါင်းဆောင်များ ၁၀ ကြိမ်မြောက်အစည်းအဝေးကို ဗုဒ္ဓဟူးနေ့က ရှန်ဟိုင်းမှာကျင်းပခဲ့ပါတယ်။
#Asia_News
Published 13 July 2024
#SCO #နယ်စပ်ကာကွယ်ရေးခေါင်းဆောင်
#YMG #Yangon_Times #Yangon_Media_Group
ဖိလစ်ပိုင်စစ်သင်္ဘောပျက်ကြီးကြောင့် တရုတ်ပြည်ရှိ 'ရန်နေကျောင်း'သန္တာကျောက်တန်း၏ ဂေဟစနစ်ပျက်သုဉ်းလာ
'ရန်နေကျောင်း'ကျောက်တန်း ဂေဟစနစ်စစ်တမ်း လေ့လာချက်နဲ့ ပတ်သက်ပြီး ပထမဆုံးမှတ်တမ်းတစ်ခုကို တောင်တရုတ်ပင်လယ်ဆိုင်ရာ CMG မီဒီယာက တနင်္လာနေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။
#World_Ecology
Published 12 July 2024
#ဖိလစ်ပိုင်စစ်သင်္ဘောပျက်ကြီး #'ရန်နေကျောင်း'ကျောက်တန်း
#YMG #Yangon_Times #Yangon_Media_Group
Page 8 of 40